"လူကြီး လာ အင်္ကျီဝတ်ပေးမယ်"

ရေချိုးအဝတ်စားလဲပြီး အောက်ဆင်းလာတဲ့ယောက်ျားပေါက်စက ဈာန်ဦးထိုက်ဝတ်ဖို့အတွက် အင်္ကျီပါတခါတည်း ယူလာသတဲ့..။ ဘယ်လောက်ထိလိမ်မာလိုက်သလဲ...။

"ကိုယ်လက်မအားဘူးလေ ပိစိလေးပဲ ဝတ်ပေးပါကွာနော်"

ယောက်ျားပေါက်စရဲ့ ခါးသွယ်သွယ်ကို လက်နှစ်ဖက်ဖြင့်သိုင်းဖက်ကာ.. လက်မအားလို့ဟူ၍အကြောင်းပြပြီး လူလည်ကျကာအင်္ကျီဝတ်ပေးခိုင်းလေသော ဈာန်ဦးထိုက်ကြောင့် ရှိုင်းမာန်ခလဲ မျက်စောင်းဝင့်မိသည် ။

" လူကိုသူ့ခိုင်းစေကျနေတာပဲ ခိုင်းစားနေတယ် ဟွန့်"

ဟောကြည့်...။ သူများကြားပါလျှင် အလုပ်တွေအတင်းကျပ်လုပ်ခိုင်းပြီး သူကိုပဲခိုင်းစားနေသလို...။ ဘယ်လိုကလေးပေါက်စပါလိမ့်...။ ပါးစပ်ကသာပြောနေတာ မလုပ်ပေးတာလဲမဟုတ်ဖူး....။

"ကိုယ့်ယောက်ျားလေးက လိမ်မာလိုက်တာကွာ... ကဲပါ မနက်စာ စားရအောင်နော် ယောက္ခထီးနဲ့ယောက္ခမက မနိုးကြသေးဘူး"

ပြောရင်းဖြင့် ထမင်းစားပွဲဘေးရှိ ခုံလွတ်တခုတွင် သူကအရင်ဝင်ထိုင်ပြီး ယောက်ျားပေါက်စကို သူ့ရဲ့ပေါင်ပေါ်တွင်ထိုင်စေသည်။

"အွန်းး မနက်စာစာပြီး အိမ်ပြန်မယ် လူကြီး"

"ပိစိလေးက ပြန်ချင်ပြီလား"

" ကျောင်းတက်ရဦးမယ်လေ ပြီးတော့ လူကြီးရဲ့အလုပ်လဲရှိသေးတယ်မဟုတ်လား"

"အင်းပါ ပိစိလေးသဘောနော်.... ပါးစပ်လေးဟနော် ကိုယ်ခွံ့ကျွေးမယ် အာ"

"အာ....၊ လူကြီးရဲ့လက်ရာကအရမ်းစားကောင်းတာပဲ"

"ပိစိလေးကြိုက်ရင် ကိုယ် နောက်လဲချက်ကျွေးမယ်လေ"

"လူကြီးအကောင်းဆုံးပဲ မွ"

ဆီတွေပေနေတဲ့နုတ်ခမ်းနဲ့ သူ့ရဲ့ပါးကို အသံမြည်အောင် နမ်းလေးသော ယောက်ျားပေါက်စကြောင့် ဈာန်ဦးထိုက် သဘောကျစွာပြုံးလိုက်မိသည်...။ စားသောက်ပြီးသောအခါ အဝတ်အစားတွေကိုခရီးဆောင်အိတ်ထဲသေချာပြန်ထည့်ရင်း ရှိုင်းမာန်ခ၏မိဘတွေကိုနှစ်ယောက်အတူနုတ်ဆက်ကာ ထည်ဝါအိမ်တော်သို့ပြန်လာခဲ့သည်...။

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Donde viven las historias. Descúbrelo ahora