P-2

775 28 0
                                    

He's mine.

Part (2)

"ဒေါက်... ဒေါက်... ဒေါက်..."
တံခါးခေါက်သံကြောင့် သူတို့ အခန်းဝကို တစ်ပြိုင်ထဲ ကြည့်လိုက်မိပြီး တစ်ယောက်ကို တစ်ယောက်ပြန် ကြည့်လိုက်မိပါတယ်။ ပြီးတော့ ခေါင်းကို ငြိမ့်ပြလိုက် ကြပါတယ်။ အောင်ကို အခန်းတံခါးကို သွားဖွင့်လိုက်တော့ အခန်းဝမှာ ဒေါ်မြသဇင်ကို တွေ့လိုက်ရပါတယ်။ အောင်ကို အင်ကျီအိတ်ကပ် ထဲက ဘောပင်ကို အသာစွဲထုတ် လိုက်ပြီး လှစ်ခနဲ ပြုံးလိုက်ရင်းက
"ကျွန်တော့်ကိစ္စ ပြီးပါပြီ အန်တီ။ အန်တီ့ဖက်က အသင့်ပဲလား။"
ဒေါ်မြသဇင် ကျေနပ်စွာ ပြုံးလိုက်ပြီး ရှေ့ကနေ လှည့်ထွက်မလို့ လုပ်နေတုန်းမှာပဲ
"ဒီနေ့ပဲ စဖြစ်အောင် စပေးပါ မေမေ။"
အခန်းထဲက ထွက်လာတဲ့ အသံကြောင့် နောက်ကို ပြန်လှည့်ကြည့်ကာ အံ့အားသင့်သွားသလို မျက်လုံးများ ဝိုင်းစက်လို့ သွားပါတော့တယ်။ အောင်ကို လဲ အခန်းပြင်ထွက်ရင်း နောက်ကိုလှည့်ကြည့်လိုက်တော့ ပိန်းပန်းအိုးလေး ကိုင်ထားတဲ့ နေနိုင်သာ့ ကိုတွေ့လိုက်ရပါတယ်။ အောင်ကို ကြည့်နေတုန်းမှာပဲ အခန်းတံခါးလေး ပြန်ပိတ်သွားတာမို့ သူတို့ အခန်းရှေ့က ထွက်လာခဲ့ လိုက်ပါတော့တယ်။
သူတို့ စာချုပ်မှာ လက်မှတ်ထိုး လိုက်ကြပါတယ်။
"ကျွန်တော့်ဖက်က တစ်ခုလောက် တောင်းဆို စရာရှိပါတယ် အန်တီ။"
"အင်းပြောလေ မောင်အောင်ကို။"
"ကျွန်တော် စာသင်နေတဲ့ အချိန်မှာ အခန်းထဲကို ခွင့်မတောင်းပဲ ဝင်မလာဖို့ပါပဲ။ ဒါကျွန်တော့်ဖက်က ထားတဲ့ ကျောင်းသား မိဘနဲ့ ဆရာကြားက စည်းကမ်းပါ။"
"အန်တီ နားလည်ပါတယ်။ စာသင်ချိန်နဲနေတဲ့ အတွက် ဖြစ်နိုင်ရင်တော့ အန်တီက မောင်အောင်ကို အဆင်ပြေတဲ့ ရက်တွေမှာ သားနဲ့ အတူ ဒီမှာ လာအိပ်ပေး စေချင်တယ်။ အဲဒီ့အတွက် အခန်းနဲ့ စားသောက်ဖို့ အားလုံး အန်တီတာဝန်ယူတယ်။"
"ကျွန်တော်လဲ ညပိုင်းပဲ ယူမှာပါ အန်တီ။ အခန်းကတော့ သက်သက် မပြင်ပေးပါနဲ့။ ကျွန်တော် သူ့ အခန်းမှာပဲ အိပ်လိုက်ပါ့မယ်။"
"ကောင်းပြီ။ အဲဒါဆို မင်း ဒီည ဘယ်အချိန်လာမလဲ။"
"ကျွန်တော် အပြင်မှာ ညနေ တစ်ဝိုင်းသင်ပြီးရင် ဒီကို ည (၇) နာရီ အရောက်လာခဲ့ ပါမယ်။"
"ကောင်းပါပြီကွယ်။"
"ကျွန်တော့်ကို ခွင့်ပြုပါဦး ခမျ။"
ဒေါ်မြသဇင် ခေါင်းငြိမ့်လိုက်တာနဲ့ အောင်ကို ထိုင်ရာကနေ ထပြီး အိမ်ထဲကနေ ထွက်လာပါတယ်။ ခြံဝရောက်တော့ အိမ်အပေါ်ဖက်ကို လှမ်းကြည့်လိုက် မိတော့ ဝရံတာမှာ ပိန်းပန်းပင်လေး ကိုင်ကာ ရပ်နေတဲ့ နေနိုင်သူ။ အောင်ကို ခြံထဲကနေ ထွက်လာခဲ့လိုက်ပါတော့တယ်။
.....................
