level-17

4.7K 355 34
                                    

နောက်တစ်နေ့မနက်....
Li နိုးလာတော့မိဖုရားကဘေးနားမှာထိုင်လျက်liကိုကြည့်နေတယ် liလည်းထထိုင်လိုက်ပြီး....
Li-"စောစောနိုးနေတာပါလားမိဖုရား
Jen="jenနဲ့လျောက်လည်ကြမယ်လေအရှင် ဒီနေ့တော့အရှင့်ကိုနေရာအစုံခေါ်သွားဖို့တာဝန်ယူပါ့မယ်"
Li="တကယ်နော်မိဖုရား"
Jen="တကယ်ပါအရှင်ရယ်"
Li="ဒါဆို...ဒါဆိုliရေချိုးသန်စင်ပြီးပြင်ဆင်လိုက်အုံးမယ်ခနစောင့်ပါနော်"
Jen="ဖြေးဖြေးပြင်ဆင်ပါနော်အရှင် jenစောင့်နေပါမယ်"
Li="ဟုတ်ကဲ့ပါ မိဖုရား"
Liလည်းရေချိုးသန့်စင်ပြီး ဝတ်ရုံကိုသေချာရွေးချယ်ကာကြည့်ကောင်းအောင်ပြင်ဆင်​နေလိုက်တယ်
Li-"အဆင်ပြေပြီထင်တာဘဲကြည့်ကောင်းပါတယ်လေ"
Liလည်းပြင်ဆင်ပြီးတာနဲ့နန်းဆောင်ထဲကိုဝင်သွားလိုက်တယ် ရာသီဥတုကအေးစပြုလာပြီးဆောင်းဦး​ရောက်လာချိန်ဖြစ်တာမို့ မာဖလာကိုသေချာလိပ်ကာ ဘေးကလက်အိတ်ထဲကိုထည့်လာခဲ့တယ်
Li="မိဖုရား..စောင့်ရတာကြာသွားပါသလား"
Jen="မကြာရပါဘူအရှင်ရယ် လာသွားကြမယ်နော်"
Li="ဟုတ်ကဲ့ မိဖုရား"
မိဖုရားနောက်လိုက်ပြီးမြင်းဇောင်းနားရောက်တော့မိဖုရားကမြင်းတစ်ကောင်ကိုထုတ်လာတယ် အဖြူကောင်လေးပင်
Jen-"ဒီမြင်းနဲ့သွားကြရအောင်လားအရှင်"
Li-"မြင်းကလှတယ်နော်မိဖုရား"
Jen="အရှင့်ရဲ့မြင်း​လေလှတာပေါ့အရှင်ရဲ့"
Li="တကယ်ပါလား"
Liလည်းပွတ်သပ်ပေးမိတော့ရင်းနှီးနေသလိုပင်
Jen-"သွားကြရအောင်ပါအရှင် မနက်စောသောသွားရင်ရှုခင်းကပိုလှမယ်ထင်ပါတယ်"
Li="ဘယ်နေရာကိုသွားကြမှာလည်း မိဖုရား"
Jen="သွားရအောင်ပါ ဟိုရောက်ရင်သိရမှာပေါ့အရှင်ရဲ့ jenလမ်းပြပေးပါ့မယ်"
Liလည်းမြင်းပေါ်တင်လိုက်ပြီး မိဖုကားကလည်းliမြင်းပေါ်တက်လာတော့ liလည်းအရှေ့မှာတင်ကာ မိဖုရားကိုပွေ့လိုက်ပြီး မိဖုရားပြောတဲ့အတိုင်းပင်မြောက်အရပ်ကိုထွက်ခွာခဲ့လိုက်တယ်
ဆောင်းဦးရောက်ပြီဖြစ်တာမို့ ပထမဆုံးနှင်းတော့မကျသေးပေမယ့် မြူတွေအုံ့​မှိုင်းနေတယ် လှပတဲ့ရှုခင်းတစ်ခုပါဘဲliလည်းပတ်ဝန်းကျင်ကအလှတွေကိုခဲစားနေရင်း မိဖုရားပြောတဲ့မြောက်ဘက်အရပ်ကိုမောင်းနှင်လာရင်း...မြင်လိုက်ရတဲ့မြင်ကွင်းကအရမ်းလှပတယ်
Liလည်းမိဖုရားကိုမြင်းပေါ်ကနေသေချာချပေးလိုက်ကာ liပါဆင်းပြီးမြင်းကိုကြိုး​သေချာချည်လိုက်တယ်
Li-"လှလိုက်တာ...."
