ကျောင်းတုန်းက ရည်းစားမကျ သူငယ်ချင်းမကဖြစ်ခဲ့ဖူးတဲ့ ဝမ်ချင်းနဲ့တောင် နမ်းရှိုက်ရတာမတူညီတဲ့ နှုတ်ခမ်းလေးသည် သူနှုတ်ခမ်းပါးလေးတွေကြားမှာ နူးညံ့စွာ ပျော်ဝင်နေခဲ့သည်။

အပေါ်နှုတ်ခမ်းကိုလွတ်လို့ အောက်နှုတ်ခမ်းလေးကို ဆွဲယူထွေးငုံလိုက်တော့ သူ့ခါးလေးပေါ် တင်းကျပ်စွာ ရောက်လာတဲ့ ကောင်လေးငယ်ငယ်ရဲ့လက်တွေကြောင့် ရှောင်းကျန့်ပြုံးလိုက်မိသည်။ ကောင်လေးသည် သူကြိုးဆွဲရာ လိုက်ကနိုင်သည့် ကြိုးဆွဲရုပ်လေးတစ်ရုပ်။ သူပုံဖော်ပေးနိုင်သည် ဖယောင်းရုပ်ထုငယ်လေးတစ်ခုပါ။

အောက်နှုတ်ခမ်းကို အသာဖိကိုက်လိုက်တော့ ငြီးသံတိုးတိုးနဲ့ ချက်ချင်း ပွင့်ဟသွားတဲ့ နှုတ်ခမ်းလေးကြောင့် ရှောင်းကျန့် လျှင်မြန်စွာ ထိုနှုတ်ခမ်းလေးထဲ သူ့လျှာဖျားလေး တိုးဝင်နယ်ချဲ့မိတယ်။ တစ်ကယ် နွေးထွေးလွန်းတဲ့ အိမ်ငယ်လေးတစ်လုံးထဲ ရောက်သွားသလို ခံစားချက်လေးမျိုး...။

အထိအတွေ့မှာ သာယာတယ်လို့ သူပြောခဲ့သည့်အတိုင်း ရှောင်းကျန့်လက်တွေ၏ ဦးတည်ရာသည်လည်း သူ့ပေါင်ပေါ်မှာ အတောင့်လိုက်လေး တည်ရှိနေတဲ့ ကောင်လေးငယ်ငယ်ရဲ့ ခန္ဓာကိုယ်ကို အနှံ့ ထိတွေ့ကိုင်တွယ်နေမိသည်။

အိကျီပေါ်ကနေ ကိုင်တွယ်ထိတွေ့နေရတာကိုပင် မတင်းတိမ်နိုင်တော့တဲ့ ရှောင်းကျန့်ဟာ ကောင်လေးငယ်ငယ်ရဲ့ အိကျီစကို ခါးနားက အသာဟပြီး လက်တွေတိုးဝင်မိတော့ နူးညံ့လွန်းတဲ့ ဗိုက်သားပြင်ရှပ်ရှပ်လေးမှာက အဖုအထစ် ရေးရေးလေးနဲ့ ။ ထိုမှတစ်ဆင့် ရင်ဘက်နားထိ တိုးသွားမိတော့ ရှောင်းကျန့် နမ်းရင်း ပြုံးရပြန်သည်။ ဘယ်မှာလည်း ကိုင်တွယ် ဆုတ်နယ်လို့်ကောင်းမဲ့ အသားစိုင်တွေ။ ရေးရေးလေးတောင် မရှိခဲ့ဘူး။ ဒါကို ဘာလို့ သူက ဒီကောင်လေးငယ်ငယ်ရဲ့ အထိအတွေ့ကြားမှာ သာယာပြီး ချစ်မိသွားရပါသလဲ..။

ရှောင်းကျန့် နမ်းနေရာကနေ သူ့ပေါင်ပေါ် ဘေးစောင်ထိုင်နေသော ကောင်လေးငယ်ငယ်ရဲ့ ပုံစံလေးကို အသာအယာပြောင်းပေးလိုက်သည်။ ယခုဆို ကောင်လေးငယ်ငယ်က သူ့ပေါင်ပေါ်မှာ ခွထားလျှက်ဖြစ်သွားပြီ ။ ဒါကြောင့် နမ်းရှိုက်နေတဲ့ နှုတ်ခမ်းလေးကို အသာလွတ်ပေးပြီး သူ့ရှေ့တည့်တည့်မှာရှိနေတဲ့ လည်တိုင်ဖွေးဖွေးကို ခရီးထွက်ခဲ့ပြန်သည်။

Love is Blind ( Completed  )Waar verhalen tot leven komen. Ontdek het nu