ရိှုင်းမာန်ခလဲစိတ်မရှည်စွာဖြင့် ဇွဲခန့်ကိုလက်ကိုဆွဲကာ...ကျောင်းဆေးခန်းသို့ထွက်လာခဲ့သည်....။ ဇွဲခန့်ကတော့ ရှိုင်းမာန်ခ ခေါ်ဆောင်ရာသို့ နုတ်ခမ်းနားရွက်တက်ချိတ်မတတ်ပြုံးဖြီးလျက်လိုက်ပါသွားသည်...။

"CEOဈာန်ဦးထိုက်...  မနက်ဖြန် ထိုင်းကကုမ္ပဏီကိုသွားရမယ်လို့ .... ဒီတခါတော့ မြတ်သူမပါဘူး.. CEOနဲ့အတူ ခတ္တာရယ်ဝန်ထမ်းအနည်းငယ်ရယ်ခေါ်သွားလိုက်ပါ"

အစည်းဝေးထိုင်နေစဥ် ဦးဈာန်သစ်ကပြောခြင်းဖြစ်သည်... ။ ဖခင်ဖြစ်သူ၏စကားကို ဈာန်ဦးထိုက် ခေါင်းငြိမ့်ပြရင်း...

"ဟုတ်ကဲ့ပါဥက္ကဌ.. ပစ္စည်းတင်သွင်းမှုအင်အားဘယ်လောက်ရှိတယ်လို့ သတင်းရထားလဲ"

"ထုတ်ကုန်အသစ်ထုတ်လုပ်ဖို့ပြင်ဆင်ချိန်တလအချိန်ယူရပါမယ်... ထိုင်းကကုမ္ပဏီဆီကို ဂျပန်ကုမ္ပဏီကပစ္စည်းတင်သွင်းမှုအင်းအား 3.4မီလီယမ်အထိ ခန့်မှန်းထားပါတယ် CEOတို့အားလုံး ထိုင်းကုမ္ပဏီမှာ တစ်လလောက်နေရမယ်ထင်ပါတယ်"

"ကောင်းပါပြီဥက္ကဌ...  ပေးအပ်တဲ့တာဝန်ကိုကျေပွန်အောင်ဆောင်ရွက်ပါ့မယ်"

"ကောင်းပြီCEO... ဒါဆို အစည်းဝေးဒီမှာတင်ပြီးပြီ"

အစည်းဝေးပြီးဆုံးသွားတာမို့ ဈာန်ဦးထိုက်လဲ ဥက္ကဌကို အရိုသေပေးကာ..ကိုယ့်ရုံးခန်းထဲကိုယ်ပြန်လာခဲ့သည်...။

"ငထိုက် မင်းပြောထားတဲ့ကိစ္စ ငါစုံစမ်းထားတယ်"

ရုံးခန်းထဲဝင်ရန်ပြင်နေသည့်ဈာန်ဦးထိုက်ကို အနောက်မှ မြတ်သူ ပြောသောကြောင့် မဝင်သေးပဲ မြတ်သူကို ရပ်စောင့်ကာ  ရုံးခန်းထဲအတူဝင်ခဲ့လိုက်သည်.....။

"ဘာတွေသိရပြီလဲ"

ဈာန်ဦးထိုက်ကမေးရင်း ခုံတွင်ထိုင်လေတော့ မြတ်သူလဲ ဈာန်ဦးထိုက်နှင့်မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်သည်....။

"သူ့နာမည်က ဇွဲခန့်တဲ့ .. တရုတ်မြန်မာကပြားတယောက်လဲဖြစ်တယ်.. သူ့ရဲ့တရုတ်နာမည်က ကျစ်လင်းအာတဲ့.. တရုတ်နိုင်ငံရဲ့Top 5စာရင်းဝင် သူဌေးကြီးကျစ်ရိလုံရဲ့ တစ်ဦးတည်းသောသား... မြန်မာနိုင်ငံမှာ သူ့မိခင်ရှိနေလို့မြန်မာနိုင်ငံကိုရောက်တာသိပ်မကြာသေးဘူး.. သူ့ပုံစံကိုအကဲခတ်ရသလောက်တော့ မင်းရဲ့ယောက်ျားကို စိတ်ဝင်စားနေတဲ့ပုံပဲ"

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Where stories live. Discover now