Jen-"အရင်တုန်းကအရှင်jenကိုဒီနေရာလေးကိုခေါ်လာခဲ့တာ...."
Li="liကခေါ်လာတာပေါ့.."
Jen="ဟုတ်ပါတယ် အရှင်ကအရင်ကjenကိုဒီနေရာလေးကိုခေါ်လာပြီးပျော်စေချင်နေခဲ့တာ....ဒါပေမယ့်လည်း..."
Li="ဒါပေမယ့်လည်းဘာဖြစ်လို့လည်း မိဖုရား"
Jen="ဘာမီမဟုတ်တော့ပါဘူးအရှင်ရယ် jenလည်းအရှင့်ကိုပျော်စေချင်လို့ဒီနေရာကိုခေါ်လာခဲ့တာပါ"
Li="li ပျော်ပါတယ်"
ပြောကာကယ်နေရင်းပန်းခင်းကြီးထဲပြေးသွားတဲ့ အရှင်
Jen-"အရှင်ဖြေးဖြေးပြေးပါအရှင်ရယ် ချော်လဲနေပါအုံးမယ်"
ပန်းပင်တွေကြားထဲရောက်နေတဲ့အရှင်က
Li="မ​ချော်လဲပါဘူး မိဖုရားရဲ့liပျော်လို့ပါ"
Jenလည်းပန်းပင်တွေကြားထဲမှာပျော်မြူးနေတဲ့အရှင့်ကိုရပ်ပြီးကြည့်နေမိတယ် မနက်ခင်းရဲ့နေရောင်ခြည်ကြောင့်နေကြာပန်းတွေဟာအစွမ်းကုန်လှပနေသလို jen အရှင်ရဲ့အပြုံးလေးတွေဟာလည်းတောက်ပနေတာပါဘဲ ပြောပြမတက်အောင်ကြည်နူးးရတဲ့အချိန်လေးပေါ့ ခနနေတော့ပန်းပင်တွေကိုအရှင်ကဘာလုပ်နေမှန်းမသိ အဝေးရောက်နေတာကြောင့်jenသေချာသဲသဲကွဲကွဲမမြင်ရပေ ခနနေတော့အရှင်ကjenနားပြေးလာကာ
Li-"မိဖုရား..."
Jen="အရှင်ရယ်ဖြေးဖြေးပြေးပါမောနေပါ့မယ်.."
Li-"ရပာတယ်မိဖုရားရဲ့"
Jenလည်းပရှင်ဝတ်ရုံပေါ်ကပန်းပင်ရဲ့အရွက်စတွေကပ်နေတာမို့ဖယ်ပေးနေတုန်းမျက်စိရှေ့ရောက်လာတဲ့ပန်းစည်းလေး လွန်ခဲ့တဲ့နှစ်နှစ်ကရခဲ့ဖူးသလိုဘဲ liliပန်းနဲ့နေကြာပန်းကိုသေချာစုပြွးချည်ထားတာ jenကြည့်ရင်းတွေးမိတာက အရှင်ကအတိတ်မေ့နေပေမယ့် အမူပယာတွေအကျင့်တွေစိတ်တွေကအရင်အတိုင်းဘဲဆိုတာကိုပေါ့
Li="မိဖုရား အဲ့လိုကြီးကြည့်မနေနဲ့လေ ယူပါအုံးပန်းစည်းလေးကို"
Jenလည်းပန်းစည်းလေးယူလိုက်တော့
Li-"ကြည့်ပါလား ပန်းလေးတွေကမိဖုရားလက်ထဲရောက်မှပိုလှသွားတာ"
Jenအရှင့်ကိုကြည့်လိုက်တော့ အရှင်ကအနောက်ကိုနည်းနည်းဆုတ်သွားကာ
Li-"အဝေးကနေကြည့်ရင် မိဖုရားကလုံးဝပြီးပြည့်စုံတဲ့ပန်ချီကားတစ်ချပ်ဘဲ"
Jen-"အရှင်ရယ်...."
