"ပိစိလေးရေ ရေချိုးတာကြာနေပြီနော်"

သူ့ရဲ့ယောက်ျားပေါက်စဟာ ရေချိုးလျှင် စိမ်ချိုးတတ်သည့်အကျင့်ရှိတာမို့ ဈာန်ဦးထိုက်မှာ စိတ်ပူရပြန်သည်...။

"ပြီးပါပြီဗျာ "

"အေးရတဲ့ထဲ ခေါင်းလျှော်လာပြန်ပြီလား ကလေးဆိုးလေး"

ဈာန်ဦးထိုက်ကဆူသလိုလေးပြောတော့ သွားဖြူဖြူလေးတွေပေါ်အောင် ရယ်ပြလျက်... သူ့ရဲ့ခါးကို သိုင်းဖက်ကာ ရင်ခွင်ထဲခေါင်းတိုးဝင်သည်...။ ဒါဟာ သူ့ကိုခေါင်းသုတ်ပေးဆိုသည့် သဘောမို့ ဈာန်ဦးထိုက်လဲ အမွှေးပွသဘတ်လေးယူကာ .... ယောက်ျားပေါက်စကို ကုတင်ပေါ်မှာထိုင်စေရင်း သူကမတ်တပ်ရပ်ကာ ခေါင်းသုတ်ပေးရသည်  ....။

"လူကြီးရဲ့ ကိုယ်သင်းရနံ့လေးကိုအရမ်းကြိုက်တာပဲ"

ရေမွှေးမသုံးပဲတောင် ကြာစွယ်ရနံ့သင်းနေသော ယောက်ျားဖြစ်သူခန္ဓာကိုယ်ကို... ကလေးငယ်ဟာ ခွေးပေါက်လေးတကောင်ပမာ နှာခေါင်းလုံးလေးဖြင့် တရှုံ့ရှုံ့နမ်းရင်းပြောလေသည်...။

"ခေါင်းသုတ်ပြီးပြီ ကိုယ် အင်္ကျီဝတ်ပေးမယ်"

"ဟင့် ဒါကြီးတွေဝတ်ချင်ဘူး"

ဈာန်ဦးထိုက်၏လက်ထဲမှာကိုင်ထားတဲ့ အပေါ်အောက်ဘဲရုပ်လေးတွေဖြင့်... အမွှေးပွအနွေးထည်ဝတ်စုံလေးကိုကြည့်ကာ မျက်နှာရှုံ့မဲ့လျက် မဝတ်ချင်ဘူးငြင်းလေသည်...။  သူ့ရဲ့ယောက်ျားပေါက်စက အတိုပြတ်တွေဝတ်ရတာ အင်မတန်ကြိုက်မှန်း ဈာန်ဦးထိုက်သိတာပေါ့...။ သို့ပေမယ့် ခုလိုအေးလှတဲ့ရာသီဥတုမျိုးမှာတော့ နွေးနွေးထွေးထွေးဝတ်ခြင်းကသာ အကောင်းဆုံးဖြစ်မည်...။

"ဂျစ်တိုက်နေရင် ဈေးဝယ်ထွက်တာ မခေါ်ပဲထားခဲ့မှာနော်"

"ဟင့် လူယုတ်မာကြီး"

ဈာန်ဦးထိုက်၏ရင်ဘတ်ကို လက်သီးဆုပ်သေးသေးလေးတွေဖြင့်ထုရိုက်ကာ လူယုတ်မာကြီးဟု အမည်တပ်ပြန်သည်။

"ဟောဗျာ... ပိစိက လိမ်မာပါတယ်ကွာ ဒါလေးပဲဝတ်လိုက်ပါနော်"

"လိမ်မာဘူး... ဝတ်ဖူးလို့..ဟင့် ဝတ်ချင်ပါဘူးဆို အနိုင်ကျင့်နေတယ်"

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Wo Geschichten leben. Entdecke jetzt