One-sided love is hurt

32 1 0
                                        

နေရောင်ခြည်ဖြာကျကာ ပတ်ဝန်းကျင်တစ်ခုလုံးအေးချမ်းမှုများ ဖုံးလွှမ်းနေသည်..ထိုပတ်ဝန်းကျင်ကိုအသက်သွင်း​လိုက်သော ကလေးနှစ်ယောက်သည်လည်းထို့အတူပင် အေးချမ်းမှုများဖြင့်ပြည့်နှက်နေကာ ပြေးလွှားဆော့ကစားနေလေသည်

အသက်၂၃နှစ်ရှိပြီဖြစ်သော ရှောင်ကျန့်သည် အဖြူရောင်ဝတ်စုံဖြင့် ခန့်ညားနေပင်သော်လည်း ရင်ထဲတွင်လူတွေမသိသော...သူကိုယ်တိုင်ပင်သူများမသိစေချင်သော နာကျင်မှုများကိုရင်ဝယ်ပိုက်ကာ နှုတ်ခမ်းပါးထက်အပြုံးတစ်ခုရေးဆွဲထားရာ တစ်စုံတစ်ဦးရဲ့လက်ထပ်ထိမ်းမြားပွဲသို့ ဂုဏ်ပြုရန်ရောက်ရှိနေလေသည်
လွန်ခဲ့သော၁၅နှစ်,
အသက်၈နှစ်အရွယ်ရွယ်တူကောင်လေးနှစ်ယောက်သည် အမြဲတမ်းသွားအတူ စားအတူ တိုင်ပင်ဖော်တိုင်ပင်ဖက် သူငယ်ချင်းများဖြစ်ကြသည် တစ်ယောက်မှာရှောင်ကျန့်လို့အမည်ရတဲ့ယုန်သွားလေးဖြင့်ပြုံးလိူက်လျှင် ချစ်စရာကောင်းသူလေးဖြစ်ကာ တစ်ယောက်မှာတော့ပါးဖောင်းဖောင်းလေးဖြင့် ချစ်စရာလေးလို့ပြောလျှင် မကြိုက်တတ်သည့် ခပ်ချေချေကောင်လေးတစ်ယောက်ပင်ဖြစ်လေသည်

ငယ်ငယ်ကတည်းကမိဘထိန်းချုပ်မှုအောက်တွင်နေလာခဲ့သော ယုန်ပေ။က်လေးသည် အလွန်ပင်နူးညံ့ကာ သူ့သူငယ်ချင်းဖြစ်သူ ဝက်ပေါက်လေးကိုအလွန်ပင်အားကိုးလွန်းသူလည်းဖြစ်သည်...၈နှစ်အရွယ်ကောင်လေးအဖို့ ထိုအားကိုးချင်စိတ်သည် အချစ်ဟူသောခေါင်းစဥ်အောက်တွင်ထားဖို့နေနေသာသာ...သူ့ကိုယ်သူလည်းပြန်လည်မသုံးသပ်မိခဲ့ပါ....

အထက်တန်းကျောင်းသား၁၆နှစ်အရွယ်ရောက်လာသောအခါမှာတော့ ရှောင်ကျန့်စတင်သတိထားစပြုမိလာပါသည်...နောက်ဆုံးမှုတော့ ထိုသူကြောင့်ဖြစ်လာသော အားကိုးချင်စိတ်ကို အောင်အောင်မြင်မြင် 'အချစ်' ဆိုသည့်ခေါင်းစဥ်အောက်တွင် ထားခဲ့မိသည်..
"မင်းငါ့ကို တကယ်ခင်တာလား ငါ့ကိုထားမသွားဘူး မလား" ဟုမေးလိုက်တိုင်း
"ဒါပေါ့ကွ ငါကမင်းနဲ့တသက်လုံးအတူနေမှာ" ဟုဖြေတတ်သောဟိုးတုန်းကဝက်ပေါက်လေးသည် ယခုဆိုလျှင် အနေတည်သောcool guyလေးဟုတင်စားခံနေရသော ရှောင်ကျန့်သူငယ်ချင်း တဖြစ်လည်း ရှောင်ကျန့်ချစ်ရတဲ့ရိပေါ်ကြောင့် သူ့ရဲ့ယုံကြည်မှုများဆပွားကာ အနှောင်အဖွဲ့ကင်းကင်းဆက်ချစ်မြဲဖြစ်သည်... ထိုနေ့မတိုင်ခင်ထိပေါ့

One-sided love is hurt(One shot)Stories to obsess over. Discover now