level-18

5K 377 23
                                    

ဆောင်းရာသီရဲ့အငွေ့အသက်တွေကအေးမြနေတယ် liတောင်မသိဘဲပြုံးမိလောက်တဲ့အထိပေါ့ အဝေးကနေပြေသလာတဲ့ခြေမြန်တော်ပေးတာစာလိပ်လေးကိုလက်ဆင့်ကမ်းယူလိုက်ကာ ဖွင့်ဖတ်လိုက်တော့
  သို့/Li
       Im နိုင်ငံမှာတော့နှင်းတွေအဆက်မပြတ်ကျနေပြီ အရင်နှစ်တွေကအတူကုန်ဆုံးခဲ့ရတဲ့အချိန်တွေကိုသတိရမိပါတယ် liရောအဆင်ပြေပါရဲ့လား somiကတော့သတိရမိပါတယ် မကြာခင်အချိန်မှာဆုံမယ်လို့မျော်လင့်မိပါတယ် အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နော် ရက်သတ်တပတ်တွေကုန်ဆုံးပြီးချိန်မှာ ပြန်ဆုံချင်ပါသေးတယ်...။
  Li တွေးနေမိတယ် li မိဖုရားကိုချစ်သည် နှလုံးသားတစ်ခုလုံးနဲ့ပေါ့ အခုလည်းမိဖုရားအစည်းအဝေးရှိတာကြောင့်li ကြာကန်ညက်ကိုလမ်းလျောင်နေခြင်းပင် အေးတဲ့ရာသီဥတုကြောင့်ရေကန်ကခဲနေပြီလေ liလည်းရေခဲပြင်ပေါ်သွားချင်တာကြောင့်
Li="ဒီမှာခနနေကြli ရေခဲပြင်မှာခနလောက်ကစားချင်လို့..."
အထိန်းတော်-"အရှင်ဘုရားအေးခဲတာမကြာသေးတာကြောင့်အဆင်မပြေသေးနိုင်ပါဘုရား"
Li-"မသိဘူး li ကစားချင်လို့နှင်းတွေနဲ့ အထိန်းတော်ကြီးပါလာကစားလာ....."
အထိန်းတော်-"အရှင်ဘုရားမသင့်တော်ကြောင်းပါ..."
Li-"ရပါတယ်လာပါ"
Liလည်းအထိန်းတော်လက်ကိုဆဲဲပီးရေခဲပင်ပေါ်ဆင်းသွားတယ်အောက်ကဖိနပ်ကြောင့်ချောနေတာကိုမနည်းထိန်းနေကြတယ် ဒါပေမယ့်ချောနေတဲ့အရာကပျေ်ာဖို့အတေယ်ကောင်းသည် liအရှေ့ကနေပြေးပြီးနှင်းကိုစုပ်ယူကာ အထိန်းတော်ကြီးကိုပေါက်လိုက်တယ်
Li-"ခစ်.... ခစ်....ခစ်..."
အထိန်းတော်-"ဖြေးဖြေးပြေးပါအရှင်..ရေခဲတွေက....."
ခွမ်း.........
Liရပ်နေတဲ့အောက်ခြေကရေခဲသာမပြည့်သေးတာကြောင့်liရေအောက်ကိုပြုတ်ကျသွားတယ်အေးလွန်းတဲ့အရှိန်ကြောင့်liမလှုပ်နိုင်ခဲ့ဘူးးးး
အထိန်းတော်-"အရှင်မင်းကြီးးးး....ရဲမက်တို့လာကြစမ်း အရှင်မင်းမြတ်ရေခဲပြင်ကွဲပြီးရေထဲပြုတ်ကျသွားပြီအမြန်လာကြ...အမြန်"
ရဲမက်တွေလည်း အမြန်ကယ်ကြတယ် အရှင်မင်း​မြတ်ရဲ့ခန္ဓာကိုယ်ကအောင်ခြေထိရောက်နေပြီ ရေကန်ကအရမ်းမနက်တာကြောင့်မြန်မြန်အောက်ခြေကိုရောက်သွားရခြင်းဖြစ်သည် ရဲမက်တွေလည်းအေးခဲနေတဲ့ကြားကအမြန်ကယ်လိုက်ကြတယ် ဒါပေမယ့်ဆိုးတာကအရှင့်ခေါင်းကိုအောက်ကျကျောက်ဆောင်နဲ့ တိုက်မိသွားပုံပင်သွေးတွေထွက်နေသည်
ရဲမက်-"အရှင်မင်းမြတ်ကိုမပြီးနန်းဆောင်ကိုအမြန်ပို့ကြ အထိန်းတော်ကြီးသမားတော်အမြန်ခေါ်လိုက်ပါ"
ရဲမက်တွေလည်း အရှင်မင်းမြတ်ကိုမပြီးနန်းဆောင်ကိုအမြန်ပို့ကာဝတ်ရုံတွေသေချာလဲပေးပြီးသမားတော်နဲ့ကုစေတယ် ခေါင်းကိုထိတဲ့ဒဏ်ရာဟာနက်တာကြောင့်သေချာချုပ်လိုက်ရသည်