အိမ်ရောက်တော့ အမေ့ မျက်နှာမကောင်းတာမို့
"ဘာဖြစ်လို့လဲ အမေ။ သားကို စိတ်ပူနေတာလား။ သားအဆင်ပြေပါတယ်။ စာသင်ဖို့လဲ လက်ခံလိုက်ပါပြီ။"
"ဟုတ်လား ကောင်းတာပေါ့ သားရယ်။ မေ့သားက အားကိုးရတာ အရမ်းပဲ။ သားထမင်းစားချင် မေ ပြင်ပေးထားမယ်လေ။ ရေချိုးတော့နော်။"
အောင်ကို ပြောလိုက်ပေမယ့် အမေ့မျက်နှာက သိပ်မလန်းတာမို့
"သားမေးတာ ဖြေဦးလေ။ အမေ့ မျက်နှာ မကောင်းတာ ဘာလို့လဲလို့။"
"အော် ဘာမှ မဟုတ်ပါဘူး သားရယ်။ ခုနပဲ နှင်း ဖုန်းဆက်တယ်။ သူ့ အိမ်က ပြသနာလေး တစ်ချို့ ပြောပြတာနဲ့ အမေ ခေါင်းနဲနဲ ခြောက်သွားလို့ပါ။"
"ဘာများလဲလို့ အမေရာ။ သူတို့က သူဌေးတွေပါ။ ဘာပဲ ဖြစ်ဖြစ် ဖြေရှင်း နိုင်ပါတယ်။ အဲ့လောက်ကြားကနေ ပူမနေနဲ့။ အဲ့တာဆို သားရေချိုးတော့ မယ်နော်။"
"အေးအေး။ သွား သွား။ မေ ထမင်းပွဲ ပြင်ပြီး အုပ်ဆောင်းနဲ့ အုပ်ထားလိုက်မယ်နော်။"
"ဟုတ်။"
အောင်ကို ကြမ်းပြင်မှာ မှောက်ကာ စာရေးနေတဲ့ ညီလေး တင်ပါးကို လှမ်းကန်ကာ စလိုက်ပြီး အခန်းထဲ ဝင်လာလိုက်ပါတယ်။ ဖျတ်ခနဲ မျက်လုံးထဲမှာ ပေါ်လာတာ မျက်လုံးဝိုင်းလေးတွေနဲ့ ကောင်လေး တစ်ယောက်။ သက်ပြင်းကို အသာချရင်း ခေါင်းကို ခါလိုက်မိပါတော့တယ်။
..............................
"မာမီ ပြန်မလာသေးဘူးလား အန်တီလေး။"
"ဟုတ်တယ်သား။ နောက်ကျမယ် ထင်တယ်။ သားဘာလိုချင်လို့လဲ။"
အန်တီလေးက ပန်းကန်ပြားကို လှန်လိုက်ကာ ထမင်းထည့်ပေးရင်း မေးလာတာမို့ နေသာ ခေါင်းအသာ ခါလိုက်ရင်း
"မဟုတ်ပါဘူး။ ဘာမှာခဲ့သေးလဲ။"
"ဘာမှမမှာခဲ့ ပါဘူး သားရဲ့။"
ထူးထူးဆန်းဆန်း စကားတွေ ပြောနေတဲ့ နေသာ့ကို ကြည့်ရင်း အန်တီလေး စဉ်းစားနေရာမှ
"အော် သားကို စာသင်မယ့် ဆရာ ဒီည (၇) နာရီ ဒီကိုလာ မယ်လို့ ပြောထားတယ်။"
နေသာ ထမင်းကို ဝါးနေရင်းက ပါးပါးလေး လှစ်ခနဲ ပြုံးသွားပါတယ်။ ပြီးမှ ဘာမှ အရေးမကြီးသလို ခေါင်းကို အသာလေး ငြိမ့်ပြလိုက်တယ်။ ထမင်းစားပြီး အခန်းထဲ ရောက်တော့ တစ်ယောက်ထဲ မတ်တပ်ရပ်ရင်း စဉ်းစားနေမိတယ်။ ဘာလုပ်ရမလဲ ခနနေ သူလာတော့မယ်။ နေသာ စာသင်ဖို့ ဘာတွေ ပြင်ဆင် ရမလဲ။ မလိုပါဘူး သူ့ဘာသာ ပြင်လိမ့်မယ်။ အဲဒါဆို အခန်းပဲ ရှင်းရမလား။ ဒါလဲ မလိုပါဘူး။