Jenအရှင်ရင်ခွင်ထဲကိုတိုးဝင်မိတယ်
Jen="ချစ်တယ်အရှင် jenရဲ့အရာအားလုံးကိုပုံအောပြီးအရှင့်ကိုချစ်မြတ်နိုးရပါတယ်.."
Li-"li သိပါတယ်မိဖုရားရယ်"
Jenကိုပြန်ဖက်ပေးထားတဲ့အရှင့်ရင်ခွင်ထဲမှာနေနေမိတယ်
ခနနေတော့အရှင်နဲ့အကြည့်ချင်းစုံကာ
Jen="အရှင့်ကိုခေါ်သွားစရာရှိတယ်..."
Li="ဘယ်ကိုပါလည်း မိဖုရား"
Jen-"လိုက်ခဲ့ပါအရှင်"
Jenလည်းအရှင့်လက်လေးကိုကိုင်ပြီး ပရင်ကအရင်လိုက်ပြခဲ့တဲ့LiImရေတံခွန်ဆီကိုသွားလိုက်တော့
Li="လှလိုက်တာရေတံခွန်ကြီးက..."
Jen-"အရှင်ကြိုက်ရဲလား...ဒီနေရာကိုလည်းအရှင်ဘဲjenကိုခေါ်လာခဲ့တာ"
Li-"li အရင်တုန်းကမိဖုရားကိုတော်တော်ချစ်ခဲ့ပုံဘဲနော်"
ရယ်ပြပြီးjenကိုကြည့်နေတော့
Jen-"အရှင်ကjenကိုအရမ်းချစ်ခဲ့တာပေါ့ jenအခုချစ်နေတာထက်စာရင်တော့အရှင်ကအများကြီးပိုချစ်ခဲ့တာ.....လွမ်းနေခဲ့တာအရှင်ရယ်"
လွန်ခဲ့တဲ့နှစ်နှစ်လုံးပရှင့်ကိုလွမ်းပြီးနန်းဆောင်ထဲမှာတစ်ယောက်တည်းအထီးကျန်စွာကုန်တုံးခဲ့ရတဲ့အချိန်တွေကိုသတိရပြီးမျက်ရည်ကျမိရပြန်တယ်အရှင့်ကိုအရမ်းလွမ်းနေခဲ့ရတာလေ
   ကျလာတဲ့မျက်ရည်စတွေကိုအရှင်ကလက်နှစ်ဖက်နဲ့သေချာယုယုယယသုတ်ပေးပြီး
Li-"အခုချနိန်ကစပြီးထားမသွားတော့ဘူးနော်အနားမှာရှိနေပေးပြီးအမြဲဂရုစ​ကြ်ပေးပါ့မယ် မှတ်မိအောင်ကြိုးစားပြီးအရင်လိုပုံစံပြန်ဖြစ်ပါ့မယ်နော်"
Jen="​ ကျေးဇူးပါအရှင်ရယ်....ချစ်တယ်"
Li-"liသိပါတယ်မိဖုရားရယ် မငိုပါနဲ့တော့နော် liရင်ထဲနေလို့မကောင်းလို့ပါ"
Jen-"ဟုတ်မငိုတော့ပါဘူးနော်"
