𝙲𝚑𝚊𝚙𝚝𝚎𝚛 - 𝙵𝚒𝚟𝚎

Start from the beginning
                                    

“ကြောင်သေးသေးလေးတွေ မွေးထားသေးတာလား”

“အင်း ကိုယ့်ညီရဲ့ကလေးတွေလေ၊သူတို့အမေက စားမှာစိုးလို့ ခွဲထားရလို့ ”

“ခေသူမဟုတ်လား”

ကိုယ်ကခေါင်းညိတ်ပြလိုက်တော့ တိတိလေးက သူသိသွားပြီဆိုတဲ့သဘောနဲ့ ခပ်ဖွဖွလေးခေါင်းကို နှစ်ချက်ဆင့်ညိတ်ရင်း ရေးရေးလေးပြုံးပြတယ်။
အား....ဒီလူသတ်သမားလေးနဲ့အတူတူရှိရတာလည်း အန္တရာယ်ဇုန်ပါလားနော်။

“ဟို..တိတိကရော ဘာလာဝယ်တာလဲ”

အား...လော်ယွင်ရှီး မင်းကြောင်ပြန်ပြီတခါ။pet storeလာပါတဲ့ဆိုမှ ဘာဝယ်ရမှာလဲ။
မသိမသာလေးတိတိလေးရဲ့အကြည့်ကို စူးစမ်းရတာတော့ ကိုယ့်ကိုငကြောင်လို့ ထင်သွားတဲ့အရိပ်အယောင်မတွေ့ရဘူး။ဘာလို့ဆို
သူ့အကြည့်က ပကတိအပြစ်ကင်းစင်နေလို့လေ။

“ကြောင်စာ။အိမ်ရှေ့မှာအစာလာလာတောင်းနေတဲ့ကြောင်ကလေးဖို့”

ဒီတခါတော့ ကိုယ့်အလှည့်ပါပဲ။ကြောင်ချစ်ပေမဲ့ မမွေးဖူးတဲ့တိတိက ကိုယ့်ကိုဘယ်အမျိူးအစားဝယ်ရမလဲမေးတာမို့ တစ်ခုချင်းစီသေချာရှင်းပြရင်း ချောချောချူချူအဆင်ပြေသွားတယ်။
ကိုယ်တို့ ပစ္စည်းတွေရွေးပြီးတယ်ဆို ငွေရှင်းဖို့ကောင်တာဆီ လာလိုက်ကြတယ်။ကိုယ်ကအရင်ရှင်းရပေမဲ့ မထွက်သေးဘဲ သူ့ကိုစောင့်နေလိုက်တယ်။သူလည်းသိပုံရလို့နေမယ်။ငွေရှင်းပြီးတာနဲ့ ကိုယ့်ဆီသွက်သွက်လေးလျှောက်လာတယ်။
ကိုယ့်ရင်ထဲကိုရော ခုလိုသွက်သွက်လေးလျှောက်မလာချင်ဘူးလားကွာ။

“အဲ့ကောင်လေးရဲ့ကြောင်လေးရော အိမ်အပြင်ကို လမ်းလျှောက်ထွက်ဖို့အော်သေးလား....”

အား...ကလေးက ကိုယ်နဲ့ပတ်သက်ရင် သေသေချာချာမှတ်ထားတာပဲ။ချစ်စရာလေး။

“မထွက်တော့ဘူး...ငြိမ်ချက်သားကောင်းနေလေရဲ့။ဒါနဲ့လေ....အဲ့ကောင်လေးလို့ မခေါ်လို့ရမလား..”

အရဲကိုးပြီးမေးလိုက်တော့ တိတိလေးက ကို္်ယ့်ကိုစောင်းငဲ့ကြည့်လာတယ်။

“ဟို...အသက်ဘယ်လောက်လဲမသိဘူး”

“ကိုယ်က ၂၀”

𝚁𝚎𝚌𝚒𝚙𝚎 𝚏𝚘𝚛 𝙻𝚘𝚟𝚎 𝙸𝚗𝚐𝚛𝚎𝚍𝚒𝚎𝚗𝚝𝚜 :Where stories live. Discover now