ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် _Final Part

Start from the beginning
                                    

"လိုက်သွားခိုင်းလိုက်ပါ မိန်းမရယ် မင်းသားမျက်နှာလဲကြည့်ဦး"
ယောင်္ကျားပြောစကားကြောင့် သားမျက်နှာကိုကြည့်တော့လဲ မျှော်လင့်တကြီးသူ့ကိုကြည့်နေရှာသည်။
"အေး အေးပါ လိုက်သွား လိုက်သွား"
"ယေး ကျေးဇူးပါ အန်တီ"
"ရပါတယ်ရှင် အန်တီသားကိုသာစောင့်ရှောက်ပေး မင်းကိုအန်တီယုံတယ်နော် ရိပေါ်"
"ဟုတ် စိတ်ချပါ အန်တီ"
ကလေးလိုပျော်မြူးသွားသောရိပေါ်ကိုကြည့်ရင်း ရှောင်ကျန့်ကပါပြုံးနေလိုက်မိသည်။
မင်းသာပျော်မယ်ဆို ဘာဘဲလုပ်ရလုပ်ရပေါ့ ရိပေါ်ရယ် မင်းပျော်ဖို့ကသာ ငါ့ရဲ့အဓိကပါ။

"ဒါဆို ခဏလောက် ကျနော့်ကိုခွင့်ပြုပါဦး"
ရှောင်ကျန့်ကပြောရင်းထတော့ ရိပေါ်ကချက်ချင်းလက်လှမ်းဆွဲရင်း
"ဘယ်သွားမလို့လဲ"
"Toiletသွားမလို့"
"လိုက်ခဲ့မယ်"
"ဘာလိုက်လုပ်မှာလဲ နေခဲ့လေ ချက်ချင်းပြန်လာခဲ့မယ်"
ကလေးလို နေရာတကာလိုက်ချင်‌နေသာရိပေါ်ကြောင့် ရှောင်ကျန့်မှာရီလဲရီချင် လူကြီးတွေရှ်ိတော့ ရှက်လဲ ရှက်လာတာမို့ ပြောပြီးတာနဲ့ချက်ချင်းအမြန်ထွက်လာခဲ့လိုက်သည်။

Toiletထဲ ၀င်နေတုန်းမှာပင် အပြင်ဘက်မှာ ဟိုဒီလျှောက်နေသံကိုကြားလိုက်ရသည် ရိပေါ်များလား Toiletခန်းထဲမှာ ထွက်လာပြီးလက်ဆေးကာအပြင်ထွက်မိချိန်မှာတော့ သူတွေ့လိုက်ရတဲ့သူဟာ တစ်ကိုယ်လုံးအနက်၀တ်ဆင်ထားခဲ့သည်။
Maskအမည်း၀တ်ထား၍ မျက်လုံးလေးသာပေါ်နေသော ထိုလူ၏မျက်လုံးများကိုသူမှတ်မိသည် ဘယ်လို ဖုံးထားဖုံးထား ဒီမျက်လုံးတွေကို သူသေချာမှတ်မိနေခဲ့ပါသည်။
"ယွီရှင်း မင်း"
စကားတောင်ဆုံးအောင်ပြောခွင့်မရဘဲ ပုဝါစတခုဖြင့် ရှောင်ကျန့်ရဲ့နှာခေါင်းပေါ်သို့ ယွီရှင်းကအုပ်လိုက်လေသည် ကြောက်လန့်တကြားဖြင့် ရုန်းကန်နေသည့်ကြားမှာပင် ရှောင်ကျန့်ကမ္ဘာကမှောင်အတိဖြစ်သွားခဲ့လေပြီ ကမ္ဘာကြီးနှင့်အဆက်အသွယ်မပြတ်တောက်ခင်မှာ သူ‌နောက်ဆုံး ခပ်တိုးတိုးခေါ်လိုက်မိသည့် နာမည်လေးကတော့ "ရိပေါ်"။

ခေါင်းကိုက်နေသလိုခံစားချက်သဲ့သဲ့နှင့်အတူရှောင်ကျန့်နိုးလာခဲ့ရသည် မှေးစင်းရာမှာ နေသာကျနေခဲ့သောမျက်၀န်းများကိုအားတင်းပြီးကြည့်မိတော့ သူ့ကိုကျောပေးရပ်‌နေသောယောင်္ကျားလေးတစ်ယောက်။
ဝေဝါးနေသောမျက်၀န်းများကိုပွတ်ရင်းထပ်ကြည့်မိသော ထိုလူဟာ၀တ်စုံပြည့်၀တ်ထားခဲ့ပုံပင် ထိုလူ့ကိုကျော်၍ သူ့ဆီကျလာသောနေရောင်ခြည်ကိုလက်သေးသေးလေးဖြင့်ကာရင်း အားယူပြီးခေါ်လိုက်မိတာက နှုတ်ခမ်း၀မှာအမြဲစိုးမိုးနေခဲ့သောနာမည်လေးပင်။
"ရိ ရိပေါ်လား"
သူ့ရဲ့ခပ်တိုးတိုးခေါ်သံကြားမှပင် သူ့ဘက်သို့ တဖြည်းဖြည်းလှည့်လာသောထိုလူ့မျက်နှာကို သေချာမြင်ရရန် နေရောင်ကိုလက်နဲ့ကာထားရင်း အားစိုက်၍ကြည့်မိချိန်မှာတော့။

ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် (Completed)Where stories live. Discover now