"ဟို.. ဟို အရမ်းနာနေလားဟင်...တောင်း.. တောင်းပန်ပါတယ် ဟင့်"

ကြောက်တာရော သွေးမြင်ပြီးလန့်တာရောပါပေါင်းကာ...  ရိှုင်းမာန်ခမျက်ရည်ဝဲလာသည်...။ ဇွဲခန့်တယောက် မျက်နှာငယ်လေးဖြစ်နေတဲ့ ရိှုင်းမာန်ခကိုကြည့်ကာ စိတ်ထဲတွင်ကျေနပ်သွားသည်.... ။ရိှုင်းမာန်ခ လက်ရုန်းလိုက်တဲ့အားက မပြင်းသော်လည်း သူတမင်လဲကျသလိုထိုင်ချလိုက်ကာ...  ခုံစောင်းကိုခေါင်းနှင့်တိုက်မိသည့်ပုံစံပြုလုပ်လိုက်ခြင်းဖြစ်သည်....။  ရိှုင်းမာန်ခတယောက်ဇွဲခန့်ရဲ့ထောင်ချောက်ထဲဝင်သွားရသည်ဆိုတာကိုတော့ မသိပေ...။

"ရပါတယ် အဆင်ပြေပါတယ်"

"ဘာရတာလဲ ဒီလောက်သွေးတွေထွက်နေတာကို ဟင့်... ကျောင်း ဆေးခန်းသွားရအောင်"

ဇွ​ဲခန့်တ​ယောက် သူလိုချင်သည့်အကွက်ထဲရောက်လာတာမို့...နုတ်ခမ်းကိုမသိမသာပြုံးရင်း ရိှုင်းမာန်ခကို မျက်နှာငယ်လေးနှင့်ကြည့်လိုက်ပြီး...

"ဒီဒဏ်ရာကမပြောပလောက်ပါဘူးဗျာ.... ကျွန်တော် ရိှုင်းနဲ့အရမ်းခင်ချင်လို့ပါ... ရိှုင်းနဲ့သူငယ်ချင်းဖြစ်ခွင့်ပေးရင် ကျွန်တော် ကျောင်းဆေးခန်းကိုသွားမယ်ဗျာ"

ပြောသည့်ပုံစံက သူငယ်ချင်းသာဖြစ်ခွင့်မပေး ဒဏ်ရာကိုဆေးမထည့်ဘူးဆိုသည့်သဘော သက်ရောက်တာမို့ ရှိုင်းမာန်ခ သက်ပြင်းချလိုက်သည်...။

{အင်းလေ သူနဲ့ငါနဲ့ကရန်ငြိုးရှိတာမှမဟုတ်ပဲ သူငယ်ချင်းတိုးတာလဲကောင်းပါတယ်}

ရိှုင်းမာန်ခစိတ်ထဲမှတွေးရင်း ဇွဲခန့် ဖြူစင်စွာပြုံးပြလိုက်ပြီး..

"ကောင်းပြီလေ ဒီနေ့ကစပြီး တို့တွေသူငယ်ချင်းဖြစ်သွားပြီ... ဒါ့ကြောင့် အခုကျောင်းဆေးခန်းကိုသွားပြီး ဒဏ်ရာကိုဆေးထည့်ရအောင်"

ရိှုင်းမာန်ခ၏ စကားကြောင့် ဇွဲခန့် အရမ်းပျော်သွားသည်...။

"ရိှုင်း တ တကယ်ပြောတာနော်.. ကျွန်တော်တို့ သူငယ်ချင်းဖြစ်ပြီပေါ့နော်"

"ဟုတ်ပါတယ်ဆိုမှပဲ... ဒဏ်ရာကသွေးအရမ်းထွက်နေပြီ လာပါကျောင်းဆေးခန်းသွားမယ်"

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Where stories live. Discover now