𝙲𝚑𝚊𝚙𝚝𝚎𝚛 - 𝙾𝚗𝚎

Start from the beginning
                                    

နောက်postတစ်ခုကတော့ ခရီးသွားblogတစ်ခုက တင်ထားတာ။စပယ်ပွင့်တွေကို အနက်ရောင်ကတ္တီပါအခင်းပေါ်ကျဲဖြန့်ထားသလို သိပ်ကိုလှပြီးကြည်တောက်နေတဲ့ကောင်းကင်ကြီးထဲက ကြယ်ခိုးကြယ်ငွေ့တွေ။အဲ့တာကိုမှ ကောင်လေးနဲ့ကောင်မလေးအတွဲက ကောင်းကင်ကိုမျက်နှာမူပြီးကျောခိုင်းရိုက်ထားတဲ့ပုံ။ captionကပါလိုက်သေး

'အရာရာကိုလွှတ်ချခဲ့ပြီး အချစ်နဲ့အမှတ်တရတွေဖန်တီးကြည့်ပါ'တဲ့။

comment boxထဲဝင်ကြည့်လိုက်တော့လည်း အပြိုင်အဆိုင် mentionခေါ်ထားတာတွေရော အချစ်မရှိလို့ကြေကွဲနေတဲ့လူတွေရော အများအပြားပဲ။
ကိုယ်တွေလိုပေါ့ လွှတ်ချချင်တာတောင် အမှတ်တရဖန်တီးစရာအချစ်ကမရှိ။တခါတလေတော့လည်း လူလူသူသူအချစ်ကလေးတစ်ယောက်တော့လိုချင်သား။ရည်းစားသာရကြည့်ပါလား တနေ့ကို289ခါလောက်postတင်ပြီးရည်းစားreviewတွေ ထိုင်ရေးပစ်မှာ။ ရိုးရိုးရေးရုံတင်မကဘူး..pageထောင်သင့်ထောင်လိုက်မယ်..ဟွန့်။

'ယောကျာ်းတွေကမကောင်းဘူး'

'ယောကျာ်းတွေကကောင်းပါတယ် သူတို့အချင်းချင်းဆိုရင်ပေါ့'

Postတစ်ခုထဲကိုပဲ အတူတူ shareထားပေမဲ့ captionကတော့မတူ။မိန်းကလေးတွေများလည်းနော်...မကောင်းတဲ့ကောင်တွေပဲ လိုက်ပတ်သက်နေပြီး တစ်ခုခုဆိုယောကျာ်းတွေမကောင်းဘူးပဲ အော်နေတော့တာပဲ။ကိုယ်တွေလိုကောင်းတဲ့ယောကျာ်းကျတော့ ရှိတယ်လို့တောင်မထင်ဘူး။
ဘာနေနေစိတ်ဝင်စားသွားတာမို့ မူရင်းတင်ထားတဲ့အထဲကို ဝင်စပ်စုကြည့်လိုက်တယ်။
အော်...ယောကျာ်းလေးနှစ်ယောက်အတွဲပဲ။post တင်တဲ့လူက ကောက်ချိတ်ပြီးဖုန်းမကိုင်တာကို နောက်တစ်ယောက်က သူများအားကျချင်စရာကောင်းလောက်အောင် ချော့ထားတာတွေကို screenshotရိုက်ပြီးတင်ထားတာ။ဘာဖြစ်ဖြစ်ကြွားတာပါပဲ။အေးပေါ့...သူတို့ကရှိရှာတာကို။တော်ပြီ..တော်ပြီ ရင်နာစရာတွေကို အချိန်ကုန်ခံယူမနေတော့ဘူး။
လက်ထဲကဖုန်းကို အိပ်ရာထဲဖြစ်သလိုပစ်ချလိုက်ပြီး အိပ်နေရာကထကာ အပျင်းကြောဆန့်လိုက်တယ်။အိပ်ရာထဲမှာပဲ အမြဲနေ,နေတော့ ခြေထောက်တွေက မတ်တပ်ရပ်လို့တောင်သိပ်မကောင်းချင်။

𝚁𝚎𝚌𝚒𝚙𝚎 𝚏𝚘𝚛 𝙻𝚘𝚟𝚎 𝙸𝚗𝚐𝚛𝚎𝚍𝚒𝚎𝚗𝚝𝚜 :Where stories live. Discover now