𝙲𝚑𝚊𝚙𝚝𝚎𝚛 - 𝙴𝚒𝚐𝚑𝚝

Începe de la început
                                    

''I see you driving your car
Down to school"

ပေါက်စီတို့ရဲ့ ပါဝါရိန်းဂျားတွေ၊နာရူတိုတွေစကားဝိုင်းမှာ အဖွဲ့ကျနေတုန်း ဂစ်တာသံကြည်ကြည်လေးနဲ့အတူ ထွက်ပေါ်လာတဲ့ ခပ်ဩဩရှတတအသံလေးကြောင့် ခေါင်းမော့ကြည့်လိုက်တော့ တိတိက စားပွဲဝိုင်းတွေရဲ့ထိပ်ဆုံးနေရာမှာ ဂစ်တာတစ်လက်ကို ရင်ဝယ်ပိုက်ပြီး ခပ်မှန်မှန်လေးတီးခတ်နေတာကို တွေ့ရတယ်။တိတိရဲ့မားက ကြိုးလွတ်မိုက်တစ်ခုကို ကိုင်ပေးထားတာမို့ တိတိရဲ့ပီသကြည်မြနေတဲ့အသံဩဩလေးက ခြံဝန်းတစ်ခုလုံးမှာ ပျံ့လွှင့်နေတယ်။

"If you need a lover
Let me know and let me in
I could treat you better"

အစကဆူညံနေကြတဲ့စားပွဲအသီးသီးကလည်း ခုတော့သီချင်းသံနဲ့အတူ ငြင်ငြင်သာသာစီးမြောနေကြတယ်။ကိုယ့်အသည်းလေးမို့ ကိုယ်ပြောတာမဟုတ်ဘူး။တိတိကလေ တကယ့်ကိုall perfectပါပဲ။တဖြည်းဖြည်းနဲ့ သူများတွေလုမှာတောင် စိုးရိမ်လာရတဲ့အထိကို ပြည့်စုံကုံလုံလွန်းနေတယ်။ဘယ်လိုလုပ်ရမလဲ...ကိုယ့်ရည်းစားလေးသာဖြစ်ရင် ညှပ်ရိုးထဲမှာသိမ်းဖွက်ထားရမလား။

ကိုယ်တိတိဋီကာဖွဲ့နေတဲ့အချိန်မှာပဲ သီချင်းကပြီးဆုံးသွားပြီး လက်ခုပ်သံတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတယ်။ကိုယ်လည်းသတိဝင်လာပြီး အကျယ်ဆုံးလက်ခုပ်သံဖြစ်အောင် လက်ဖဝါးတွေကျိန်းစပ်လာတဲ့အထိ အားရပါးရတီးလိုက်တယ်။

"ယွင်ရှီး...ပြန်တော့မှာလား..ကျွန်တော်ခြံဝထိလိုက်ပို့မယ်လေ.."

ပေါက်စီက သူဝယ်ထားတဲ့skinအသစ်တွေကို ကြွားနေလို့ ကြည့်နေတုန်းမှာပဲ တိတိအသံထွက်လာလို့ မော့ကြည့်လိုက်တော့ တိတိရဲ့အကြည့်တွေထဲမှာ အကူအညီတစ်ခုခုတောင်းနေသလိုခံစားလိုက်ရတယ်။ပြီးတော့ကိုယ်ထိုင်နေတာမြင်ရဲ့သားနဲ့ မဆီမဆိုင်ခုလိုပြောလာစရာအကြောင်းမှ မရှိတာ။မသင်္ကာတာမို့ တိတိနောက်ကိုဖြတ်ခနဲကြည့်လိုက်တော့ ၁၆,၁၇အရွယ် ကလေးမတစ်ယောက်က ကိုယ့်ဆီကိုအကြည့်စူးစူးတွေ ပြန်လွှတ်တယ်။စိတ်ထဲကနေဘုရားတလိုက်ရင်း ထိုင်ခုံပေါ်က ထလိုက်တယ်။

"အင်း..ဟုတ်တယ်"

"ဒါဆိုသွားကြမယ်လေ.."

တိတိကပြောလည်းပြော ကိုယ့်လက်ကို ဖြတ်ခနဲဆွဲကိုင်ပြီး ခြံဝကိုမပြေးရုံတမယ်ဦးတည်တယ်။ကိုယ်လည်း အနောက်ကခပ်သုတ်သုတ်လိုက်သွားလိုက်တယ်။ခြံဝကိုရောက်တာနဲ့ တိတိက အနောက်ကိုတစ်ချက်လှည့်ကြည့်ပြီး လှစ်ခနဲပြုံးရင်း ကိုယ့်ကိုကြည့်လာတယ်။ပြီးတယ်ဆို ကိုယ့်လက်ကောက်ဝတ်က တင်းခနဲဖြစ်သွားပြီး လေတွေကအရှိန်ပြင်းပြင်းနဲ့ကိုယ့်မျက်နှာကို ဖြတ်သန်းတိုက်ခတ်သွားတယ်။မဟုတ်ဘူး...ကိုယ်ကလေတွေကို ဖြိုခွင်းသွားနေတာ။ဟုတ်တယ်...ကိုယ်ပြေးနေတာ..။ပြီးတော့ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။တိတိနဲ့...တိတိကကိုယ့်လက်ကို ဆုပ်ကိုင်ပြီး ကိုယ်တို့ပြေးနေကြတာ။
-
-
-
မြက်ခင်းပြင်ပေါ်မှာ လှဲလျောင်းပြီးတာ သုံးမိနစ်လောက်ကြာတဲ့အထိ ကိုယ်တို့ရင်ဘတ်တွေနိမ့်ချည်မြင့်ချည်ဖြစ်နေကြတုန်း။တိတိကကိုယ့်ဘက်ကိုစောင်းငဲ့ကြည့်ပြီး ထရယ်တာမို့ ကိုယ့်လည်းလိုက်ရယ်လိုက်တယ်။ည၈နာရီကျော်ဝန်းကျင်က အရမ်းညမနက်သေးဘူးဆိုပေမဲ့ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုရဲ့ပန်းခြံသေးသေးလေးထဲမှာတော့ ကိုယ်တို့ရယ်သံတွေရယ်၊အသက်ရှူသံခပ်ပြင်းပြင်းတွေရယ်ကလွဲရင် အရာရာဟာ တိတ်ဆိတ်နေတယ်။

𝚁𝚎𝚌𝚒𝚙𝚎 𝚏𝚘𝚛 𝙻𝚘𝚟𝚎 𝙸𝚗𝚐𝚛𝚎𝚍𝚒𝚎𝚗𝚝𝚜 :Unde poveștirile trăiesc. Descoperă acum