တစ်ယောက်ထဲ ဘာလုပ်ရရင်ကောင်းမလဲ တွေးရင်း စဉ်းစားနေမိတယ်။ ပြီးမှ ကိုယ့်ဖာကိုယ် ပြန်တွေးမိရင်း ရှက်သွားသလို နွေးနွေးလေး ခံစား လိုက်ရပါတယ်။ အရင် ဆရာတွေ ဆရာမတွေ တုန်းက တစ်ခါမှ ဒီလိုမဖြစ်ဖူးပေ။ အခုမှ ဘာကြောင့်လဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ်လည်း အတွေးတက်။ အိမ်ရှေ့က ခြံတံခါး ဖွင့်သံကြားတာမို့ နားစွင့်လိုက်တော့ ကားဝင်လာသံမကြားရ။ ဒါဆို ဒါမာမီ မဟုတ်ဘူး သူပဲ ထင်တယ်။ လိုက်ကာလေးကို အသာမ ကြည့်လိုက်တော့ သူပဲ။
နေသာ ရင်တွေ ဒိန်းခနဲ ခုန်သွားရတာ အမှန်ပါပဲ။ ချက်ခြင်း ထပြေးမိတာက မှန်ရှေ့ကို။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သေချာ ပြန်ကြည့်လိုက်မိတယ်။ အိမ်နေရင်း ပုံစံလေးနဲ့ ကြည့်လို့ကောင်းပါတယ်။ ဘောင်းဘီပေါင်တိုလေးရယ်။ ပေါ့့ပေါ့ပါးပါး တီရှပ်ပျော့လေးရယ်သာ ဝတ်ထားပေမယ့် နဂိုထဲက ကြည့်ကောင်း သူမို့ ထင်တယ် ဘာမှ ပြောစရာမရှိ။ အဲဒီ့အချိန်မှာပဲ အခန်းတံခါးခေါက်သံ ကြားတာနဲ့ နေသာ ကုတင်ပေါ် အသာပစ်လှဲကာ အိပ်ချင်ဟန် ဆောင်နေလိုက်ပါတယ်။
နောက်တစ်ကြိမ် ထပ်ခေါက်ပေမယ့် သွားမဖွင့်ပေး တော့ သူဝင်လာပါတယ်။ ပထမဆုံး သူဝင်လာတာ သိလိုက်ရပြီး နေသာ့ကို လာမနှိုးပဲ ဘာတွေ လုပ်နေမှန်း မသိ။ အတော်လေးကြာတဲ့ အထိ နေသာ ငြိမ်နေလိုက်ပြီးမှ မျက်လုံးလေး တစ်ဖက်ကို အသာလေး ဖြေးဖြေးချင်းဖွင့်ကြည့်လိုက် မိပါတယ်။ နေသာ ခေါင်းလှည့်ထားတဲ့ ဖက်မှာ သူရှိမနေတာမို့ မျက်နှာကို မဲ့လိုက်ပြီး ခေါင်းကို အသာလေး ကြွကာ နောက်ကို လှည့်ကြည့်လိုက်တော့ တွေ့ပါပြီ။ နေသာ့ စာကြည့် စားပွဲကို သူသေချာ ရှင်းနေတာ ပြီးတော့ သူ့ကျောပိုးအိတ်ထဲမှာ ပါလာတဲ့ စာအုပ်တစ်ချို့ကိုလည်း နေသာ့ စာကြည့် စားပွဲပေါ် စီရီကာ တင်ထားလိုက်တာ တွေ့ရပါတယ်။
နေသာ အိပ်နေရာကနေ ကုန်းထလိုက်ပါတယ်။ ဆက်အိပ်နေလို့လဲ သူကခေါ်မယ့်ပုံ မပေါ်ဘူးလေ။ နေသာ ထလိုက်ပေမယ့် သူကလှည့်တောင် မကြည့်ပဲ စာကြည့်စားပွဲမှာ ထိုင်ကာ ဘာတွေလုပ်နေမှန်းမသိ။ နေသာ ထိုင်နေရာကနေ အသာထလိုက်ပြီး နောက်ကနေ သူ့နားအသာ ကပ်သွားလိုက်ပြီး နောက်ကနေ လည်ပင်းလေး ဆန့်ကာ လှမ်းကြည့်လိုက်တေ့ာ သူအချိန်ဇယား တစ်ခုဆွဲနေတာကိုး။ ဒါနေသာ့ အတွက်ပဲ ထင်ပါတယ်။ နေသာ မျက်နှာကို မဲ့လိုက်ချိန်မှာပဲ
"မျက်နှာက ဘာလို့မဲ့သွားတာလဲ။"
