အပိုင်း ၂ / အပိုင္း ၂

Start from the beginning
                                    

နဖူးပတ်ပေါ်က ဆံပင်စတွေကိုသိမ်းလိုက်ပြီး လက်နောက်ပစ်ကာ ဆိုင်ရှေ့သို့ မြောက်ကြွ,မြောက်ကြွဖြင့် သွားရပ်လိုက်သည်။

"ဒီမှာ ဒီမှာ ခင်ဗျား ပေါက်စီကို ဘယ်လိုအော်ရောင်းတာ ပြန်အော်ကြည့်စမ်းပါဦး"

ဆိုင်ရှင်က နှာခေါင်းတစ်ချက်ရှုံ့ကာ ဟန်ပါပါဖြင့် နောက်တစ်ကြိမ်ထပ်အော်သည်။

"အဟမ်း...ပေါက်စီတွေ ရမယ်နော်။လာထား..တစ်ခါစားရုံနဲ့တစ်သက်လုံး ဆွေမျိုးမေ့သွားမယ်နော်...."

"တော်...တော် အဲ့ဒီမှာရပ်.."

ဂျောင်ကုက သူလိုချင်သော နေရာသို့ရောက်သောအခါ လက်တစ်ဖက်ကို ကာပြပြီး ရပ်ခိုင်းသည်။ထို့နောက် အငွေ့တထောင်းထောင်း ထနေသည့် အကြီးဆုံးဟု ထင်ရသော ပေါက်စီနှစ်လုံးကို ဦးဦးဖျားဖျားယူလိုက်သည်။

"ခင်ဗျား..ပြောတယ်မဟုတ်လား။တစ်ခါစားရုံနဲ့ တစ်သက်လုံး ဆွေမျိုးမေ့မယ် ဆိုတာ။တကယ်လို့ ကျုပ်စားကြည့်လို့ ကျုပ်အမျိုးတွေကို မမေ့ရင် ခင်ဗျားကို လိမ်လည်မှုနဲ့ တရားရုံးကိုပို့ပစ်မယ်"

သူ့စကားအဆုံး ဆိုင်ရှင်က ပြူးပြူးပြာပြာနှင့် သူ့လက်ထဲကပေါက်စီနှစ်လုံးကို အတင်းပြန်လုပြီး'အရူးလား' ဟူသည့်မျက်နှာပေးဖြင့်ကြည့်သည်။

"ဒါမျိုးက ဒီလိုပဲ ကိုယ့်ပစ္စည်းကို အမွှန်းတင်ပြီးရောင်းရတာပဲလေ။မင်းရူးနေတာလား"

"ရူးနေတာက မတန်တဆရောင်းတဲ့ ခင်ဗျားပဲ ဖြစ်မှာ။ဒီမှာကြည့်.."

အကျီလက်ထဲက တစ်စုံတစ်ခုကို ထုတ်ပြလိုက်သောအခါ ဆိုင်ရှင်သည် ပြူးပြူးပြာပြာဖြင့် ရှိသမျှ ေပါက်စီတွေကို အကုန်ပေးဖို့ပြင်သည်။ပါးစပ်ကလည်း တတွတ်တွတ်ဖြင့် ဆိုသည်။

"ခွင့်လွှတ်ပေးပါ လူကြီးမင်း၊နောက်တစ်ခါ ​စျေးတင်မရောင်းတော့ပါဘူး...ခွင့်လွှတ်ပေးပါ"

ဆိုင်ရှင်မြင်လိုက်သော ပစ္စည်းသည် နန်းတွင်းထဲက အရာရှိလူကြီးမင်း တစ်ဦးဦးကိုင်ဆောင်သော တံဆိပ်ပြားဖြစ်လိမ့်မည်။ခေါင်းနဲ့ကိုယ် အိုးစားမကွဲခင် အမိုက်အမဲကို ဗွေမယူဖို့ မြန်မြန် တောင်းပန်ပြီး လာဘ်ထိုးဖို့ကြိုးစားရသည်။

မင်းသားလေးရဲ့ ဖူးစာရှင်  || JINKOOK ✓Where stories live. Discover now