စကားပြောချင်စိတ်ကပျောက်ကွယ်နေတော့ သွေး ခေါင်းပဲညိတ်သည်။

အကြည်ရောင်မှန်ရဲ့အပြင်ဘက်က
လေယာဥ်တွေကို အသက်မဲ့စွာ တစ်ချက် ကြည့်လိုက်မိခိုက် မျက်ရည်တစ်ပေါက်ပြိုကာဆင်းသည်။

မြန်မာဝတ်ရုံဝမ်းဆက်အပြာလေးနဲ့
အန်တီချိုက သွေး ခေါင်းကိုညင်သာစွာပုတ်ရင်း မျက်ရည်တို့အား ထိန်းနေလေသည်။

"အများကြီးမမျှော်လင့်နဲ့နော်သား
မဟုတ်ရင် သားလေးထပ်ပြီးနာကျင်ရလိမ့်မယ်''

သွေးခေါင်းပေါ်ကအန်တီချိုလက်ကိုဆုပ်ကိုင်လိုက်ပြီး ခေါင်းကိုပြတ်ထွက်မတတ်ယမ်းမိလေသည်။

"မဟုတ်ပါဘူးဗျ ဦးကျွန်တော့်ဆီပြန်လာမှာပါ ဦး က ကျွန်တော့်ကို အရမ်းချစ်တာဗျပြန်လာလောက်မှာပါ''

"သားလေးရယ်''

အန်တီချိုသည် သွေးကိုတစ်ဖန်ပွေ့ဖက်ပြီးငိုကြွေးနေသည်။

တစ်ယောက်ကသားကြောင့်ငိုကြွေးသလို
တစ်ယောက်ကလည်းခင်ပွန်းကြောင့်ငိုကြွေးသည်။

နှစ်ယောက်လုံးရဲ့အတိုင်းမသိတဲ့နာကျင်မှုဟာ ထပ်တူကျမည်ထင်ပါသည်။

"မေမေသွားတော့မယ် လိမ်လိမ်မာမာနေခဲ့ရမယ်နော်သားလေး သားလွှမ်းကိုတကယ်ချစ်ရင်သားလေးကလိမ်လိမ်မာမာနေပေးပါနော်''

အန်တီချိုသည်သွေးပါးပြင်နှစ်ဖက်ကိုပွတ်သပ်ကာ မျက်ရည်စတို့သုတ်ပေးလေသည်။

လူငါးယောက်လောက်သာဆန့်သည့်
လေယာဥ်ပျံလေးကောင်းကင်ပေါ်ဆန်တက်သွားသည့်အချိန်မှာတော့ သွေး ပြေးကာလိုက်ကြည့်မိသည်။

အကြည်ရောင်မှန်တွင်လက်ဖဝါးနှစ်ဖက်
ထောက်ကပ်ထားရင်း အဝေးရောက်နေသောလေယာဥ်ကိုမျက်ရည်များစွာနဲ့ အသက်မဲ့စွာ ငေးကြည့်မိသည်။

တိမ်တွေကြားလေယာဥ်ပျောက်ကွယ်သွားသည်နှင့် သွေး ကြွေကြမ်းပြင်ပေါ် ခွေကျသွားတော့သည်။

မျက်ရည်တွေကအတားဆီးမဲ့စွာပြိုဆင်းပြန်တော့ သွေး အင်္ကျီကလည်း စိုချင်လာသည်။

"​တော်ပြီ သွေး ခေါင်းကိုက်မယ်''

ဒေါင်းလည်း အတန်းပြီးပြီးချင်း သွေးဆီ​ပြေးလာခြင်းဖြစ်သည်။

အဖြူရောင်စာမျက်နှာ(Complete) Where stories live. Discover now