ဟင် ရုတ်တရက် ကြောပေးထားရာမှ လှမ်းမေး လိုက်တဲ့ အမေးကြောင့် နေသာ လန့်သွားရပါတော့တယ်။ သူဘယ်လိုမြင်တာ ပါလိမ့်။ အော် ပြီးတော့မှ သူ့ရှေ့မှာ ထောင်ထားတဲ့ နေသာတို့ မိသားစု ဓါတ်ပုံမှန်ဘောင်လေး ထဲကနေ တွေ့သွားတာကိုး။ လူလည်ကြီး။
"ငါ့ဖာသာငါမဲ့တာ ဘာဖြစ်လဲ။"
နေသာ့ စကားအဆုံးမှာ သူကိုင်ထားတဲ့ ခဲတံကို ခပ်ဆတ်ဆတ်လေး ချလိုက်ရင်း နေသာ့ဖက် လှည့်လို့လာပါတယ်။
"မင်းနဲ့ငါ ဒီကိစ္စကို စရှင်းရမယ်။ ငါက အခုမင်းကို သင်ပေးမယ့် ဆရာနော်။"
"အဲဒါဘာဖြစ်လဲ။"
"မင်း အသက်ဘယ်လောက်ရှိပြီလဲ။"
"၁ရ လေ။"
"ငါက ၂၁ ရှိနေပြီ။ မင်းငါ့ကို မင်းနဲ့ငါနဲ့ ခေါ်တာ ငါမကြိုက်ဘူး။"
"အဲဒီတော့။"
ကြည့်မေးပုံက ဒီလောက်ပြောနေတဲ့ ကြားကတောင် ပမာမခန့်ရုပ်လေးနဲ့ အေးတိအေးစက်လေး။ စိတ်ရှိတိုင်းသာ လုပ်ပစ်လိုက်ရရင်တော့ နာတော့မှာ ဒီကောင်တော့။
"အဲဒိတော့ မင်းငါ့ကို ဆရာလို့ မခေါ်ရင်တောင် အစ်ကိုလို့ ယဉ်ယဉ်ကျေးကျေး ခေါ်ပါ။"
ကောင်လေး မျက်နှာ အောင်ကို့ဖက် လှည့်လာပြီး
"အဲ့လို ခေါ်ရင် ဘာရမလဲ။"
"ဟ့။"
မေးပုံကိုက ကြည့်ဦး။
"အိုခေ အိုခေ။ အဲဒီ့အတွက် ကျွန်တော့်ရဲ့ ပိန်းပန်းပင်လေးကို ခများလာတိုင်း ရေလောင်းပေးရမယ်။ အဲဒါဆို ကျွန်တော် ခများကို တခြား နိမ်းတစ်ခု ပြောင်းခေါ်မယ်။ အိုခေ လား။"
အောင်ကို မျက်လုံးတွေကို မှိတ်ချလိုက်ကာ ပင့်သက်ကို ရှိုက်လိုက်မိပါတယ်။ ပြီးမှ ခေါင်းကို ငြိမ့်လိုက်ပြီး
"ကောင်းပြီလေ။ သဘောတူတယ်။"
"အိုခေ တီချယ်။"
"ဟာ။ ဘယ်လိုကြီး ခေါ်လိုက်တာတုန်း။"
သူခေါ်လိုက်တဲ့ နာမည်ကြောင့် အောင်ကို ထိုင်နေရာကနေ တွန့်သွားကာ ကြက်သီးများပင် ထလို့သွားရပါတော့တယ်။
"ဘာဖြစ်လို့လဲ။"
"ဟ့ အဲဒါ ဆရာမတွေကို ခေါ်တာလေကွာ။"
"ဟိ။"
ကြည့်စမ်း တမင် ဆိုးနေလိုက်ပုံလေးက ထုရိုက်ပစ်ချင်စရာလေး။
"ဟုတ်ပါပြီ။ စတာ စတာ။ ဆရာလို့ပဲ ခေါ်ပါ့မယ်။ လူတွေရှေ့ရောက်ရင်ပေါ့။"
လုပ်ပြန်ပြီ ဒါတောင် လူရှေ့ရောက်မှတဲ့။
"ဘယ်သူမှ မရှိရင်တော့......။"
သူက စကားကို ရပ်ထားလိုက်တာမို့ အောင်ကို မျက်လုံးပြူးသွားကာ သူ့ကို ကြည့်လိုက်မိပါတယ်။
"ဘယ်လိုခေါ်မှာ။"
"ဘယ်လိုမှ မခေါ်ဘူးလေဗျာ။"
"အော် အော် အေးပါကွာ။ ခနလေး ငါ ပန်းပင်လေး ရေသွားလောင်းလိုက်ဦးမယ်။"
"ရပြီ ဒီနေ့က ကျွန်တော် လောင်းပြီး သွားပြီ။"
အတော်မလွယ်တဲ့ ဟာလေးပါလား။
"အဲဒါဆို ဒီကိုလာ ဒီမှာ မင်းအတွက် Daily Time Table."
