“နိုင်း.. ဘာလို့.. မျက်ရည်တွေကျနေတာလဲ.’
‘ဟင်. ဆောရီး အောင်.။ရုတ်တရက် ကိုယ်ဘာဖြစ်သွားမှန်းမသိဘူး။”
အောင်က ဆက်မမေးပါ။ဖျော်ရည်ခွက်လေးကိုသာပိုက်ဖြင့်မွှေနေရင်းအတွေးများနေမိသည်။ နိုင်းက ဘာလို့ သူ့အနမ်းကိုရှောင်တာလဲ။သူ က သူပိုင်အောင်အဖြစ်ဖြင့် နေလာသည်မှာ သုံးလကျော်နေခဲ့ပြီ ကို သူကရှောင်လိုက်. နိုင်းက ရှေ့မတိုးလိုက်ဖြင့် နမ်းရှိုက်ဖြစ်ကြသည်ဆိုသည်မှာလည်း ခပ်ရှားရှား။ နှုတ်ခမ်းလေးဖွရုံ၊ထိကပ်ရုံလောက်လေးသာ နမ်းဖြစ်ခဲ့သည်။ဒီညတော့ဖြင့် နိုင်းဆက်နှင့် အနမ်း ကြာရှည်ပေးရန် သူ ဆုံးဖြတ်ထားလိုက်မိသည်။
“တူပါတယ်လို့ကြည့်နေတာ။သူပိုင်.. မင်း လည်းနော်. အကို့ဆီတောင်လာမလည်ဘူး။”
ရုတ်တရက် သူတို့ထိုင်နေသည့် စားသောက်ဆိုင်၏ဘန်ဂလိုအိမ်သေးလေးထဲ ဝင်လာသည့် လူနှစ်ယောက်ကိုကြည့်ကာ အောင်က ယောင်အအ။ဖွေးဖွေးဖြူသည့်အသားနှင့် ရယ်လိုက်တော့ သွားတက်ကလေးတစ်ဖက်ပါ လှစ်ခနဲပေါ်လာသည့် ကောင်လေး၏ဘေးတွင်က အရပ်ခပ်မြင့်မြင့် အသားဝင်းဝင်းဖြင့် ခပ်ချောချောလူတစ်ယောက်။
“ကိုခွန်မင်းနဲ့ နောင်ငယ်. ထိုင်ပါဗျာ။”
နိုင်းဆက်က ဧည့်ဝတ်ပြုတော့ နှစ်ယောက်သားဝင်ထိုင်ကြသည်။ခုထိ ပြုံးပြနှုတ်ဆက်နေကြသည့် သူတို့ကိုကြည့်ကာ အောင် ဘာမှမသိ။မျက်စိရှေ့ကလူတွေက ဘယ်သူမှန်းလည်း အောင် မသိပါ။
“ဟေ့ အကို့ကို စိတ်ဆိုးနေတာလား။ သူပိုင် ဆေးရုံတက်တုန်းကလည်း အကိုတောက်လျှောက်လာ ကြည့် သေးတယ်လေ။အသင်က ပြည်ပမှာ သုံးလလောက်သွားနေရမယ်ဆိုလို့ လိုက်သွားတော့မှသာ သူပိုင် ဆေးရုံဆင်းတာမသိလိုက်တာပါ။အကိုတောင်းပန်တယ်နော်။”
‘ဟုတ်ကဲ့.. ရ..ရပါတယ်။”
အောင့်ရဲ့ အမ်းတမ်းတမ်းဖြစ်နေပုံကို နောင်ငယ်က မျက်လုံးလေးဝိုင်းလျက်ကြည့်သည်။
“ဟင်.. သူပိုင် အကို့ကို မမှတ်မိတာလား။ဒါဆို ဒီက ကိုကို့ကိုရော..’