"​​တော်ပါပြီဗျာ... ဘုရား​တော့ နားညီး​တော့မှာဘဲ "

"ဟင်..."

"ဆု​​​တောင်းက ထုတ်​ပြောရင်မပြည့်ဘူးတဲ့ ..အခု​​​တော့ ပြည့်ပါအုံးမလားဟင်"

"အဲ့ဆို သွားပြီ...သွားပြီ ကိုကိုဘဲ​မေးပြီး​​တော့ ဘယ်လိုလုပ်မလဲ
အဲ့ဒါ​​ကြောင့် ကိုကြီးက ဆု​တောင်းကို​မ​မေ​းတာ​နေမှာ ...သိပြီဖ​ယောင်းတိုင်ပြန်ထွန်း ပြန်ထွန်း ပြန်ဆု​တောင်းလိုက်မယ် ဒီတစ်ခါ​​တော့ကိုကို့ကို လုံး၀မ​ပြောပြဘူး"

မျက်စံ​လေး​တွေ ​တောင်​ရွှေ့ ​မြောက်​ရွှေ့နဲ့ ကိုယ်​ပြောတာကို အတည်မှတ်ပြီး ပြန်ဆု​​တောင်းမလို့တဲ့...ဒါဟာ အသက်၂၀အရွယ်​ကောင်က​လေးပါ​​နော်။ သူ့ကိုကြီးဆိုသူကလည်း ဘယ်​လောက်​တောင်ဥထားတယ်မသိ က​လေးက လုံး၀ ၄နှစ်သား​လေးအတိုင်းကို အ​တွေး​တွေကအစ က​လေးဆန်ဆန်​လေးနဲ့ရယ်။

ကိုယ့်လက်ထဲက လက်နံကားကား ဖြူဖြူနုနု​လေးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး မျက်လုံးချင်းဆိုင်ကာ ပြန်​ပြောရသည်။

" စတာ... စတာ ကိုယ်က စတာပါကွာ "

"ဟွန့်... စ​တွေ့တုန်းက လူဆိုးကြီးဘဲ ဘာမှ​ပြောင်းလဲဘူး လူကိုဆိုစဖို့ ​နောက်ဖို့ ငိုဖို့ ဘဲ "

" လူဆိုးကြီးက ဘယ်​လောက်​တောင် ​ပြောင်းလဲ​ပေးထားလည်း
ပူတူး အသိဆုံးပါ"

"ဟုတ်ပါရဲ့... လူဆိုးကြီးက ဒီလို Ro တတ်၊ နူးညံ့တတ်လာ​​မယ်​တောင် မထင်ထားဘူး "

ဟုတ်တယ်...၀မ်ရိ​ပေါ်နဲ့ဒီလိုအရမ်းနူးနူးညံ့ညံ့ ချစ်ပြ​နေတဲ့ ​ရှောင်းကျန့်က ချစ်သူမဖြစ်ခင်က အရမ်းဆိုးခဲ့သည်။ စီးပွားရေးမှာလည်း ထက်မြက်သလို သုံးဖက်လှမျက်နှာနှင့် ​ယောကျာ်းဆန်ဆန် ​မေးရိုး ၊ စူးရှတဲ့မျက်၀န်းညို၊ နီ​စွေး​စွေးနှုတ်ခမ်းပါး​၊
၆​ပေ​ကျော်အရပ်နှင့် Playboy တစ်​ယောက်ဖြစ်ခဲ့​လေသည်။
နှုတ်ခမ်းပါး​အောက်မှဲ့နက်​လေးက တစ်ရက် တစ်​ယောက်တွဲဖို့လုံ​လောက်​စေတယ့် အမှတ်အသား​လေး ။ ၀မ်ရိ​ပေါ်ကို​တောင် ဘယ်လိုလိုက်ခဲ့တယ်ဆိုတာ သိရင်လန့်သွားနိုင်ဖွယ်ရှိလိမ့်မယ်။
ဒါ​တွေ​တော့ ...​နောက်များမှ သိလာပါလိမ့်မယ်။

What The Hell !! Where stories live. Discover now