Li="ပုလွေသံနားဆင်ချင်လားဟင် ဒီလိုနေရာမျိုးမှာဆိုပုလွေသံလေးကြားရရင်ပိုကောင်းမယ်"
Jen-"အရှင်တီးမှုတ်တာကြားချင်တယ်အရှင် နားဆင်ချင်ပါတယ်နော်"
Li-"လာဒီကျောက်ဆောင်လေးပေါ်မှာထိုင်ပါနော်"
Jenလည်းအရှင်ပြတဲ့နေရာမှာထိုင်လိုက်ပြီး အရှင်ကမတ်တက်ရပ်လျက်ပုလွေထုတ်ကာစတင်တီးမှုတ်ပြတယ် ပုလွေသံညိမ့်ညိမ့်လေးရယ် အေးစိမ့်စိမ့်ရာသီဥတုရယ်ကြောင့်နေရတာအတော်ပင်ပျော်မိပါတယ် အထူးသဖြင့်ပုလွေသံလေးကအရှင်တီးမှုတ်တဲ့ပုလွေသံဖြစ်တာကြောင့်ပါ ပုလွေမှုတ်သံလေးဆုံးသွားတော့
Jen="အရင်အတိုင်းဘဲနားထောင်ကောင်းတယ်နော်အရှင်"
Li-" ကျေးဇူးနော်မိဖုရား.....အခုဘယ်သွားကြမလည်းဟင်"
Jen=" စျေးထဲကိုလျောက်ပတ်ကြမလား "
Li-"အဲ့အကြံကောင်းတယ်သွားကြမယ်နော်"
Jenလည်း အရှင့်လက်ကိုတွဲပြီးစျေးကိုလမ်းလျောက်လာခဲ့လိုက်တယ် အရှင်ကတော့တစ်ဖက်ကမြင်းဇာတ်ကြိုးကိုထိန်းထားပြီး တစ်ဖက်မှာတော့jenလက်လေးကိုသေချာစုပ်ကိုင်ထားတယ် စျေးထဲရောက်တော့အရှင့်အတွက်အထူးအဆန်းလိုပင်ပျော်နေပုံကလည်းချစ်စရာလေးပင် စျေးအဝင်ဝမှာ jenလည်းမ​နေ့ကတည်းကပင်ရဲမက်ကိုစောင့်နေခိုင်းခဲ့တယ် နောက်တော့မြင်းကိုရဲမက်နဲ့အတူနန်းတော်ကိုပြနိလွှတ်ပြီးစျေးထဲကိုနှစ်ယောက်အတူတူဝင်ခဲ့တယ် ကျောက်မြတ်ရတနာတွေရှိတဲ့ဆိုင်​ရှေ့ရောက်တော့
Li-"မိဖုရား...လာliတို့သွားကြည့်ရအောင်ပါ"
Jenလည်းအရှင်ဆွဲခေါ်သွားတဲ့ကျောက်မြတ်ရတနာဆိုင်ထဲလိုက်ဝင်သွားခဲ့တယ် လူတွေကတော့အများကြီးပင် လက်စွပ်တွေစီထားတဲ့နေရာရောက်တော့
Li-"မိဖုရား.....ကြည့်ပါအုံး လှတယ်နော်"
Jen-"အရှင်ကသဘောကျလို့လာ..."
