𝙲𝚑𝚊𝚙𝚝𝚎𝚛 - 𝙵𝚒𝚟𝚎

Start from the beginning
                                    

“မေမေဒါတွေက..”

“တိုးတိုးပြော  မင်းတူတွေ”

“ဗျာ!”

“ဟဲ့ တိုးတိုးပြောဆို”

မေမေကမျက်စောင်းထိုးရင်း ဒုတိယအကြိမ်ထပ်ပြောတယ်။

“ဒီကောင်ဘယ်တုန်းကမွေးသွားတာလဲ ဗိုက်ကြီးတာလဲမမြင်လိုက်ဘူး”

“ပေါတောတောတွေပြောပြန်ပြီ။သူကတော့မွေးမလား ”

“အဲ့တာဆိုသူတို့အမေကဘယ်အိမ်ကလဲ”

“ဘေးတစ်ခြံကျော်က”

“ဘာလို့အတူတူမထားတာလဲ”

“သူ့အမေက ကလေးတွေကို ပြန်စားဖို့လုပ်နေလို့ ခွဲထားရတာ။အဲ့တာမို့ နိူ့မှုန့်သွားဝယ်ခိုင်းတာပေါ့”

အရင်ဆုံးကတ်ထူပုံးဘေးမှာ ထိုင်လိုက်ပြီး ပုံးထဲကလှုပ်စိကောင်လေးတေွကို အရင်ကြည့်လိုက်တယ်။မျက်လုံးတွေ မပွင့်သေးလို့ အရောင်ဘယ်လိုလာမလဲမသိပေမဲ့ ရွှေဝါရောင်အမွှေးရေးရေးလေးတွေကတော့ အဖေတူတာပဲ။ဟိုကောင်ကို အိမ်ခေါ်လာတုန်းကတောင်၂လသားရှိပြီမို့ ဒီလောက်သေးတဲ့ကြောင်ပေါက်စလေးတွေကို ကိုယ်အပြင်မှာတခါမျှမမြင်ဖူးသေး။မထိတထိလေးလက်ညှိုးနဲ့တို့ကြည့်လိုက်တော့ အိကျိအိကျိနဲ့အသည်းယားဖို့ကောင်းသလိုရှိပေမဲ့ ချစ်ဖို့လည်းကောင်းနေပြန်ရော။ဝါးစားပစ်ချင်စရာလေးတွေ။

“သွား..မြန်မြန်သွားဝယ်..ကလေးတွေနိူးလာတော့မယ်”

-
-
-
-
“ဩော်..အဲ့ကောင်လေး....။
ကြောင်စာလာဝယ်တာလား..”

“လော်ယွင်ရှီးပါဆို...။ကြောင်စာတော့မဟုတ်ဘူး  နို့မှုန့်”

လက်ထဲကကိုင်ထားတဲ့ နို့မှုန့်အိတ်ကို မြှောက်ရင်း လှုပ်ယမ်းပြလိုက်တော့ တိတိလေးက အံဩသလိုမျိူးမျက်လုံးလေးတွေဝိုင်းသွားပြီး ယုန်သွားသေးသေးလေးတွေပေါ်လာတဲ့အထိ ပြုံးသွားတယ်။
မီးခိုးရောင်အသားအေးအေးတီရှပ်လေးရယ် ချည်သားpantsအနက်ရောင်ရယ်တွဲဖက်ဝတ်ဆင်ထားတဲ့ တိတိလေးက နုနယ်ပျိူမျစ်တောက်ပနေလိုက်တာ အရင်နေ့ကဆွဲဆောင်မှုရှိလွန်းနေတာ သူမဟုတ်ခဲ့တဲ့အတိုင်း ခုတော့တကယ့်ပီဘိကလေးလေးနှယ်။ကို္်ယ့်ရည်းစားလေးသာဖြစ်ကြည့်..တနေ့အခါတစ်ရာမြင်နေရတောင် ရိုးမှာမဟုတ်ဘူး..အတည်။

𝚁𝚎𝚌𝚒𝚙𝚎 𝚏𝚘𝚛 𝙻𝚘𝚟𝚎 𝙸𝚗𝚐𝚛𝚎𝚍𝚒𝚎𝚗𝚝𝚜 :Where stories live. Discover now