ကောင်လေးက အောင်ကို့နားကို လာကာ ထိုင်လိုက်ပြီး အချိန်ဇယားကို ကြည့်လိုက်ကာ
"ဟာ ခများက ညပိုင်းပဲ သင်မှာလေ။ ဘာလို့ နေခင်းဖက်တွေပါ ထည့်ဆွဲထားတာလဲ။ ခများမရှိရင် ကိုယ့်ဖာကိုယ် ကျက်ချင်မှ ကျက်မှာပေါ့ဗျ။"
"မကျက်ရင် မင်း ဒဏ်ပေးတာ ခံရမှာပေ့့ါ။"
"ခများ ကျွန်တော့ အသားကို လက်ဖျားနဲ့ ထိတဲ့နေ့က မာမီနဲ့ ပြသနာ တက်တဲ့ နေ့ပဲ ဆိုတာကော။"
"လက်ဖျားနဲ့ မထိပဲ ထိရောက်တဲ့ အပစ်ဒဏ်ပေးဖို့ မင်းမာမီ ကိုယ်တိုင်က သဘောတူထားတယ် ဆိုုရင်ကော။"
ကောင်လေး တစ်ချက်ငြိမ်သွားပြီး
"မနက် လေးနာရီက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ထလဲမထနိုင်ဘူး။"
"အဲဒီ့အတွက်လဲ မပူနဲ့ ဒီအခန်းထဲမှာပဲ အိပ်ဖို့ မင်းမာမီကို ခွင့်တောင်းထားပြီးပြီ။"
ကောင်လေး မျက်လုံးတွေကို မှိတ်လိုက်ကာ စိတ်လျော့လိုက်ပုံ ရပါတယ်။
"ကျုပ် ကုတင်ပေါ်ကိုတော့ တက်မအိပ်နဲ့နော်။ သူများနဲ့ အတူ မအိပ်တက်ဘူး။ ပြီးရင် အိပ်တဲ့ အခါမဟောက်နဲ့။ ဟောက်ရင် ရေနဲ့ပက်မှာ။"
"စိတ်ချ မင်းလဲ ငါ့ဘေးကို ဆင်းမလာနဲ့။ ကန်ထုတ်မှာ။"
"ဟမ်။"
အောင်ကို့ စကားကြောင့် နေသာ မျက်လုံးတို့ ပြူးလို့သွားရပြန်ပါတယ်။ သူကပဲ တစ်ပြန်ကြီး လာလာချည်သေး။
"ကဲ ကြာတယ် မြန်မြန်လာ စလိုက်ကြရအောင်။"
"ခနနေဦး သန့်စင်ခန်း သွားလိုက်ဦးမယ်။"
နေသာ့ စကားကြောင့် အောင်ကို မျက်မှောင်ကျုတ်သွားကာ
"သွားသွား သေချာပြောင်အောင် သန့်စင်ခဲ့ မြန်မြန်လုပ်။"
တကယ်ဝင်သွားတော့လဲ သိပ်မကြာပါဘူး ပြန်ထွက်လာတာမို့ အောင်ကိုတို့ စာစပြီး သင်လိုက်ကြပါတယ်။ တကယ်တမ်း စာသင်ကြည့်တော့ ကောင်လေးက အောင်ကို ထင်တာထက် အများကြီး စာတွေရကာ သင်ရတာလဲ အရမ်းကို လွယ်ကူ အဆင်ပြေနေတာ တွေ့ရတာမို့ တော်ပါသေးရဲ့။
အချိန်က ည ဆယ်နာရီ ထိုးလို့လာပါပြီ။
"ဘယ်ချိန်နားရမှာလဲ ဗျာ။ အိပ်ချင်နေပြီ။"