Li-"မဟုတ်တာ မိဖုရားအတွက်ပါ.. ဆိုင်ရှင်ကြီးliကိုအဲ့ဘက်ကအနီရောင်ကျောက်နဲ့ဟာတစ်ချက်ပြပေးပါ"
ဆိုင်ရှင်-"nae သခင်လေး"
ဆိုင်ရှင်ကထုတ်လာတော့နှစ်ကွင်းပင်
ဆိုင်ရှင်-"ဒါကလက်ထပ်လက်စွပ်ပါသခင်လေး စုံတွဲဝတ်မှရမှာပါ ပြီးတော့တစ်စုံတည်းရှိတဲ့လက်စွပ်ပါ"
Li="zအဲ့တာဆိုပိုကောင်းပါတယ် liတို့အတူတူဝတ်ကြတာပေါ့နော်မိဖုရား"
Jen-"အရှင့်သဘောပါဘဲအရှင်"
Jenသေချာကြည့်နေမိတယ် အရှင်ကသေချာဂရုစိုက်တက်တာjenကတော့ပျော်မိတယ် လက်ထက်ပြီးကတာ်းကပင်အခုထိလက်ထပ်လက်စွပ်မရှိခဲ့ဘူးလေအမှန်ဆိုဝတ်သင့်နေတာကြာခဲ့ပြီမဟုတ်ပါသလား
Li-"မိဖုရားလက်ပေးပါလား"
Jenလက်ပေးလိုက်တော့လက်သူကြွယ်မှာနေရာယူလာတဲ့အနီရောင်ပတ္တမြားကွင်းလေး ပတ္တမြားအကွင်းကိုပင်ဘေးကအစိမ်းရောင်ကျောက်စိမ်းသားနဲ့ကွပ်ထားပြီးအလယ်တွင်အသည်းပုံကိုသေချာပုံဖော်ထားသည် ကွင်းကအတော်ပင်လှသည်
Li-"ကြိုက်ရဲ့လားမိဖုရား"
Jen="ကြုိက်တာပေါ့အရှင်ရယ်"
Li="ဒါဆိုliလက်မှာလည်းဆင်မြန်းပေးပါအုံး"
Jenလည်းလက်စွပ်လေးကိုယူကာအရှင့်ရဲ့လက်ရှည်ရှည်သွယ်သွယ် ဘက့သူကြွယ်လေးမှာသေချာဝတ်ပေးလိုက်တော့လက်စွပ်အရောင်ကပို၍ပင်တောက်ပသွားသ​ရောင်ရှိသည် နောက်တော့ကျသင့်ငွေရှင်းကာစျေးထဲကိုအတူလာခဲ့ကြသည် စျေးထဲမှာအတော်ကြာအချိန့ကုန်လာသဖြင့်ညနေခင်းချိန်သို့ရောက်လာသည် ဒါကြောင့်မို့ စွပ်ပြုတ်ဆိုင်တစ်ခုကိုဝင့ကာစွပ်ပြုတ်သေယက်နေကြသည် အရှင်နဲ့သာဆိုjenဘယ်နေရာမဆိုလိုက်ရဲပါသည် အရှင့်ရဲ့အပြုံးတွေကသာjenကိုနွေးထွေးစေလို့ပါ
စားပြီးတော့
Li-"ကောင်းလိုက်တာ မိဖုရားရယ်"
Jen="အရှင်ကြိုက်ရဲ့လား"
Li-"ကြုိက်တာပေါ့ နန်းတွင်းစာတွေဘဲစားနေရတော့ကြာတော့ငြီးငွေ့လာတယ် အဲ့တော့အပြင်စာလည်းစားချင်တာပေါ့"
Jen="နောက်ဆိုjenနဲ့အတူတူတစ်ခါတစ်​လေအပြင်ထွက်စားကြတာပေါ့"
Li="ကောင်းတာပေါ့မိဖုရားရဲ့..ခစ်ခစ်"
Jen="ဒါပေမယ့်jenကိုတော့ မငြီးငွေ့ဘူးမဟုတ်လားဟင်"
