level-15

5.3K 404 33
                                    

နောက်တစ်နေ့မနက်~~~~
Jenနိုးလာခဲ့တယ် ဒါပမယ့်ဘေးနဖက်မှာအရှင်မရှိနေခဲ့ဘူး ဆိုးရိမ်စိတ်ကဝင်လာရတယ်အရှင်များထားသွားပြီလား
မျက်လုံးမှိတ်နေရက်ချက်ချင်းထထိုင်လိုက်တယ် မျက်လုံးဖွင့်ကြည့်လိုက်တော့ ကုတင်ခြေရင်းနားမှာထိုင်နေတဲ့အရှင် jen ကကြောင်အမ်းစွာကြည့်​နေသည် လက်ထဲမှာလည်းကြောင်လေးကိုပွေ့ထားတယ်
Li-"မိဖုရား ဘယ်လိုကိစ္စကြောင့်အလန့်တကြားထလာရပါသလည်း"
Jen-"အရှင်ရယ်...."
Jenလည်းဆိုးရိမ်စိတ်တွေပြေလျော့အောင်အရှင့်နားသွားကာအနောက်ကနေအရှင်ခါးတွေကိုဖက်လိုက်တာကျောပြင်လေးမှာမှီနေလိုက်တယ်
Jen-"ထားသွားခဲ့တယ်ထင်နေမိတာအရှင်...ဘေးနားမှာအရှင်မရှိတော့လို့ နောက်ဆိုအဲ့လိုထမသွားပါနဲ့တော့နော် jenဆိုးရိမ်လွန်းလှပါတယ်"
Li="li ကြောင်လေးဗိုက်ဆာ​နေလို့ထကျွေးရုံပါ မိဖုရားရယ် ဘယ်ကိုမှliထွက်မသွားပါဘူးစိတ်ချပါ မိဖုရားအနားရှိနေမှာပါ"
Jen="ဝမ်းသာရပါတယ်အရှယ်ရယ် ဒါနဲ့ ကြောင်လေးကဘယ်လိုလုပ်"
Li-"မနေ့ကယူပြီးနန်းဆောင်ထဲထားပေမယ့်ဗိုက်တာလောင်နေတယ်ထင်ပါရဲ့ပသံလေးပေးနေရှာတာအဲ့တာကြောင့်ထလာပြီးအတာကျွေးနေတာပါ မိဖုရားရဲ့"
ပြောကာကြောင်လေးကိုပွေ့ပြီးနမ်းနေတယ် သဝန်တွေတိုလာရပြန်ပါတယ် jenကိုတောင်မနမ်းတဲ့အရှင်က ကြောင်သေးသေးလေးကိလက်ကပင်မချချီထားကာနမ်းလည်းနမ်းနေပါသေးသည်ဒါပေမယ့်လည်းအရှင်ပျော်နေတာလေးတွေ့ရတာကြောင့်တော့သိပ်အပစ်မမြင်မိတော့ပါဘူး
Jen-"ကြောင်လေးကချစ်စရာလေးဘဲအရှင်"
Li="ဟုတ်တယ်နော် မိဖုရားကြည့်ပါအုံး တကယ်ပင်ချစ်ဖို့ကောင်းသည်"
Jen-"ဘယ်လိုခေါ်ပါသလဲအရှင်"
Li-"leo..လေး...leoလို့ခေါ်ပါတယ်မိဖုရား နာမည်လေးလှရဲ့လား"
Jen-"လှတာပေါ့အရှင်ရယ် အရှင်ပေးထားတာမို့​ပိုလှနေတယ်နာမည်လေးက"
Li-"ခစ်..ခစ်..ခစ်အဲ့လိုတောင်လား"
