နောက် စက်တွေရဲ့တီ တီမြည်သံတွေနဲ့အတူ ပြေးလွှားနေသော ခြေသံကျယ်များ။

သူ့အနားဝိုင်း၍ မြန်မာစကားမဟုတ်တဲ့
အင်္ဂလိပ်ဘာသာစကားကိုပြောနေကြသောလူတစ်စု။

သူမျက်လုံးဖွင့်၍ကြည့်ချင်သော်လည်းမရပင်။

လက်ချောင်းများကိုလှုပ်နိုင်ပြီဖြစ်သော်လည်း စကား​ပြောဖို့သူပါးစပ်မဟနိုင်သေး။

ချောက်ထဲခုန််ချသွားတဲ့ကလေးငယ်ကိုပြန်မြင်ယောင်လေ သူ့ရင်ဘတ်တစ်ခုလုံး ကြေကွဲလေဖြစ်နေတော့ မျက်ရည်တို့လည်း စီးကျလာသည်။

နောက် တီ တီမြည်သောစက်သံတွေငြိမ်သွားပြီး သူ့လက်မောင်းထဲအပ်ထိုးဝင်လာသလိုလည်းခံစားနေရသည်။

"သား သတိရပါတော့သားရယ် ''

ကနဦးက မိန်းမကြီးရဲ့အော်သံဖြစ်သည်။

ဘာကြောင့် မိန်းမကြီးရဲ့အော်သံကသူ့ကိုကြေကွဲစေရသလဲ။ ကလေးငယ်ကရော ဘယ်သူလဲ

သေချာတာတစ်ခုဟာ နှစ်ယောက်လုံးရဲ့အသံကသူ့ကိုဝမ်းနည်းစေသလို နှစ်ယောက်လုံးရဲ့မျက်ရည်ဟာလည်း သူ့အားကြေကွဲစေပြန်သည်။

သူမျက်လုံးဖွင့်ကြည့်သော်လည်း မျက်ခွံကအတော်လေးနေတာကြောင့် လုံးဝဖွင့်မရ။

ထို့အစား သူတဖြည်းဖြည်းနဲ့အားဆုတ်ယုတ်ပြီး အိပ်ချင်လာတော့သည်။

~~~~

ဒီနေ့ကား သွေးရဲ့အလုပ်ပိတ်ရက်ဖြစ်လေသည်။

ဦးမရှိတဲ့နောက်နေ့ရက်တိုင်းကို မရွှင်မလန်းနှင့်သာဖြတ်သန်းနေရပြီ အိမ်တော်ကြီးထဲဝယ် တစ်ယောက်တည်းအတွေးပေါင်းစုံနဲ့ဖြစ်နေပေသည်။

ဒီနေ့လည်းထိုအတိုင်းပင်။

သို့သော် မတူဘဲကွဲထွက်သွားတာတစ်ခုက
သွေးမလုပ်တော့တာကြာပြီဖြစ်တဲ့ဘုရားပန်းလဲ ဘုရားရှိခိုးခြင်းကိုပြန်၍လုပ်ဖြစ်သည်။

အမှန်အတိုင်းဆိုရသော် ဒီနေ့ကား
သွေး တစ်ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့ဖြစ်သည်။

ဒါ့ကြောင့် သွေးမနက်လေးနာရီကတည်းကထပြီး ရေချိုးသန့်စင်ပြီးသည်နှင့် ခြံထဲဆင်းကာ မိမိကပ်ချင်တဲ့ပန်းကိုခူးလေသည်။

အဖြူရောင်စာမျက်နှာ(Complete) Where stories live. Discover now