ဝမ်ရိပေါ် ဖိနပ်ကို ကသုတ်ကရုတ်စီးပြီး ဆိုင်ကယ်သော့ကို ခပ်မြန်မြန်ဆွဲယူလို့ ‌ဦးတည်ရာက ရှောင်းကျန့်‌အိမ် ဒါမှမဟုတ်လည်း ကျောင်း‌ကိုပေါ့။ တစ်လျှပ်လျှပ်တုန်နေသည့် ရင်အစုံက တကယ့်ကိုပဲ ‌ရိုလာကိုစတာ စီးရတာနဲ့ ဆင်တူလှသည်။

ရှောင်းကျန့် ဆိုသည့် အဲ့ဘဲက ‌ဘယ်ကောင်မလေးကို တွဲရအုံးမှာလဲ။ သူ့မှာ ဝမ်ရိပေါ်ဆိုတဲ့ ဒီကောင်တစ်ယောက်လုံးရှိနေတာကိုလေ။ ရှောင်းကျန့်က သူ့ဟာ! သူ့အပိုင်!
.
.
.
"ကိုကို! ကျန့်ကော! ရှောင်းကျန့်! ရှောင်းလောင်ရှီး! လောင်ရှောင်း!"

အိမ်ထဲမဝင်ရသေးခင်မှာပင် နာမည်မျိုးစုံခေါ်နေသော ကောင်လေးကြောင့် ရှောင်းကျန့် ရန်တွေ့ဖို့ အိမ်ရှေ့ကို ခပ်မြန်မြန်ထွက်လာလိုက်သည်။ အိမ်ရှေ့ကိုရောက်တာနဲ့ ပါးစပ်ဟမလို့ ပြင်ရုံရှိသေး... ခါးတစ်ဝိုက်ကို လာတိုးဖက်သည့် ကောင်ငယ်လေး။

"လွမ်းနေတာဗျာ..."

ခပ်တိုးတိုးအသံလေးကို ကြားလျှင်ဖြင့် ဆယ်နှစ် ဆယ်မိုး ခွဲခွာနေရသည့်အသံမျိုးပင်။ အမှန်တော့ ရှောင်းကျန့်အိမ်ကနေ ဝမ်ရိပေါ်ဆင်းပြီး ဟောက်ရွှမ်းတို့နှင့် စပ်တူငှားနေသော အိမ်အသစ်ကို‌ ပြောင်းသွားတာဖြင့် နေ့တစ်ဝက်ပင်ကျိုးရုံရှိသေးသည်။

" အဆိုးလေး ဖယ်အုံး ဟင်းအိုးတူးတော့မယ်"

"ထမင်းမစားရသေးဘူးလား ခင်ဗျား"

"အချိန်ကို ပြန်ကြည့်ပါအုံး အစ်ကိုခင်ဗျ အခုမှ ညစာစားချိန်ရောက်ရုံ ရှိသေးတယ်"

ဟုတ်ပါသည်။ အမှန်ဆို ဝမ်ရိပေါ် ရှောင်းကျန့်ကို ပြဿနာရှာဖို့ ကြံရွယ်ကာလာခဲ့သော်လည်း မျက်နှာကြည်ကြည်၊ မျက်ဝန်းညိုညိုတို့ကို တွေ့သောအခါမှတော့ဖြင့် စိတ်တောင်မဆိုးရက်တော့။ ဒီလောက်အထိတောင်မက ရှောင်းကျန့်ကို ဖွက်ထားလို့ ရရင်ဖြင့် ဖွက်၍တောင် ထားချင်ပါသည်။

"ကျန့်ကော"

"အင်း.."

"ကျိုးရှီးက ခင်ဗျားကို ကောင်မလေးတစ်ယောက်နဲ့ ချုံဖေးလမ်းက ကော်ဖီဆိုင်မှာ တွေ့ခဲ့တယ်တဲ့"

肖老师 (Xiao Laoshi) •Complete•Where stories live. Discover now