အပိုင်း ၁ / အပိုင္း ၁

Start from the beginning
                                    

"ဘာမှမဖြစ်ပါဘူး အရှင့်သား။အရှင့်သား အိပ်လို့မှ ပျော်ရဲ့လားလို့ ခေါ်ကြည့်တာပါ"

"အမယ်..ကိုယ်​ေတာ်က အိပ်ငိုက်သွားရုံလေးပါ၊အထိန်းတော်ကြီး စာဖတ်နေတဲ့အသံက လှည်းဝင်ရိုးကြီးလိုပဲ အိပဲ့,အိပဲ့နဲ့၊ဟိုဗျာ ဘယ်လိုပြောရမလဲဆိုတော့ကာ လေတဖြူးဖြူးတိုက်နေတဲ့ ကွင်းပြင်ကျယ်ကြီးထဲမှာ နွားအိုကြီးနှစ်ကောင် ဆွဲတဲ့လှည်းအိုကြီးလိုပဲ။အဲ့ဒါကြောင့် အိပ်ငိုက်သွားတာ။ကိုယ်တော့်အပြစ်လား အထိန်းတော်ကြီးအပြစ်လား..ကဲ..ပြော"

အမယ်လေး ဘုရား...ဘုရား။လှည်းအိုကြီးတွေရော၊နွားအိုကြီးတွေရော စုံလိုပါလား။အထိန်းတော်ကြီးရှောင်းသည် ဖြူစပြုနေပြီဖြစ်သော မျက်ခုံးမွှေးတစ်ချို့ကို ပြန်စမ်းလိုက်ရင်း တံတွေးနင်ချင်သလိုတောင်ဖြစ်သွားသည်။

မိမိဘာသာ အပျင်းထူပြီး အိပ်ချင်အိပ်တယ်လို့ မပြောဘဲ သူတစ်ပါးကိုအပြစ်ဖို့နေသောမင်းသားလေး၏ ဦးနှောက်သည် ဘယ်သူမှလိုက်မမှီနိုင်သော အဆင့်အတန်းတစ်ခုသို့ရောက်သွားလေပြီ။

"မှန်ပါတယ်။ကျွန်တော်မျိုး အပြစ်ပါ"

"ဒီလိုမှပေါ့ ဟဲဟဲ"

သူ့မေးစေ့ သူပွတ်ကာ ရုတ်တရက်ငြိမ်ကျသွားသော အိမ်ရှေ့စံကို ကြည့်ပြီး အထိန်းတော်ကြီးရှောင်းခမျာ ကြက်သီးတွေ တဖြန်းဖြန်းထသွားသည်။ထိုအမူအရာသည် ကောင်းသော အမူအကျင့်မဟုတ်။မျောက်ရှုံးအောင် မွှေတတ်သော ထိုမင်းသားငယ်လေးသည် တစ်ခုမဟုတ်တစ်ခု မွှေရန်အကြောင်းရှာနေတတ်သောကြောင့်ဖြစ်သည်။

ဥပမာ-အရှင်မင်းကြီး၏ စာကြည့်တိုက်အဆောင် သော့ကိုဖွက်ထားတာမျိုး။မိဖုရားကြီး၏ ဆံထိုးကို တိတ်တဆိတ် ခိုးတာမျိုး။ချွဲရှန့်ကုန်းကို တစ်နေ့လုံး က ခိုင်းတာမျိုး။ဤမျှလောက် အစအနောက်သန်ပြီး လက်ဆော့သော မင်းသားလေးဖြစ်သည်။

ယခုလည်း ငြိမ်နေသော မင်းသားလေးကြောင့် အထိန်းတော်ကြီးခမျာ မတော်တရော်အမှုတွေ ဘာမှမ​ပြုပါစေနဲ့ဟု မိုးနတ်မင်းထံ အကြိမ်ကြိမ်ဆုတောင်းနေရသည်။

မင်းသားလေးရဲ့ ဖူးစာရှင်  || JINKOOK ✓Where stories live. Discover now