"လာခဲ့စမ်း​ရှေ့ကို...ရိုက်​ပေးမှ ​နောက်အဲ့လိုမလုပ်ရဲမှာ"

ဟိုက်ခွမ်း တုန်တုန်ရီရီနဲ့ဘဲ ဆရာမ​ရှေ့ လက်ပိုက်ရက်​လေးကို ​ခေါင်းငုံ့ပြီး သွား​နေရသည်။ ငြင်းလည်း မထူး​တော့ဘူး​​လေ..ဆရာမနဲ့ ပြိုင်ငြင်း​နေလို့မှ မ​ကောင်းတာ​လေ။

"အတန်းဘက်လှည့်..​​​ဘောင်းဘီကိုမထား ၃ချက်ရိုက်မယ်"

"ဟုတ်"

ဆရာမဆန်းယုရဲ့ တစ်ချက် တစ်ချက်က အသား​တွေ​တောင်လန်ပြီထင်ရ​အောင်အီစိမ့်​နေတာများ ​​​​ဘောင်းဘီစကိုစုပ်ထားတဲ့လက်​တွေကို ပိုတင်းတင်းလာ​စေတာဘဲ။ သုံးချက်လုံးရိုက်ခံပြီးတဲ့ အချိန်မှာ တစ်ဦးတည်း​သောသား​လေး...စာဘဲကြိုးစားတဲ့ ​အေး​အေး​​လေးနေတတ်တဲ့ သူ​ဌေးသား​​လေး ဟိုက်ခွမ်းက ပစ်​တောင် လဲချင်​နေပြီ။ အာ... အိုမားဗိုက်က​လေးထဲက ညီ​လေးလား ၊ ညီမ​လေးလား​ရောက်လာရင်​တော့ တစ်ဦးတည်း​သောသား​လေး မဟုတ်​တော့ဘူး​ပေါ့​။

"သွား...​နောက်တစ်ခါမဖြစ်​​စေနဲ့ "

"ဟုတ်ကဲ့ ဆရာမ"

နောက်ဆုံးအချက်လည်းရိုက်ပြီး​ရော ဆရာမကသွားလို့ရပြီဆိုလို့ ​ခေါင်းငုံ့ထားတဲ့ ဟိုက်ခွမ်း​ခေါင်းအ​မော့မှာ နှုတ်ခမ်းတစ်ဖက်မဲ့ပြီး ပြုံးကြည့်​နေတဲ့ လူဆိုး​ကောင်ကို​တွေ့လိုက်ရာမှာ ရိုက်တဲ့​နေရာ​တွေက​တောင် ပိုနာလာသလိုဘဲ။ ကျစ်....ဒီ​ကောင် ​ရှောင်းကျန့် လက်ချက်ဘဲ ...​တွေ့ကြ​သေးတာ​ပေါ့ကွာ ။ အလှည့်ကျရင် မနွဲ့စတမ်း​ပေါ့ ​ရှောင်းကျန့်လူဆိုး​ကောင်ရယ်။

                    ~~~~~~~~~~

"ဟာ.... ဟိုက်ခွမ်း !"

"​ဘာတုန်းကွ ကုထျန်ရဲ့ အလန့်တကြား "

"ငါ့ဟိုဘက် ဆရာချန်းက ​ခေါ်ထား​သေးတာ အဲ့တာ အမှတ်စာရင်း​တွေ​​ေ၀​ပေးစမ်းပါကွာ သူငယ်ချင်းရာ"

"​​အော်..​အေး ​အေးရတယ် သွား ..သွား"

စာရွက်အထပ်လိုက်ကြီး​ပေးပြီး သုတ်သုတ်နဲ့ပြေးသွားတဲ့ အတန်း​ခေါင်း​ဆောင် တဖြစ် ကုထျန် ..သနားပါတယ် အလှုပ်​တွေရှုပ်​နေတာသူ့မှာ။ သမိုင်းဘဲ...ဟွန်း အမှတ်​တွေက​တော့ မြင်​ယောင်​နေပြီကိုယ်​တောင် သမိုင်းသိပ်မရတာ​လေ။

What The Hell !! Where stories live. Discover now