On & Off (Unicode)

Start from the beginning
                                    

သူ့ကိုချစ်ဘူးလားလို့မေးရင်လည်း ကျွန်တော်သူ့ကိုချစ်တာပေါ့ဗျာ ဒါပေမယ့် ရှက်တတ်တဲ့စိတ်ရယ် အိမ်မှာမိဘတွေရှိနေတော့အဲ့လိုတွေပြောမထွက်တဲ့စိတ်ကြောင့်ခဏခဏသူနဲ့ကတောက်ကဆဖြစ်ရတယ် ။ ကြာလာတော့သူလည်းကျွန်တော့ကိုပြောလို့မရတော့ဒီတိုင်းလွှတ်ထားလိုက်ပြီထင်ပါ့ ။ ကျွန်တော့လိုမြုံစိစိကိုသည်းခံပြီးချစ်ပေးနေတဲ့သူ့ကိုလည်းတကယ်ကျေးဇူးတင်ပါတယ် ။ သူကြားချင်တဲ့စကားလေးတွေပြောရဲအောင်လို့တော့အားမွေးအုံးမယ် ။

သူနဲ့ကျွန်တော်တွေ့ပုံကတော့ သူနဲ့ကျွန်တော်ကအထက်တန်းကျောင်းတူတူ သူကတော့ကျွန်တော့ထက် တစ်နှစ်ပိုကြီးတဲ့စီနီယာပေါ့ ကျွန်တော့ချစ်သူ Hwang Hyunjin ကတကယ့်ကိုလူချောဗျ အရပ်ကြီးကလည်းအရှည်ကြီးနဲ့ eye smile လေးတွေရယ် dimple လေးကလည်းပါသေးတယ် ပြီးတော့သူကနွေးထွေးတဲ့လူတစ်ယောက် ကျောင်းမှာဆို လူတိုင်းကသူ့ကိုသဘောကျကြတယ် ကျွန်တော်လည်းအပါအဝင်ပေါ့ ။ ဟုတ်တယ် ကျွန်တော်သူ့ကိုအထက်တန်းတက်နေတည်းကသဘောကျခဲ့ရတာ ။

ကျွန်တော့ထက်တစ်နှစ်ပိုကြီးတဲ့သူက ကျွန်တော့ထက်အရင်အထက်တန်းပြီးသွားပြီး Engineering တက်တယ်။ ကျွန်တော်လည်းအထက်တန်းပြီးသွားပြီမို့ Uni တက်ဖို့ကိုစောင့်နေတုန်း ကံတရားကကျွန်တော့ဘက်ပါတယ်လို့ဘဲပြောရမလား သူကကျွန်တော့ကိုသဘောကျကြောင်းဖွင့်ပြောတာကြောင့်မို့လို့ ကျွန်တော်တို့တွဲဖြစ်ခဲ့ကြတာပေါ့ ။

***************************************

ဒီနေ့တော့ Kim Seungmin တစ်ယောက်အလုပ်ရှုပ်နေပါလေရဲ့ ။ ဘာလို့လဲဆိုတော့ သူ့ချစ်သူ Hwang Hyunjin နဲ့တွေ့ဖို့ချိန်းထားလို့ပါ ။ ဒါပေမယ့် အိမ်ကနေမလိမ့်တပတ်နဲ့ထွက်ရမှာမို့ သူငယ်ချင်းတွေကိုလာခေါ်မှာကို ရင်တထိတ်ထိတ်နဲ့စောင့်နေရတယ် အလိမ်ပေါ်သွားရင်သူတော့သွားပြီဘဲ ။

*10 mins later*

" Seungmin ရေ ငါတို့လာပြီ "

ေရာက်လာပါပြီ ချစ်လှစွာသောသူငယ်ချင်းတွေ သူတို့လည်းကျွန်တော့ကြောင့်အေးဆေးမနေရဘဲ အပင်ပန်းခံပြီးလိုက်ပေးရတာ ကျွန်တော်ကလည်းအိမ်ကနေမထွက်ရဲတော့ သူတို့ကိုဘဲအပူကပ်ရတာပေါ့ ။

On & OffWhere stories live. Discover now