"ကျောင်းက လိုက်နှောင့်ယှက်နေတဲ့ လူပါ! သိတယ်မလားတချို့ သာပေါင်းညာစားတွေလေ။အတင်းတွယ်ကပ်နေတာ။"

"ဆိုက်ကိုကောင်လားသမီး မပေါ့နဲ့နော်။ သားမောင်ကလည်း ကိုယ့်ညီမကိုဂရုစိုက်မှပေါ့"

ဒေါ်ရင်ရင်လတ်က ဆိုတော့ ခင်စံပယ်ညိုလည်း
ချက်ချင်းပင် ဒေါ်ရင်ရင်လတ်၏ လက်မောင်းကို တွယ်ဖက်ကာ
"ကိုနွေကဖြင့် တစ်လနေလို့တစ်ခါ ခင့်ဆီမလာပါဘူးနော်"

"သားမောင်က ကိုယ့်ညီမဆီသွားမှပေါ့။ဒါမှ တခြားယောက်ျားလေးတွေက မကပ်ရဲဘဲ ရှိန်မှာပေါ့"

နွေဦးမောင်က ခေါင်းသာညိတ်ပြပေမဲ့ပန်းဦးမေကတော့ စွာကျယ်စွာကျယ်ဖြင့်
" အမလေး မေမေလတ်ကလည်း ခင်စံပယ်ညို ဆိုရင် မာနကြီးလွန်းလို့ ဘယ်သူမှတောင်မကပ်ရဲဘူး"

"ဟေ ဟုတ်လား"

"တော်ပြီတော်ပြီ။ အထည်သွားရွေးရမှာနောက်ကျတော့မယ်။သွားရအောင်လေ"

ခင်စံပယ်ညိုက ဆော်ဩလိုက်သည်။ မနက်ဖြန်ဆိုလျှင် သင်္ကြန်ကျပြီမို့ ဘုန်းကြီးကျောင်းတက်ဖို့ရန် အဝတ်အသစ်များချုပ်ထားခြင်းပင်။ နွေဦးမောင်သည် အိမ်ပြန်ရောက်ကတည်းက အိမ်ရှိမိန်းမသားများ သွားလိုရာနေရာရှိပါက အမြဲ ကားမောင်းကာလိုက်ပို့ရသည်။သူ့မှာနေ့စဉ်နေ့တိုင်း ကားမောင်းရသည်နှင့်ပင်အချိန်မအားလပ်။

"ပန်းဦး မလိုက်ဘူးမလား ။ အစ်ကို့နာမည်နဲ့ဖုန်းလာရင် တစ်ချက်ပြန်ပြောပေးဦးနော်"

"အင်း အင်း ဖုန်းနံပါတ်မှတ်ထားပေးမယ်လေ"

အပြင်သို့ရောက်ခါနီးမှာနွေဦးမောင်၏မှာတမ်းကို တစ်စွန်းတစ်စကြားလိုက်သည့်သူကတော့ ခပ်လှောင်လှောင်အပြုံးကိုသာ လူမသိသူမသိပြုံးလိုက်သည်။ ကိုနွေ့ဆီကို အဲ့သည့်အကောင် ထပ်ဆက်သွယ်မှာမဟုတ်ဘူး။

°°°°°°

"ဖုန်းမှားနေတယ်တဲ့"

ညှိုးငယ်စွာ ပြောလာသော စောနရီကိုကြည့်ပြီး ဥဿစိတ်များထွေပြားသွားရသည်။
ဥဿမနေ့ကပင် လိပ်စာအတိုင်း စောနရီကို လာတွေ့သည်။ အကြောင်းအရင်း ​ေရရေရာရာမရှိပါပဲ သူ အစောကိုတွေ့ချင်လှသည်။ပြောရလျှင် သူအဖေက သင်္ကြန်မှာ အိမ်လာဖို့ခေါ်မည်လည်းမဟုတ်။ သို့သော် စံပယ့်ဆီကိုတော့သွားဖို့ တိုက်တွန်းနေလိမ့်မည်။ ထိုပြဿနာအရပ်ရပ်ကိုရှောင်ဖို့ရန် နေရာတစ်နေရာကို ထွက်လာဖို့ စိတ်ကူးမိသည်က စောနရီရှိရာအရပ်ဖြစ်ခဲ့သည်။ သည်ကောင်လေးနှင့်ရှိနေလျှင် သူစိတ်မညစ်ရ။ ရောက်သည့်ရက်မှာပဲ ဆေးရုံမှာပြာယာခတ်နေသည့် ကောင်လေးကိုတွေ့တော့ အစစအရာရာပဲသူလိုက်ကူရသည်။ သို့သော် အစောကတော့ သူ့အကူအညီထက် နွေဦးမောင် ကို သာ အားကိုးချင်ဟန်ရှိသည်။
ဆက်သည့်ဖုန်းနံပါတ်မှန် မှန်းသူသိပေမဲ့ ...

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now