.....................
"အမေရေ ကိုကြီး ပြန်လာပြီ။"
သူတို့ခြံလေး ရှေ့မှာ ရပ်ထားတဲ့ ကားကို ရှောင်ကာ အိမ်ထဲကို အောင်ကို ဝင်လာလိုက်တာနဲ့ ညီလေး အသံကို ကြားရတာမို့ အောင်ကို နှုတ်ခမ်းပေါ် လက်ညှိုးလေး တင်က တိုးတိုးနေဖို့ပြော လိုက်ပါတယ်။ ဧည့်သည်တွေ ရောက်နေတယ် မဟုတ်လား။ ဒီကားက အမေ့ ငယ်သူငယ်ချင်း အန်တီနှင်းရဲ့ ကားလေ။ အန်တီနှင်း လာရင် တစ်ခါတစ်လေ မမကေလဲ ပါလာတက်ပါတယ်။ အောင်ကို အိမ်ထဲ ဝင်လိုက်တာနဲ့ အမေက အောင်ကို့နားကို ခပ်သွက်သွက် လျှောက်လာရင်း အောင်ကို့လက်ကို ဆွဲလိုက်ကာ
"လာဦးသား။ နှင်းပွင့် ခနလေးနော်။"
"အေးပါ အေးဆေးလုပ် ဘာမှမဖြစ်ဘူး။"
"မကေ မပါဘူးလား အန်တီနှင်း။"
"မပါဘူး သားရေ သားအစ်မ ဒီနေ့ သင််တန်းရှိလို့ လိုက်မလာဘူး။"
အောင်ကို အမေ ဆွဲခေါ်ရာ အိမ်ခန်းထဲကို လိုက်ရင်း အန်တီနှင်းကို လှမ်းနှုတ်ဆက်လိုက်တာပါ။ အခန်းထဲရောက်တာနဲ့ အမေက အသံတိုးတိုးဖြင့်
"အခြေအနေ ဘယ်လိုလဲသား။ တွေ့ခဲ့ရဲ့လား။"
အမေ့ရဲ့ စိတ်လှုပ်ရှားစွာ မေးလာတဲ့ပုံကို ကြည့်ပြီး အောင်ကို သက်ပြင်းကို အသာချလိုက်ကာ ခေါင်းငြိမ့်ပြလိုက်ပါတယ်။
"အမေ့ကို ပြောပါဦး ဘာတဲ့လဲ သူက ဟင်သား။"
"အမေ ထင်ထားသလိုပဲ အမေ။"
"ဟယ် တစ်ကယ်လား အမလေး ပျော်လိုက်တာ သားရယ်။ တော်သေးတာပေါ့ အမေ့မှာ ဆုတောင်းလိုက်ရတာ။ တော်သေးတာပေါ့ ဘုရားကယ်လို့။"
"နေပါဦး အမေရယ်။ သားလက်ခံတယ်လို့ မပြောလိုက်သေးပါဘူး။"
"ဟင် ဘာလို့လဲ သားရယ်။ ဒါသား လက်ခံမှကို ဖြစ်မှာလေ။"
"သား နားလည်ပါတယ်။ ဒါပေမယ့် အချိန်က ကြည့်ဦး လေးလပဲ ကျန်တော့တာ။"
"လုပ်ပါသားရယ်။ ငါ့သားက တော်တာ အမေသိပါတယ်။ အမေ့ကို ကယ်ပါသားရယ်။ နော်။ ဒီအိမ်လေးက....။"
"တော်ပါတော့ အမေရယ်။ သားသိပါတယ်။ သားအဆင်ပြေ အောင်လုပ်ပါ့မယ်နော်။ ဟုတ်ပြီလား။ သားရေချိုးဦးမယ်နော်။"
အမေ ခေါင်းကိုငြိမ့်ကာ သူ့လက်မောင်းကို ပုတ်ရင်း
"အင်း အင်း လုပ် သားရေချိုးပြီးရင် သားအကြိုက် မေ ငါးခြောက်ဖုတ်လေး လုပ်ထားတယ်။ ပြီးတော့ ဟိုမှာ သားအန်တီနှင်းက ဝက်စတူး ဝယ်လာတယ် အများကြီးပဲ ထမင်းစား လိုက်နော်။"
"ဟုတ်။"
အမေ အခန်းထဲက ထွက်သွားတော့မှ အောင်ကို လက်ထဲက ဖိုင်လေးကို စားပွဲပေါ်တင်လိုက်ကာ ကုတင်ပေါ် အသာလှဲချလိုက်ပါတယ်။ အိ်မ်ခေါင်မိိုးလေးကို မော့ကြည့်လိုက်တော့ သွပ်ဟောင်းလေးတွေ သံချေးတောင် တက်နေပီ။ ဒီအိမ်လေးက အဖိုးက အမေ့ကို အမွေပေးခဲ့တဲ့ အိမ်လေးပေါ့။ အဖေ မဆုံးခင်က ကင်ဆာရောမို့ တက်နိုင်သမျှ ကုသပေးရင်း ဒီအိမ်လေးကို ပေါင်ခဲ့ရတာ လေးနှစ်တောင်ရှိပြီ အတိုးမှန်မှန်ပေးနေတာမို့ မဆုံးရှုံးခဲ့သေးပေမယ့် အခုတော့ အပေါင်ခံသူက သူတို့ အိမ်ဂရံကို ဒေါ်မြသဇင် ထံလက်လွှဲပေးလိုက်တာပါ။ ဒေါ်မြသဇင် က သူလိုချင်တဲ့ အရာကို ရအောင်ယူတက်ပြီး သိပ်ကို ပြတ်သားတဲ့ အမျိုးသမီး တစ်ယောက်။
အောင်ကိုက အိမ်တွေမှာ စာလိုက်သင်တဲ့ နေရာမှာ အတော်လေး နာမည်ရထားးတာမို့ ဒီလိုတွေ အပေးအယူလုပ်ခြင်း ခံလာရတာပါ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ရလာတဲ့ အခွင့်အရေးကို အောင်ကို အကောင်းဆုံး အသုံးချရပေတော့မည်။ သက်ပြင်းကို အသာချရင်း လှဲနေရာကနေ ကုန်းထလိုက်ပါတယ်။ ရေမိုးချိုး ထမင်းစားပြီး စာသင်သွားရဦးမယ်လေ။

He is mine. (Complete) Where stories live. Discover now