အောင်ကို မျက်လုံးလေးတွေ မှေးကာ ပြုံးပြလိုက်ပြီး ရှေ့မှာ ချထားတဲ့ အချိန်ဇယားနဲ့ နာရီကို လက်ထိုးပြလိုက်ပါတယ်။ အဲဒီ့အချိန်မှာပဲ အခန်းတံခါးခေါက်သံ ကြားလို့ အောင်ကို သွားဖွင့်ပေးလိုက်တော့ အဒေါ်ကြီးတစ်ယောက် လက်ထဲမှာ နွားနို့ နှစ်ခွက်နဲ့ မုန့်အချို့။
"မမက သားတို့ စာရင် စားလို့ရအောင်ပို့ခိုင်း လိုက်တာ။"
"အော် ဟုတ်ကဲ့ ကျေးဇူးပါ။"
အောင်ကို လက်ထဲက ဗန်းလေးကို လှမ်းယူလိုက်ပါတယ်။ အခန်းတံခါးပြန်ပိတ်မလို့ လုပ်တုန်းမှာပဲ နေသာက
"အန်တီလေး သား မနက် လေးနာရီထရမှာ လေးခွဲကို သားကို အိုဗာတင်းနဲ့ မုန့်လာပို့ပေးနော်။"
"အေးအေး သားလေး စိတ်ချ။"
အောင်ကို တံခါးကို ပြန်ပိတ်လိုက်ပြီး နေရာမှာ ပြန်ဝင်ထိုင်လိုက်ပါတယ်။ စားသောက်လိုက်ကြပြီး ည (၁၁) ခွဲမှာ ကိုယ်လက် သန့်စင်ကာ အိပ်ဖို့ ပြင်ကြ ပါတော့တယ်။ ကောင်လေး ထုတ်ပေးတဲ့ ခေါင်းအုံးရယ် စောင်ရယ် အိပ်ယာခင်းရယ်ကို ယူကာ အောင်ကို ကောင်လေး ကုတင်ဘေးမှာပဲ အသာလေး ခွေ အိပ်လိုက်ပါတယ်။
စွပ်ကျယ် အင်ကျီလေးနဲ့ ပုဆိုးလေး ဝတ်ကာ ခေါင်းအောက်ကို လက်ထိုးရင်း ခနလေး အတွင်းမှပဲ အောင်ကို အိပ်ပျော်သွားပါတော့တယ်။ တစ်နေကုန်လဲ ပင်ပန်းတယ်လေ။ အောင်ကို ငြိမ်သွားတာမို့ နေသာ အသာလေး ကုတင်ပေါ်ကနေ လှမ်းကြည့်လိုက်တော့ အိပ်ပျော်နေပြီ ဆိုတာ သိလိုက်ရပါတယ်။ မီးမပိတ်ရင် မအိပ်တက်တဲ့ အကျင့်ရှိတာမို့ မီးကို ပိတ်ထားပေမယ့် ညအိပ်မီး အလင်းရောင်လေး အောက်မှာ ဘေးစောင်းလေး အိပ်ပျော်နေတဲ့ အောင်ကို့ကို နေသာ ကြည့်နေမိပါတယ်။
ခုနကတော့ ဆရာကြီး လုပ်နေပြီး အခုကြတော့လဲ ကလေးလေးတစ်ယောက်လို အပစ်ကင်းစွာ အိပ်မောကျနေတဲ့ အောင်ကို့ကို ကြည့်ရင်း နေသာ ပြုံးလိုက် မိပါတယ်။ ဖြစ်နိုင်ရင် ခများကို ဒီမှာပဲ တစ်နေကုန်ရှိနေစေချင်တယ် ဆရာကြီးရေ။


ဆက်လက် တင်ပြသွားပါ့မယ် ခမျ။

အားလုံးကို လေးစားချစ်ခင် ကျေးဇူးတင်လျက်။

ကိုကိုလေး။

He is mine. (Complete) Where stories live. Discover now