လက်နက်ဘေးကြောင့်ဖြစ်လာတဲ့ဒဏ်ရာထက် ထိတွေ့
မရကိုင်တွယ်မရဘဲသူ့အလိုလိုရောက်လာတဲ့
သံယောဇဥ်ကြောင့်ဖြစ်လာတဲ့ဒဏ်ရာကပိုခံရခက်လှပေသည်။

~~~

Meeting ခန်း၌ မျက်နှာချင်းဆိုင်နေကြသောလူတစ်စုဟာ ကိုယ်စီအလိုမကျမှုများစွာနဲ့ဖြစ်လေသည်။

အကြောင်းသည် သွေး မိဘမဲ့ကလေးတွေအတွက် ဂေဟာဆောက်ပေးနေခြင်းကိုတချို့က သဘောမကျချင်ဟန်ဖြစ်နေသည်။

"ဆိုစမ်းပါဦး ကန့်ကွက်ချင်ကြတဲ့အဓိကအကြောင်းရင်းလေး''

သွေးဘက်ကစကားစခြင်းဖြစ်သည်။
ထိုအခါ ရှယ်ယာဝင်တစ်ယောက် က သက်ပြင်းချပြီး မတ်တပ်ရပ်သည်။

"ကျွန်တော်တို့ဒီကုမ္ပဏီကိုဝင်လာတာ
ယုံကြည်လို့ ကျွန်တော့်တို့ရဲ့ငွေတွေကိုရင်း
ပြီးဝင်လာတာပါ အခု Ceoလေး လုပ်နေတာက ကျွန်တော်တို့အတွက်အမြတ်မပြောနဲ့အရင်းတောင်ပြန်မရပါဘူး မိဘမဲ့ဂေဟာဆိုတာကလေးတွေကိုစောင့်ရှောက်ဖို့ ချက်ဖို့ပြုတ်ဖို့သန့်ရှင်းရေးလုပ်ဖို့လူတွေငှားရတယ် နောက်ပိုင်းအလှူရှင်တွေပေါ်နိုင်ပေမယ့် ကုမ္ပဏီကြီးတစ်ခုက ဂေဟာဖွင့်ပြီးအလှူခံတယ်ဆိုရင် အရမ်းရှက်စရာကောင်းပါတယ်''

"ရှင်းရှင်းလင်းလင်းပြောပါ ဘာဖြစ်ချင်တာလဲ''

အဓိကဖြစ်ချင်တာကိုရှင်းသွားအောင်သွေးမေးလိုက်ခြင်းဖြစ်ပေသည်။

ထိုအခါ မတ်တပ်ရပ်လျှက်သားရှယ်ယာဝင်က တစ်ဖန်သက်ပြင်းချပြန်သည်။

"ဂေဟာဆောက်ဖို့ကိစ္စကိုပြန်စီစစ်ပေးပါ
ရိုင်းရိုင်းပြောရရင်မဆောက်တာဘဲကောင်းပါတယ်ဘာအကျိုးအမြတ်မှမရှိလို့''

"နေစမ်းပါဦး ဒီအားကိုးစရာမဲ့နေတဲ့ကလေးတွေကခင်ဗျားနေနေတဲ့နိုင်ငံကကလေးတွေပါနော် အမြတ်ရမှာမရတာထက် ကိုယ့်နိုင်ငံက ကလေးတွေရဲ့အနာဂတ်တောက်ပဖို့ကပိုအရေးကြီးတယ် မဟုတ်ဘူးလား''

"Ceoလေး ဘာတွေတွေးနေလဲဆိုတာကျွန်တော်သဘောပေါက်တယ် ဒါပေမဲ့
ကလေးတွေများလာလေကလေးကိုစောင့်ရှောက်ဖို့လူတွေလည်းပိုများလာလေဖြစ်လိမ့်မယ် ဒါဆိုရင် ကျွန်တော်တို့ဘက်ကအထွက်လည်းပိုများလေဖြစ်လိမ့်မယ် ''

အဖြူရောင်စာမျက်နှာ(Complete) حيث تعيش القصص. اكتشف الآن