Li-"မိဖုရားရယ်....မိဖုရားကိုliဘယ်တော့မှငြီးငွေးမှာမဟုတ်ပါဘူး မိဖုရားကတခြားအရာတွေနဲ့ဘယ်လိုမနှိုင်းယှဥ်လို့မရတဲ့liအတွက်ပရေးကြီးဆုံးသောသူပါ မိဖုရားကိုလုံးဝမငြီးငွေ့ဘူးဆိုတာliအာမခံနိုင်ပါတယ်"
Jen="အဲ့တာဆို jenအနားမှာဘဲအမြဲနေပါနော်"
Li="နေပါမယ်မိဖုရားရယ်"
ခနတယထိုင်ခဲ့ပြီးညနေ နေဝင်ချိန်ရောက်ပြီမို့နန်းတော်ကိုပြန်ခဲ့ကြတယ် လမ်းလျောက်နေရင်းတဖြည်းဖြည်းညအချိန်ကိုရောက်လာခဲ့တယ် မိဖုရားနဲ့liကတေယ့လက်အတူတွဲကာ လမ်းကိုသေချာပုံမှန်လျောက်ပြီးကြယ်တွေကိုကြည့်နေမိတယ်
Li-"ပထမဆုံးနှင်းကျရင်မိဖုရားနဲ့အတူကြည့်ချင်မိတယ်"
Jen-"ကြည့်ရမှာပေါ့အရှင်ရယ် အတူတူရှိနေမှာပါအချိန်တိုင်း"
Li-"li မိဖုရားကိုအမြဲကာကွယ်ပေးမှာပါ"
Jen-"jen ကလည်းအရှင့်ရင်ခွင်ထဲမှာဘဲတစ်သက်လုံးနေမှာပါ"
Li-"ဟုတ်ကဲ့ပါမိဖုရား"
Liတို့လမ်းလျောက်နေရင်း
Jen-"အရှင်......"
Li-"ဘာဖြစ်လို့လည်း မိဖုရား"
Jen-"နှင်း...."
Liမော့ကြည့်လိုက်တော့နှင်းတွေစတင်ပြီးကျလာသည် အအေးရှိန်ကလဘ်းကိုမိုများလာသည်
Li-"နှင်းကျပြီဘဲ ဒါပထမဆုံးနှင်းလေဝမ်းသာလိုက်တာမိဖုရားနဲ့နှစ်ယောက်အတူကြည့်ရလို့"
Jen-"jenလည်းပျော်မိပါတယ် မယနှစ်တိုင်းပထမဆုံးနှင်းကျချိန်ကိုတစ်ယောက်တည်းဖြတ်သန်းရပေမယ့် အခုတော့အရှင်နဲ့အတူတူရှိရပြီမို့ပျော်ရွင်ရပါတယ်"
နှစ်ယောက်သားရယ်မောပြီးလမ်းလျောက်လာခဲ့ကြတယ် နန်းတော်အုတ်တံတိုင်းနားရောက်တော့ မိဖုရားကာိသေချာကြည့်မိတယ်အေးတဲ့အရှိန်ကြောင့် နှာသီးထိပ်ဖျားလေးနဲ့နားဖျား​လေးတွေနီရဲနေတယ်
Li"မိဖုရားခန"
Jenလည်းအရှင်ပြောလို့ရပ်လိုက်တယ်
    Liလည်းမနက်လက်အိတ်ကပ်ထဲထည့်လာတဲ့မာမလာလေးကိုထုတ်ကာ မိဖုရားလည်တိုင်လေးကိုသေချာပတ်ပေးလိုက်တယ်
      Jenလည်တိုင်ကိုမာဖလာ ပတ်ပေးနေတဲ့အရှင်ဟာအရမ်းချစ်ဖို့ကောင်းပါတယ် jenကိုအရည်ပျော်အောင်လုပ်သူပေါ့
Li-"အေးနေပြီးလား....."
