" အော်...ထူးတော့ထူးနေသလိုပဲ "
"ဘာ ဘာကိုထူးတာလဲ "
"ဘာမှမဟုတ်ပါဘူး သွားလေ အလုပ်ရှိတယ်ဆိုလဲ "
"အော့ အင်း သွား သွားတော့မယ်"
*စကားပြောတာလဲပုံမှန်မဟုတ်ဘူး တခုခုပဲ..* ရှောင်ကျန့်ကိုယ့်အတွေးနဲ့ကိုယ် ပြုံးလိုက်မိသည်...
"ရှောင်ကျန့်ကောကော "
"အော ချင်းချင်း ကျောင်းသွားတော့မလို့လား "
"ဟုတ် ဒါနဲ့ရိပေါ်ကောကောရော အလုပ်သွားပီလား "
ရှောင်ကျန့်မျက်နှာတစ်ချက်ပျက်သွားပေမဲ့ ထိန်းလိုက်ကာ..
"အင်း ကုမ္ပဏီတော့မဟုတ်ဘူး အလုပ်လေးရှိလို့ အစောကြီးထွက်သွားတယ် ""ဟွန်း...တစ်အိမ်ထဲသာနေရတာ မျက်နှာမြင်ရဖို့အတော်ခက်တာပဲနော် "
"ဘာလိုအပ်တာရှိလို့လဲ ကောကိုပြောလေ ''
"ဘာမှမလိုပါဘူး ဟိဟိ ဒါနဲ့ရှောင်ကျန့်ကောကော "
"အင်း "
"ရှောင်ကျန့်ကောကောနဲ့ ရိပေါ်ကောကော ငယ်ငယ်ကမတည်ဘူးဆို ရန်အမြဲဖြစ်တယ်ပြောတယ် ဟုတ်လား "
"အဲဒါက ကလေးတွေဆိုတော့ ကလေးအတွေးနဲ့ပေါ့ "
"ရိပေါ်ကောကော ငယ်ငယ်ကပုံတွေကြည့်ရတယ် အရမ်းချစ်ဖို့ကောင်းတာပဲနော် ဟိဟိ ရိပေါ်ကောကောရဲ့ကလေးမွေးရင် သူ့လိုပဲအရမ်းချစ်ဖို့ကောင်းမှာ ပါးဖောင်းဖောင်းလေးနဲ့လေ "
ချင်းချင်းစကားက သူကလေးမွေးမရတာကို သိအောင်သတိပေးလိုက်တဲ့သဘော ဒါပေမဲ့သူဘာမှပြန်မပြောမိ...
"အင်း "
"ဟိုနေ့က အန်တီရှောင်နဲ့ဖွားပြောသံကြားလိုက်ရသေးတယ် ကလေးသေးသေးလေးတွေရှိရင်ကောင်းမှာပဲတဲ့ မျက်နှာငယ်လေးတွေနဲ့ "
ဟုတ်သားပဲ သူနဲ့ရိပေါ်သာအဆင်သင့်မဖြစ်လို့ မစဥ်းစားပဲနေနေတာ ဖွားနဲ့မာမားကိုမေ့နေတာပဲ...
"ချင်းချင်း သွားတော့မယ်နော် "
"အင်း အင်း "
ချင်းချင်းရဲ့အတွေးတွေက ရှောင်ကျန့်ဝမ်းနည်းပြီး ရိပေါ်ကိုလက်လွတ်ပေးလိုက်လေမလားပေါ့... သူ့အတွက်ရိပေါ်ကိုရဖို့နည်းလမ်းမရှိတာသူမသိခဲ့ဘူးလေ.... ကိစ္စတခုသာမဖြစ်ခဲ့ရင်ပေါ့...
JE LEEST
Game Of Life
Fanfictieကျန့်ကောနဲ့တိတိကိုချစ်လို့ရေးတာပါ မည်သူတဦးတယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးနော် ficကိုဖတ်ပေးပါဝေဖန်ပေးပါ လူကိုလဲချစ်ပေးပါ😉