"အစ်မကြီးရယ် ကလေးစိတ်​ဖြောင့် ဖြောင့်နဲ့သွားပါစေ... ငိုကြွေးမနေပါနဲ့တော့"

ထိုအဒေါ်ကြီး နှစ်သိမ့်ပေးနေသည်ကို နားထဲမဝင်နိုင်စွာဖြင့် ကြည်ပြာ၏မိခင်သည် ဈာန်ဦးထိုက်၏ ရင်ခွင်ထဲတွင် တသိမ့်သိမ့်ရှိုက်ငိုလျက် ဈာန်ဦးထိုက်ကို စကားဆိုလေ၏။

"သားဈာန်ရယ်.... ဟင့်...မာမီ ရဲ့သမီးလေးက မာမီတို့ကိုထားခဲ့ပြီ ဟင့်"

မိခင်တယောက်၏ပူဆွေးသောကကို မည်သူကကိုယ်ချင်းစာနိုင်မည်လဲ။ သမီးနှစ်ယောက်ရှိသော်လည်း အကြီးဖြစ်သူက နိုင်ငံခြားတွင်ရောက်နေပြီး ... အငယ်ဖြစ်သူက သေကွဲခွဲသွားခဲ့တာမို့ မိခင်ဟာရင်ထုမနာငိုကြွေးနေသည်မှာ ဖြစ်သင့်ပါသည်လေ။

"မာမီရယ်.. မငိုပါနဲ့တော့ ကြည်ပြာက ကောင်းရာမွန်ရာရောက်မှာပါ....   ကြည်ပြာရေ မင်းအတွက် ကိုယ်ပြန်ပြီးလက်စားခြေပေးပါ့မယ်"

ဈာန်ဦးထိုက်ရဲ့ မျက်ရည်စက်တွေဟာ... မိုးရေတွေနှင့်ရောယှက်လျှက် မြေခသွားလေသည်....။ ဓာတ်ပုံထဲက မိန်းကလေးကတော့ ပြုံးမြဲပြုံးလျှက်ပင်.... ။

ရာသီတွေပြောင်း၍ နှစ်တွေလဲဟောင်းခဲ့ပြီမို့ အတိတ်တချို့ဟာလဲ အရောင်လွင့်ပြယ်နေတဲ့ပန်းချီကားတချပ်လို အတိတ်နေ့ရက်တွေမှာကျန်ခဲ့ပါပြီလေ..။ သို့ပေမယ့် မင်းကိုတော့ ဒီနေ့အထိ မမေ့နိုင်သေးဘူး ကြည်ပြာရယ်။

ကြည်ပြာ သေဆုံးမှုနှင့်ပတ်သတ်၍ တရားခံဟာ ယခုထိဖမ်းမမိသေးပေ..။ အပုန်းကောင်းလွန်းသည်ဟုဆိုလေမလား..။ သို့ပေမယ့် ဈာန်ဦးထိုက်ဟာ လက်လျော့ခြင်းမရှိပဲ တရားခံကိုစုံစမ်းနေဆဲဖြစ်သည်..။ အပြစ်လုပ်တဲ့သူဟာ ထိုက်သင့်တဲ့အပြစ်တော့ ပြန်ခံစားရမှ တရားမျှတမည်မဟုတ်လား...။ သုံးနှစ်ခန့်ကြာသော်... ကြီးမားကျယ်ပြန့်သော ခြံဝန်းကြီးအတွင်းသို့.... နောက်ဆုံးပေါ်အနီရောင်အမိုးဖွင့်ကားလေးတစ်စီးမောင်းဝင်လာသည်  .....။

"သခင်လေးဈာန်ဦးထိုက် ရောက်လာပြီလား"

အိမ်တော်ကြီးထဲမှအထိန်းတော်ကြီးရဲ့စကားကြောင်​့.... ဈာန်ဦးထိုက် ကားပေါ်ကဆင်းလိုက်သည်... ။ အပေါ်အောက်အဖြူရောင်အနောက်တိုင်းဝတ်စုံလေးကို သေသပ်စွာဝတ်ဆင်ထားသော ဈာန်ဦးထိုက်ဟာ ဥပဓိရုပ်ရှိပြီး ခန့်ညားလွန်းလှသည်... ။ ဈာန်ဦးထိုက်တယောက် ဖခင်၏ခိုင်းစေမှုကြောင့်  ဆည်းဆာရိပ်မြုံ အိမ်တော်သို့ရောက်လာခြင်းဖြစ်သည်...။

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Where stories live. Discover now