At jen's side
     Jenအမတ်တွေနဲ့ကုန်သွယ်ရေးအစည်းအဝေးလုပ်နေတုန်း ကိုယ်ရံတော်Bamကသတင်းပေးလာတယ်
Bam-"ဘုရင်မကြီး အရှင်မင်းမြတ်ရေထဲကိုပြုတ်ကျသွားပြီးသတိမေ့မြောသွားပါတယ် ခေါင်းမှာလည်းဒဏ်ရာရှိထားကြောင်းပါ"
Jen-"ဘာ.....အမတ်တို့အစည်းအဝေးကိုနောက်နေ့မှဆက်ကြတာပေါ့"
Jenလည်းစိုးရိမ်လွန်းတဲ့စိတ်ကြောင့်နန်းဆောင်ကိုအမြန်ရောက်ရှိလာတယ် နန်းဆောင်ရောက်တော့နန်းဆောင်ရဲ့အလယ်မှာ မေ့မြောပြီးသမားတော်ရဲ့ကုသမှုကိုခံယူနေရတဲ့အရှင် jenလည်းအနားသွားလိုက်ပြီး
Jen="အရှင့်အခြေအနေဘယ်လိုရှိလည်း"
သမားတော်-"အရမ်းအေးခဲတဲ့ရေကန်ထဲကျသွားတာကြောင့်ရော နောက်ပြီးရေအောက်ကကျောက်ဆောင်နဲ့တိုက်မိတာရောကြောင့်သတိလစ်မေ့မြောသွားရခြင်းပါ ကျန်တာစိုးရိမ်ဖွယ်မရှိပါဘူးဘုရင်မကြီး ခန္ဓာကိုယ်နွေးနေအောင်အပ်သေချာစိုက်ပေးခဲ့ပါတယ် ညနေအချိန်လောက်ရောက်ရင်သတ်ရလာပါလိမ့်မယ်"
Jen-"တာဝန်ကျေသွားပါပီသမားတော်ကြီး ရဲမက်တို့သမားတော်ကိုသေချာပြန်လိုက်ပို့လိုက်ပါ"
All-"အမိန့်အတိုင်းပါ မယ်မယ် "
သမားတော်ပြန်သွားတော့အကြည့်တွေကအထိန်းတော်တွေဆီရောက်သွားတယ်
Jen-"အရှင်တစ်ယောက်လုံးရေကန်ထဲပြုတ်ကျရလောက်အောင် အရှင့်ကိုမစောင့်ရှောက်နိုင်ကြဘူးလား....ငါမေးနေတယ်လေ...."
အထိန်းတော်ကြီး-"စိုးရွံ့မိပါတယ် မယ်မယ် အရှင်မင်း​မြတ်ကိုကောင်းကောင်းဂရုမစိုက်နိုင်တဲ့ကျွန်တော်မျိုးအမှားပါ"
ဘေးကနေကိုယ်ရံတော်ကဖြစ်ပျက်သမျှအကုန်ကိုပြောပြတာကြောင့် အထိန်းတော်တွေအ​ပေါ်ဒေါသတွေအနည်းငယ်ပြေလျော့မိတယ်
Jen="အခုချက်ချင်းပင်အဲ့ကြာကန်ကိုသေချာဘောင်ခတ်လိုက်ကြစမ်း"
All-"အမိန့်တော်အတိုင်းပါ မယ်မယ်"
Jen-"အကုန်အပြင်ထွက်ကြတော့"
All-"nae မယ်မယ်"
အကုန်အပြင်ထွက်သွားတော့မှ အရှင့်လက်လေးကိုသေချာပွတ်သပ်ပေးနေမိတယ်
Jem-"အရှင်က ကလေးတစ်ယောက်လိုဘဲ နောက်တစ်ခါအဲ့လိုတွေမကစားပါနဲ့အရှင်ရယ် jen နှလုံးသားကအရှင်ထိခိုက်တိုင်းနာကျင်ရလွန်းလှပါတယ်"
အရှင့်ကိုသေချာယုယနေမိတယ် အပ်စိုက်ခဲ့တဲ့အရှိန်ကြောင့်ချွေးတွေထွက်နေသည်ကို အဝတ်စလေးနဲ့သေချာသုတ်ပေးနေမိတယ် တဖြည်းဖြည်းနဲ့ညနေပိုင်းအချိန်ရောက်တော့သမားတော်ကြီးပြောခဲ့တဲ့အတိုင်းပင်
Li-"အားးးးကျွတ်စ်...ကျွတ်စ်....ငါကိုယ်တော်ရဲ့ခေါင်း....အားး"
Jen="အရှင်...အရှင်နိုးလာပီလား..သက်သာရဲ့လားဟင်"
အရှင်ကjenကိုကြည့်ရင်း
Li-"မိဖုရား...အားးးး"
Jen="ခေါင်းအရမ်းကိုက်နေတာပါလားအရှင်သမားတော်ခေါ်လိုက်မလား"
Li-"မိဖုရား.....li...liလေ..အကုန်ပြန်မှတ်မိပြီ....."
