ပြောရင်းနှင့်ပင် ဈာန်ဦးထိုက်၏ရင်ခွင်ထဲမှ ခေါင်းလေးမော့ရင်း ..... ဈာန်ဦးထိုက်ရဲ့မေးဖျားလေးကို လှမ်းနမ်းလေသည်.... ။ ဈာန်ဦးထိုက်ကလဲ ယောက်ျားပေါက်စကို ခါးမှပင့်ချီကာ မီးဖိုစင်ပေါ်ထိုင်စေရင်း... ကလေးငယ်၏ နုတ်ခမ်းတို့ကို စုပ်ယူနမ်းရှိုက်လေသည်... ။ရှိုင်းမာန်ခကတော့ ဈာန်ဦးထိုက်၏လည်တိုင်ကို .....လက်နှစ်ဖက်ဖြင့်သိုင်းဖက်ရင်း အနမ်းတို့ကိုတုန့်​ြပန်လေသည်....။

"ပိစိလေးရဲ့ နုတ်ခမ်းတွေက အရမ်းချိုတာပဲကွာ"

ယောက်ျားပေါက်စ၏ နားအနားသို့မျက်နှာလေးတိုးကပ်ကာ... နုတ်ခမ်းဖူးလေးကို လက်မဖြင့်ဆွဲပွတ်ရင်း ခပ်တိုးတိုးဆိုမိလေတော့ ... ယောက်ျားပေါက်စ၏မျက်နှာလေးဟာ စတော်ဘယ်ရီရောင်ကဲ့သို့ နီမြန်းလျက်....

"ကျွန်... ကျွန်တော် မျက်နှာမသစ်ရသေးဘူး လူကြီးရဲ့"

ရှက်ရမ်းရမ်းပြီး မျက်နှာချင်းမဆိုင်ပဲ ခေါင်းလေးငုံ့ကာ ထစ်ငေါ့စွာပြောလေတော့... ကလေးငယ် ဝတ်ထားတဲ့အင်္ကျီ၏လည်ပင်းမှ ပုခုံးထိဆွဲချကာ ... လည်တိုင်ကျော့ကျော့ကိုဖိကိုက်လျက် အချစ်အမှတ်သားထင်စေသည်....။

"မျက်နှာမသစ်ရသေးလဲ ကိုယ်ရဲ့ နမ်းချင်နေတဲ့စိတ်က တားလို့မှမရတာ"

"အ့ လူကြီးရာ အရမ်းမဆိုးနဲ့ကွာ ဟင့်"

ငိုမဲ့မဲ့မျက်နှာလေးဖြစ်နေတဲ့ ယောက်ျားပေါက်စရဲ့ ပုံစံလေးကြောင့်.. ဈာန်ဦးထိုက်လဲ ဆက်မစတော့ပဲ ပါးဖောင်းဖောင်းလေးကို တချက်နမ်းလိုက်ပြီး...

"ကိုယ်မစတော့ဘူးနော် ပိစိလေး .. ကဲ မျက်နှာသစ်ပြီးရေချိုးလိုက်နော်... မနက်စာ စားဖို့စောင့်နေမယ်"

"ဟုတ်ကဲ့ပါဗျ"

မီးဖိုစင်ပေါ်ကခုန်ဆင်းပြီး ရေချိုးဖို့အပေါ်ထပ်သို့ပြေးတက်သွားတဲ့ကျောပြင်လေးကိုကြည့်ရင်း... ဈာန်ဦးထိုက်သက်ပြင်းချမိသည်...။

{ငါယူထားတာ လူလား မျောက်လားတောင်မသဲကွဲတော့ဘူး....}

စိတ်ထဲကပြောရင်း နုတ်ခမ်းထောင့်လေးကွေးညွှတ်သွားသည်... ။အချစ်ဆိုတာ သူ့အကြောင်းလေးတွေးမိယုံကအစ ပြုံးရယ်စေနိုင်သတဲ့...။

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Where stories live. Discover now