အခန်းထဲ​ရောက်​​တော့ အမှတ်စာရင်းထိပ်မှာ​ရေးထားတဲ့အ​ဖြေစာရွက်​တွေကို လိုက်​ေ၀​နေလိုက်တယ်။လူမရှိ​တော့လည်း ခုံ​ပေါ်မှာချပေးခဲ့ရတာ​ပေါ့။

"ဟင်...အဟက် ​​တွေ့ပြီ​ပေါ့ လူဆိုး​ကောင်ရယ်"

လူဆိုး​ကောင်ရဲ့အမှတ်စာရင်းစာရွက်ကို ကိုယ့်စာအုပ်ကြားထဲ
ခနညှပ်ခဲ့ပြီး အကုန်ပြီး​အောင်လိုက်​ေ၀လိုက်တယ်။ အတန်းထဲ လူစုံသ​လောက်လည်း ဖြစ်​နေမှ ...

"အဟမ်း..အဟမ်း ​"

​ချောင်းလေးနှစ်ချက်​လောက်ကျယ်ကျယ် ဟန့်လိုက်​တော့ တစ်တန်းလုံးရဲ့ အာရုံက ကိုယ့်ဆီ​ရောက်လာရသည်။ ဟိုက်ခွမ်းက စာ​​လေးကလည်း​တော် ​ချောလည်း​ချောဆို​​တော့ တစ်တန်းလုံးက ခင်ခင်မင်မင်ရှိကြတယ်​လေ။ ဆိုင်ဆိုင်မဆိုင်ဆိုင်ဗျာ ...ဟိုက်ခွမ်းဆိုတဲ့ကျွန်​တော်က ဟို​ကောင့်ထက်စာ​တော်တယ် ဒါဘဲ။

"​ရှောင်းကျန့် ...သမိုင်း ကျတယ် အမှတ်က ၁၅မှတ် အင့်....
အ​ဖြေစာရွက်"

"ဟာ...​ဟေ့​ကောင် သွားကျိုး!! "

​ပြော​ပြောဆိုဆိုနဲ့ အ​ဖြေစာရွက်ကို ​ အ​နောက်တန်းမှာထိုင်​နေတဲ့ ​လူဆိုး​ကောင်ရဲ့မျက်နှာကို​ပေါက်​ပေးထည့်လိုက်တယ်။ အဟက်...ဟို​ကောင်​ ​ဒေါခွီ​နေတာသိသာချက် ...ညို​နေတဲ့ အသားအရည်မှာ​တောင် နီတီတီဖြစ်​နေပြီ။

အတန်းထဲက ​ကျောင်းသားအကုန်လုံးကလည်းပြုံးစိစိ​တွေနဲ့ ​ရှောင်းကျန့်နဲ့ဟိုက်ခွမ်းဆိုတာ သူတို့ ၄တန်းမှာ ​ကြောင်နဲ့ကြွက်ဆိုပြီး နာမည်ကြီး​လေ။ ဟိုက်ခွမ်းရန်ဖြစ်ပြီ​ဟေ့ဆိုတာနဲ့ ​ပြေးမကြည့်နဲ့​ရှောင်းကျန့်ဘဲ ...​ရှောင်းကျန့်ရန်ဖြစ်ပြီ​ဟေ့ဆိုရင်လည်းဟိုက်ခွမ်းနဲ့ဘဲ ။

"ဘာလဲ...လူဆိုး​ကောင် သမိုင်းကျရဲ့"

ခွပ်...

​ရှေ့က​နေ ပြုံးပြုံးနဲ့ကြည့်ပြီး ​ပြော​နေတဲ့​ကောင်ကို ခုံက​နေထပြီး တစ်ချက်​ပြေးထိုးထည့်လိုက်တယ်။ ​ဘေးကစာသင်ခုံ​ပေါ် ပစ်ကျသွားတဲ့ ​ခွေး​ကောင်​ဟိုက်ခွမ်း...အဟက် ...ဒီ​နေ့ မင်းကိုမှ မထိုးရရင် ငါ​ရှောင်းကျန့်မဟုတ်​​တော့ဘူးကွ။

What The Hell !! Where stories live. Discover now