ပြောကာမျက်ရည်တွေကျနေတဲ့အရှင်ကြောင့် ဝမ်းသာမိတယ် ဒါပမယ့်အရှင်မျက်ရည်ကျနေတာကိုတော့မကြိုက်ပေ အရှင့်ကိုပွေးဖက်လိုက်ပြီး
Jen-"ဝမ်းသာလိုက်တာအရှင်ရယ်ဝမ်းသာလိုက်တာ......jenအရမ်းလွမ်းနေခဲ့ရတာ...."
အရှင်ကကျောပြင်လေးကိုသေချာပွတ်ပေးပြီး
Li-"တောင်းပန်ပါတယ် မိဖုရားရယ် အကြာကြီးပစ်ထားခဲ့မိတယ်....အခုကစပြီးမထားခဲ့တေယ့ပါဘူးနော်"
အရှင်ကjenဖက်နေတာကိုခွာလိုက်ပြီးသေချာထထိုင်ကာ jenရဲ့မျက်ရည်စတွေကိုသုတ်ပေးနေတယ်
Li-"liနှလုံးသားကနာကျင်နေပြီ မိဖုရားငိုနေလို့တဲ့ မငိုပါနဲ့နော်"
Jen-"ဟုတ်...မငိုတော့ပါဘူးအရှင်ရယ်..."
ပြောပြီးအရှင့်ရင်ခွင်ထဲကိုဝင်ပြန်သည် ပြန်မှတ်မိလာတာကြောင့်အရမ်းပျော်ရပါတယ်
Li="တောင်းပန်ပါတယ်မိဖုရားး တစ်ချိန်ကliအမှားတွေကြောင့် liမသိခဲ့လို့ပါ"
Jenလည်းအရှင့်ကိုသေချာကြည့်လိုက်ပြီး
Jen="ဘာကိုပါလည်းအရှင်"
Li-"jeon kaiနဲ့မိဖုရားရဲ့ချစ်​ခြင်းကိုliကခွဲမိခဲ့တာပါ တောင်းပန်ပါတယ်"
အရှင်မျက်နှာပေါ်ကမျက်ရည်စတွေကိုသေချာသုတ်ပေးပြီး
Jen-"ဘယ်လိုသိခဲ့တာပါလည်းအရှင်"
Li="jeon kaiပြောပြတာပါ li LiImချောင်းထဲမပြုတ်ကျခင်အချိန်တုန်းက"
Jen-"အဲ့အဖြစ်အပျက်ကကြာခဲ့ပါပြီအရှင်ရယ် ပြီးတော့jen သူ့ကိုတကယ်မချစ်ခဲ့မိပါဘူး ထနတာစိတ်ကစားရုံပါ jenအရှင်မရှိတော့မှ အရှင့်ကိုအရမ်းချစ်ခဲ့တာကိုဖွင့်မပြောမိတာနောင်တရနေမိတာ မတောင်းပန်ပါနဲ့နော် jenကိုချစ်သေးလားဘဲသိချင်ပါတယ်အရှင်..."
အရှင့်အကြည့်တွေကjenကိုသေချာကြည့်လာပြီး
Li-"မိဖုရား တစ်ယောက်တည်းကိုဘဲliနှလုဲးသားထဲထည့်ထားခဲ့တာပါ မိဖုရားကိုဘဲအသက်ထက်ဆုံးချစ်နေမှာပါ ချစ်တယ်မိဖုရား"
Jenငိုမပြီ အရှင့်ဆီကချစ်တယ်ဆိုတဲ့အသံလေးကြောင့်ပျော်လွန်းလို့ငိုမိတယ်
Jen=" ပျော်လိုက်ရတာအရှင်ရယ် ချစ်တယ်ဆိုတဲ့အသံလေးကjenနှလုံးသားကိုအရမ်းလှုပ်ကိုင်နိုင်လွန်းပါတယ်...."
Li-"မငိုပါနဲ့နော် အမြဲချစ်တယ်ပြောနေတော့မှာမို့ အခုလိုငိုလို့မရတော့ပါဘူးနော်မိဖုရား liကအစွမ်းကုန်မိဖုရားကိုချစ်ပေးမှာပါ"
Jen="ချစ်တယ်အရှင်ရယ်"
Li="ကိုယ်တော်လည်းအရမ်းချစ်ရပါတယ်မိဖုရားရယ်...."
#level-18(end)

သိပ်ချစ်ရပါသော_____မိဖုရားWhere stories live. Discover now