"အာ... ကိုယ့်ကြောင့် ပိစိ နိုးသွားပြီ.. Sorryကွာ ကိုယ်အိမ်မက်ဆိုးတွေမက်နေလို့"

လူကြီးရဲ့မျက်ဝန်းတွေဟာ ဝမ်းနည်းရိပ်သန်းနေသလို... မျက်ဝန်းအိမ်ဟာဂဏာမငြိမ်ပဲ ခြောက်ခြား နေသလိုပုံစံမျိုးဆောင်ကျဥ်းနေ၏။

"ကျွန်တော်ရေခပ်ပေးမယ်နော်"

"ဟင့်အင်း..ပိစိ ဘယ်သွားပါနဲ့ ကိုယ်နားမှာပဲနေပေးပါ"

ဈာန်ဦးထိုက်ကပြောရင်းဖြင့် သူ့ရင်ဘတ်ပေါ်က ယောက်ျားပေါက်စရဲ့ခန္ဓာကိုယ်လေးကို ပိုတိုးကာဖက်လိုက်သည်... ။ရှိုင်းမာန်ခလဲ လူကြီးရဲ့ ဆံပင်လေးတွေကို လက်နဲ့လှမ်းသပ်ပေးတော့ ခဏအကြာမှာ ဈာန်ဦးထိုက် ပြန်လည်၍ အိပ်ပျော်သွားသည်...။

{လူကြီးပြောတဲ့ ကြည်ပြာဆိုတဲ့မိန်းကလေးကဘယ်သူလဲ... ။ လူကြီးနဲ့စတွေ့တဲ့နေ့ကလဲ ငါ့ကို ကြည်ပြာ လို့ခေါ်ပြီးပြေးဖက်တယ်... ။ လူကြီးနဲ့သူမက ဘယ်လိုပတ်သတ်မှုတွေရှိနေခဲ့တာလဲ။}

မေးခွန်းပေါင်းများစွာဖြင့် သူ တော်တော်နှင့်အိပ်မပျော်နိုင်တော့ပါ....။နောက်တနေ့မနက်သို့ရောက်သောအခါ ဈာန်ဦးထိုက်ဟာ ယောက်ျားပေါက်စမနိုးခင် အိပ်ယာမှအရင်ထနှင့်ပြီး ကုမ္ပဏီသို့လာရသည်။

"ကိုထိုက်တို့များနော် ယောက်ျားငယ်ငယ်ချောချောလေးရထားတော့.. ခုမှပဲတွေ့ရတော့တယ်"

ထည်ဝါလုပ်ငန်းစုတွင် ရှယ်ယာဝင်ထားသော သူ၏သူငယ်ချင်းဖြစ်သူ မြတ်သူ၏ စနောက်မှုကို ဈာန်ဦးထိုက် အပြုံးနှင့်သာတုန့်ပြန်မိသည်..။

"အဲ့လိုလဲမဟုတ်ပါဘူး မြတ်သူရယ်.. ကလေးက ထည်ဝါအိမ်တော်နဲ့အနည်းငယ်စိမ်းသက်နေလို့...  သူ့ရဲ့ အနားမှာနေပေးမိတာပါကွာ"

"ဟုတ်ပါပြီတဲ့ဗျာ.. ဒီနေ့ ဝန်ထမ်းအသစ်တွေရောက်တယ်... သူတို့ကိုမေးမြန်းပြီး အလုပ်ခန့်မယ့်သူစာရင်းထဲထည့်ပေးဖို့အတွက် ဥက္ကဌက မင်းကို ခေါ်ခိုင်းလိုက်တယ်"

အလုပ်လာလျှောက်သော ဝန်ထမ်းတွေကို အင်တာဗျူး၍ သင့်လျှော်သူကိုအလုပ်ခန့်ရန် စီစဥ်ဖို့အတွက် CEOဖြစ်တဲ့သူ့မှာတာဝန်ရှိ၏။ ထို့အတွက် သူ၏ဖခင်ဦးဈာန်သစ်က သူ့အား အခေါ်လွှတ်ခြင်းဖြစ်ပေလိမ့်မည်။

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Where stories live. Discover now