Jen="နည်းနည်းပါအရှင်ရယ်"
အရှင်က jenနဖူးပြင်လေးကိုအသာအယာအနမ်းခြွေပြီး
Li-"အဆောင်ပြန်ကြမယ်နော် တော်ကြာအအေးမိနေပါမယ်"
Jenလည်းရှက်နေပြီး
Jen-"ဟုတ်အရှင့်သဘောပါအရှင်"
Jenတို့လည်းနန်းတော်ထဲ​ပြန်လာကာနန်းဆောင်ထဲဝင်ခဲ့သည် နန်းဆောင်ထဲရောက်တော့ ညဝတ် ဝတ်စုံလဲကာ အနားယူရန်ပြင်ရသည်
Li=" သေချာအနားယူပါမိဖုရား"
အရှင်ကjenကိုယ်လေးကို အရှင့်ရင်ခွင်ထဲထည့်ပေးထားသည် jenလည်းအရှင့် ကို​သေချာကြည့်ကာ နှုတ်ခမ်းလေးကိုစုပ်ယူနမ်းရှိုက်မိသည် အရှင်ကလည်းလိုလိုလားလားတုံ့ပြန်လာသည် အေးနေတာကြောင့်ဘဲလားဒါမှမဟုတ် အနမ်းတွေကအရမ်းအရိုင်းဆန်နေလို့ဘဲလား...အရှင်နဲ့jenခန္ဓာကိုယ်လေးဟာလုံးဝပူးကပ်နေသည် အသက်ကိုလုရှုနေရပေမယ့်အနမ်းတွေကိုအဆက်မပြတ်ချင် အရှင့်ဝတ်ရုံအပေါ်ပိုင်းဟာjenရဲ့ဆွဲ​ဖြည်မှုကြောင့်ပင်ဝတ်ရုံဟာနှစ်ယောက်သားရဲ့ဘေးရောက်သွားရသည် jenဝတ်ရုံရဲ့အပေါ်ပိုင်းဟာတဖြည်းဖြည်းပြေကျလာပြီးရင်ဘတ်တွေဆီအရှင့်အနမ်းတွေရောက်ခဲ့တယ် အရှင်ရဲ့အထိအတွေ့ကိုလိုချင်မိတာကြောင့် ကိုယ်တိုင်ပင်အရှင့်လက်လေးကိုယူကာ jenဝတ်ရုံထဲကိုထည့်ပေးမိသည်  အရှင်ကjenကိုကြည့်လာပြီး
Li-"li...liကြောက်တယ်မိဖုရား....li..liဘာအမှားများလုပ်မိခဲ့လို့လည်းဟင်..."
အပေါ်ကနေထပ်လျက်အုပ်မိုးထားတဲ့အရှင်ဟာမျက်ရည်တွေကျကာပြောပြီးအပေါ်ကနေဖယ်သွားကာထိုင်ပြီးငိုနေသည် jenမှာအ​ပေါ်ဝတ်ရုံပင်ပြန်ပြန်မပြင်အား အပေါ်ပိုင်းပြေကျနေသည့်အတိုင်းပင် အရှင့်ဘေးနားလေးသွားကာ အရှင့်မျက်ရည်တွေကိုသုတ်ပေးနေမိသည် အရှင်ကတော့jenလက်လေးကိုကိုင်ပြီး
Li-"li...liဘာများမှားခဲ့လို့လည်းဟင် မိဖုရား li မိဖုရားနဲ့အခုလိုနှီးနှောဖို့ဘုပ်တိုင်း အမြဲ.....အမြဲ....ပုံရိပ်တွေပေါ်လာပြီး liကိုမုန်းတယ်ဘဲပြောနေတယ် အသားကိုမထိဖို့ပြောနေတယ် liဘာမှားခဲ့လို့လည်းဟင်"
အရှင်ကအရင်ကအဖြစ်အပျက်တွေကိုစိတ်ထဲစွဲနေတာကြောင့်jenလည်းခံစားရပါသည် နှီးနှောဖို့လုပ်တိုင်းအတိတ်ကအဖြစ်အပျက်တွေကအရှင့်ကိုနှောက်ယှက်နေတယ် အရှင့်ကိုရင်ခွင်ထဲသေချာထည့်ကာ.
