ရွှမ်းကျီးက သူ့ခြေထောက်ကိုမြှောက်လိုက်ကာ ထိုလူကိုလှမ်းဖမ်းထားလိုက်သည်။

သေသေချာချာကြည့်လိုက်သောအခါမှာတော့ ၎င်းမှာ သူ့ဌာနမှ ယန်ချောင်ဖြစ်နေသည်!

ရွှမ်းကျီး : “တက္ကသိုလ်ကျောင်းသားလေး….မင်းက ဘယ်လိုဖြစ်ပြီးဒီရောက်လာတာလဲ?”

ယန်ချောင်မှာ အခုလေးတင် ကြက်သွန်နီအလုံးတစ်ရာကို လှီးထားရသူတစ်ယောက်လို၊ သူ၏ဇီဝကမ္မတုံ့ပြန်မှုကြောင့် အလိုအလျောက်ကျဆင်းလာသောမျက်ရည်များမှာ မရပ်ဆဲနိုင်တော့ဘဲ ငိုရင်းငိုရင်းက မျက်လုံးများပင်ကန်းသွားတော့မယောင်။ ၎င်းမှာ သူ၏ခြေလက်လေးချောင်းလုံးကိုသုံးကာ ရွှမ်းကျီး၏ပေါင်တစ်ဖက်ကိုဖက်တွယ်ထားနေရင်း သူ့အထက်အရာရှိထံတွင် အကောင်းပကတိအတိုင်းကျန်ရှိနေဆဲဖြစ်သည့် တစ်ခုတည်းသောအင်္ကျီစတစ်စကိုဆွဲဖြဲမိတော့မလိုပင်ဖြစ်နေရှာတော့သည်။ သူက တရှုံ့ရှုံ့ငိုကြွေးနေရင်းက ဗလုံးဗထွေးပြောလာသည်။

“ဒါရိုက်တာ…အဟင့်…ကျွန်တော် ဝင်ခွင့်စာမေးပွဲမအောင်သေးဘူးဗျ!”

ရွှမ်းကျီးမှာ သူ့ခါးပတ်ကို ခက်ခက်ခဲခဲပြန်ဆွဲထားနေရရင်းက ဒေါသတကြီးအော်ဟစ်လိုက်၏။

“မင်းတို့ကောင်တွေ ဘာတွေလျှောက်လုပ်နေတာလဲ? ဘယ်ခွေးသူတောင်းစားက တောင်ကိုဖောက်ခွဲလိုက်တာလဲ? ဒီနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာကိုရော သိကြရဲ့လား!”

ယန်ချောင်ခမျာ မတရားစွပ်စွဲခံလိုက်ရရှာသည်။ သူ့ခမျာရှင်းပြချင်သော်လည်း အငိုမရပ်နိုင်ရှာသေးပေ။

ရှန့်လင်ယွမ်းက ရုတ်တရက်ကြားဖြတ်မေးလိုက်သည်။

“ချင်းဖျင်ပြည်နယ်က လူတွေလာကြပြီလား? ဘယ်နှယောက်လဲ?”

ရွှမ်းကျီးမှာ သူ၏ဝေါဟာရအသုံးအနှုန်းများကိုပြန်ပြင်ပေးရန်အချိန်မရှိသောကြောင့် ယန်ချောင်ကို မဆိုင်းမတွဘာသာပြန်ပေးလိုက်၏။

ယန်ချောင်က နှာတရှုံ့ရှုံ့လုပ်နေရင်း ပြန်ဖြေလိုက်ရှာသည်။

“ငါးယောက်….မဟုတ်ဘူး…ခြောက်…ခြောက်ယောက်….ဒါရိုက်တာ သူက ဘယ်သူလဲ? ဒီအဆင်လေးက ဘယ်ကရောက်လာတာလဲ?”

သောကမီးလျှံWo Geschichten leben. Entdecke jetzt