𝙲𝚑𝚊𝚙𝚝𝚎𝚛 - 𝙴𝚒𝚐𝚑𝚝

Start from the beginning
                                    

"အဆင်ပြေလား"

နား,နားကိုလေပူလေးဖြတ်သန်းသွားတာမို့ လူကဆတ်ခနဲတုန်သွားပြီး လှည့်ကြည့်လိုက်တော့ တိတိကလည်း မျက်လုံးလေးဝင့်ပြီး သူ့မျက်နှာကိုနောက်ကိုဆုတ်သွားတယ်။တိတိကမြန်လို့ပေါ့...မဟုတ်ရင်ကိုယ်တို့နှစ်ယောက်နမ်းမိတော့မှာ အဟား။

"ပြေပါတယ်.."

"ကျွန်တော်မအားလို့ ဧည့်မခံနိုင်တာ sorryနော်.."

"ရတယ်၊ရတယ် လုပ်စရာရှိတာကို စိတ်အေးအေးနဲ့လုပ်.."

ကိုယ်ကသူအားနာနေမှာစိုးလို့ သက်သောင့်သက်သာပုံနဲ့ ပြောလိုက်တော့ ကိုယ့်ကိုတစ်ချက်ပြုံးပြပြီး တခြားဝိုင်းတွေဘက် ထွက်သွားတယ်။နက်ပြာရောင် pantsထဲကို ရှပ်လက်ရှည်ကို ထည့်ဝတ်ထားပြီး တံတောင်ဆစ်မရောက်တရောက်အထိ အင်္ကျီလက်ကိုခေါက်တင်ထားတဲ့တိတိက ဒီညမှာလည်း တစ်မျိုးတစ်ဘာသာဆန်းကြယ်တောက်ပနေပြန်တယ်။

ခဏကြာတော့ လူကြီးဝိုင်းတွေဘက်သွားရင်း သူ့မိဘတွေက ဧည့်သည်တွေနဲ့မိတ်ဆက်ပေးနေတော့လည်း ခေါင်းတညိတ်ညိတ်နဲ့ ယဥ်ယဥ်ကျေးကျေးလေး တုံ့ပြန်နေပြန်တယ်။

ပြီးတယ်ဆို လူကြီးတစ်ယောက်က ဘာပြောလိုက်သလဲမသိ၊ တိတိကရှက်သွားသလိုမျိုး မျက်ခုံးကိုလက်ညှိုးလေးနဲ့ ဖွဖွလေးကုတ်ရင်း ခေါင်းယမ်းနေတာ တွေ့ရတယ်။တိတိမေမေက တိတိရဲ့ပုခုံးကို လက်နဲ့ပုတ်ရင်း တစ်ခုခုပြောလိုက်တော့ တိတိကခေါင်းညိတ်ပြီး အိမ်ထဲကိုဝင်သွားတယ်။ဘာကိစ္စရှိလို့ပါလိမ့်...

"ကိုကြီး...သားသူငယ်ချင်းက ပိတ်ရက်ဂိမ်းတူတူဆော့ကြမလားတဲ့.."

တိတိကိုလိုက်ကြည့်နေတုန်းမှာပဲ ဘေးကပေါက်စီက သူ့ဘေးကကောင်လေးကို မေးငေါ့ရင်း ပြောလာတယ်။

"နောက်တစ်ပတ် ကိုကြီးအားမအားမသိသေးဘူးကွ၊ အားရင်ဆော့ပေးမယ်လေ..."

"မင်းတို့ဘက်က ကြိုက်တဲ့လူခေါ်လာခဲ့နော်။ငါနဲ့ကိုကြီးကတော့ တစ်ဖွဲ့နေမယ်...ကျေနပ်တယ်မလား.."

အမ်မယ်...မောင်မင်းကြီးသားက ကိုယ့်အားကိုးနဲ့ စွာတေးနေတာ။ရှေ့ရက်ကဂိမ်းတခါအတူဆော့ပြီးကတည်းက ဒီကောင်ကိုယ့်ကို အထင်တွေစွတ်ကြီးကုန်တော့တာပဲ။ကိုယ်ကလည်း ဒါမျိုးနေရာဆို တော်ရှာတော့ ချိတ်နှစ်ချိတ်လာချိတ်မိတာမလွန်။
ပေါက်စီကိုလည်း သူ့မားကစာမလုပ်ဘဲ အမြဲဆော့နေလို့ဆိုပြီး ဆူတတ်တယ်လေ။ကိုယ်ကလည်း အစ်ကိုကိုတွေ့ချင်လို့သာ သူ့အနားကပ်နေရတာ။ဘာနေနေကလေးကို အကျင့်ဖျက်နေတယ်ထင်သွားရင် မကောင်းဘူး။တခြားလူဆိုရင်တော့ ထင်ထင်မထင်ထင်ကိစ္စမရှိပါဘူး။ခုကကိုယ့်ယောက္ခမလောင်းဆိုတော့။

𝚁𝚎𝚌𝚒𝚙𝚎 𝚏𝚘𝚛 𝙻𝚘𝚟𝚎 𝙸𝚗𝚐𝚛𝚎𝚍𝚒𝚎𝚗𝚝𝚜 :Where stories live. Discover now