Chapter 37 (Zawgyi)

Start from the beginning
                                    

ပြတ်စဲပြီးသွားတဲ့အချစ်ဆိုတာ အနှေးနဲ့အမြန် ဖြတ်ကျော်နိုင်မှာပါပဲလေ။

လီရှော့သည် သူ၏ နာကျင်နေသောပေါင်တံတို့ကို ဆွဲဆန့်ကာ စကွပ်ရှ်ကွင်းထဲကနေ ထွက်လာခဲ့လိုက်တော့သည်။

ရေချိုး အဝတ်စားလဲပြီးသည့်နောက် သူသည် ဖုန်းထဲမှ ဟန်ဖေးယဲ့၏ မစ်ကောလ်တစ်ကောလ်နှင့် ခုညအချိန်ရရင် ရုပ်ရှင်ကြည့်ကြမလား ဟုမေးမြန်းထားသည့်မက်ဆေ့ခ်ျတစ်စောင်ကို မြင်လိုက်ရသည်။ သူသက်ပြင်းချလိုက်မိ၏။တကယ်တမ်းကျ သူ့စိတ်ထဲတွင် ခုချိန်မည်သူ့ကိုမျှမြင်ချင်တွေ့ချင်စိတ် ရှိမနေပေ။သို့သော်လည်း သူသည် ကောင်းပြီ ဟူ၍သာ စာပို့လိုက်တော့သည်။

အိမ်ကိုပြန်ကာ အဝတ်အစားတွေ လဲလှယ်ပြီးသည့်နောက်မှာ သူသည် ရုပ်ရှင်ရုံသို့ အပြေးအလွှား သွားရပြန်သည်။

ဟန်ဖေးယဲ့က ဟိုးတုန်းကတည်းက ခိုင်မာပြင်းပြသည့် ရသအမျိုးအစား ရုပ်ရှင်မျိုးကိုသဘောကျတတ်သူဖြစ်သည်။ယခုတစ်ခါရွှေးချယ်ထားသည့်ရုပ်ရှင်ကားမှာလည်း ခြွင်းချက်မရှိ ဤသို့သောအမျိုးအစားပင်။ဇာတ်ကွက်ကတော့ ရေကဲ့သို့ပေါ့ပါးပေမယ့် ရုပ်ထွက်အရည်အသွေးကတော့ အထူးကောင်းမွန်ကာလှပသည်။ ကောလိပ်တက်ကတည်းက ဟန်ဖေးယဲ့သည် ဓါတ်ပုံပညာကို သဘောကျတတ်သူမို့ သူတို့နှစ်ဦးသားသည် အလင်းအမှောင်တွေ၊ မှန်ဘီလူးတွေအကြောင်းကိုသဘာဝကျကျပင် ပြောဆိုဖြစ်ခဲ့ကြပြီး စကားဝိုင်းက လုံးဝကိုပျင်းစရာကောင်းမနေခဲ့ပါပေ။

ရုပ်ရှင်ကြည့်ပြီးသွားကြတော့ နှစ်ဦးသားက အနီးဆုံးတရုတ်စားသောက်ဆိုင်တစ်ခုမှာ ညစာစားလိုက်ကြသည်။

ဟန်ဖေးယဲ့ခမျာ ငရုတ်သီးတောင့်ကိုကိုက်မိသွားကာ သီးသွားရင်း မျက်နှာတစ်ပြင်လုံးနီရဲလာပေမယ့် အလွန်အမင်းတောင့်ခံကာ စားလိုက်ရ၏။

လီရှော့ပြုံးကာ ဆိုလိုက်မိသည်။

"ဒီလောက်နှစ်အများကြီးကြာတာတောင် မင်းရဲ့အစပ်စားနိုင်တဲ့စွမ်းရည်က တိုးတက်မလာသေးဘူးပဲ"

"မဖြစ်နိုင်တာ။ ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာအရ သာဒီလိုဖြစ်နေတာ။ဒါပေမယ့် ငါက ငရုပ်သီးစားရတာ ကြိုက်တယ်"

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now