Jen-"အရှင် မမှားခဲ့ပါဘူး အရှင်ရယ် အရှင်ဘာမှမမှားခဲ့ပါဘူး"
Li-"ဒါဆို liက...liကဘာလို့မိဖုရားနဲ့ အခုလိုနေလို့မရတာလည်း....liကြောက်တယ်....liကိုမုန်းတယ်တဲ့..."
Jen-"အရှင်jenကိုကြည့်ပါအုံး"
မျက်ရည်တွေအပြည်နဲ့အရှင့်မျက်ဝန်းလေးဟာjenကိုကြည့်လာတယ်
Jen-"အရှင်မမှားခဲ့ဘူးနော် jenမှားခဲ့တဲ့အမှားပါ အရှင်ရယ် အရှင့်အမှားမဟုတ်ခဲ့ပါဘူး အရှင်အခုလောက်ထိဖြစ်လိမ့်မယ်လို့မသိခဲ့ပါဘူး တောင်းပန်ပါတယ် အရှင်ရယ်"
  မိဖုရားကငိုနေပြန်တယ် liလည်းမျက်ရည်တွေကိုအသာအယာသုတ်ပေးပြီး
Li-" မိဖုရားကိုliချစ်တယ်"
Jen="အရှင်...."
Li-" ဒီနှလုံးသားကြီးတစ်ခုလုံးကမိဖုရားကိုဘဲသိပြီး မိဖုကားဘဲအပိုင်သိမ်းထားတာ အတိတ်ကိုသတ်မရသေးပေမယ့် သေချာတာကတော့liမိဖုရားကိုအရမ်းချစ်တာဘဲ ချစ်လွန်းလို့ပခုလိုအခြေအနေထိဖြစ်ခဲ့တာပါမိဖုရားရယ်.....မငိုပါနဲ့နော်အရင်ကမိဖုရားဘယ်လိုဘဲ အမှားလုပ်ခဲ့လုပ်ခဲ့liအကုန်ခွင့်လွှတ်တယ် ပြန်မှတ်မိရင်တောင်မိဖုရားကိုခွင့်လွှတ်အုံးမှာဘဲ"
Jen-"ချစ်တယ်အရှင်ရယ် အရှင့်ရဲ့ချသ်တယ်ဆိုတဲ့အသံလေးကိုအရမ်းလွမ်းဆွတ်နေခဲ့ရတာ"
Li-"ချစ်တယ် အရမ်းချစ်တာမို့မငိုပါနဲ့တော့နော်"
Jen="nae အရှင်"
Li-"အခုနားကြမယ်နော် ငိုထားတော့ပင်ပန်းတယ်မဟုတ်လား လာရင်ခွင်ထဲထည့်ပေးထားမယ်နော်"
Jen-"ဟုတ် အရှင်"
အရှင့်ရဲ့ဘာအတားအဆီမှာရှိမနေတဲ့ရင်ခွင်ပြင်ထဲကိုဝင်ပြီးနမ်းကာ အရှင့်ရဲ့ချော့သိပ့်ခြင်းကိုသေချာပျော်မွေ့ပြီးအိပ်စက်ခဲ့တယ် အရှင့်ရဲ့ချစ်တယ်ဆိုတဲ့စကားကjenစိတ်ကို​ပျော်ရွင်အောင်အသက်သွင်းပေးတဲ့အားဆေးပါဘဲ
      ရင်ခွင်ထဲကမိဖုရားလေးကိုချစ်တယ်လို့တဖွဖွပြောနေမိပြီး လွတ်ထွက်သွားမှာဆိုးနေမတက်ဖက်ထားကာ li အိပ်ဆက်ခဲ့တယ် မိဖုရားကြောင့်liအပျော်တွေဖြစ်ပေါ်လာရပါတယ် မိဖုရားရဲ့အချစ်တွေကြောင့်ပေါ့
#level-17(end)

သိပ်ချစ်ရပါသော_____မိဖုရားWhere stories live. Discover now