Jen-"ဒီ​နေ့အစည်အဝေးခမ်းမကိုလိုက်ရမယ်နော်အရှင် မှုးမတ်တွေကိုသေချာမိန့်ကြားရပါမယ် အရှင်ပြန်ရောက်လာတာကိုတခြားနိုင်ငံအားအသိပေးလို့မဖြစ်နိုင်သေးဘူး အရှင်အကုန်မမှတ်မိသေးတာကြောင့်ပါ မဟုတ်ရင်အရှင့်ကိုအန္တရယ်ပေးချင်သူတွေရှိလာနိုင်တယ် အကုန်ပြန်မှတ်မိရင်တော့နန်းပြန်တက်ရမယ်နော်အရှင်"
Li-"သဘောအတိုင်းပါဘဲမိဖုရားဒါဆို li ကိုယ်လက်သန့်စင်လိုက်ပါအုံးမယ်နော်မိဖုရား"
Jen-"ကောင်းပါပီအရှင်"
နောက်တော့အရှင်ကကြောင်လေးကိုအခန်းထဲမှာဘဲချပေးခဲ့တာရေချိုးဆောင်ထဲဝင်သွားခဲတယ် jenလည်းအရှင့်အဝတ်အစားတွေကိုပြင်ပေး​နေတယ် ခနနေအရှင်ပြန်ထွက်လာတော့
Jen-"အရှင်ဒီဝတ်ရုံကိုဝတ်ဆင်ပါနော် jenပြင်ပေးပြီးပါပြီ"
Li-" ကျေးဇူးပါတင်​ကြောင်းပါမိဖုရား"
Jen-" ကျေးဇူးဆိုတာမလိုပါဘူးအရှင်ရယ် တစ်ခုဘဲလိုအပ်တာပါအရှင်ရယ် jenကိုကြင်နာပေးပါ"
တောင်းဆိုမိတယ်အရှင့်ဆီကကြင်နာမှုလေးကို ကြင်နာခွင့်လေးပါ အရမ်းလိုချင်တက်မက်နေမိတယ်
Li-"li....li....ဘယ်လိုကြင်နာပေးရမှန်းမသိပါဘူးမိဖုရား..တောင်းးးတောင်းပန်ပါတယ် li အဲ့တာတွေသေချာမသိလို့ပါ"
Jen-"တောင်းပန်စရာမလိုပါဘူးအရှင်ရယ် jenအနားရှိနေပေးပါနော် ညနေကျရင် jenကြင်နာမှုတွေကိုခံယူပေးပါ အခုတော့အစည်းအဝေးသွားရမှာမို့ပြင်ဆင်လိုက်ပါအုံးမယ်အရှင် ညနေကျမှပေါ့"
Li-"ကောင်းပါပီ မိဖုရား "
ရေချိုးဆောင်ထဲဝင်သွားတဲ့မိဖုရားကိုကြည့်နေမိတယ် မိဖုရားကလှပတယ်၊ဆွဲဆောင်မှုရှိတယ်၊လူတစ်ယောက်ကိုညို့ယူနိုင်တယ် ၊အမိန့်ဆန်တယ် liကိုယ်တိုင်ကပင်အဲ့အမိန့်တွေကြားမှာနာခံနေခဲ့တယ် မိဖုရားစကားတစ်ခွန်းကliအတွက်အမိန့်တစ်ခုလိုဘဲ liမသိစိတ်ကပင်မိဖုရားအမိန့်ကိုနာခံနေလျက်ဘဲ ဘာကြောင့်များပါလိမ့်
        ခနနေတော့မိဖုရားရေချိုးသန့်စင်ပြီးကာပြင်ဆင်ပြီးတာနှင့် ခန်းမဆီသွားကြတယ် ဘုရင်မဘေးကလိုက်ဝင်သွားတော့အခမ်းမထဲမှာရှိတဲ့အမတ်တွေရဲမက်တွေကliကိုအံ့သြနေကာချက်ချင်းပင်အရိုအသေပေးကြသည်
All-"အရှင်မင်းကြီး...
Liလည်းပုလ္လင်ပေါ်မှာထိုင်လိုက်တာနှင့်
Jen="မောင်မင်းတို့အာလုံးကိုအသိပေးစရာရှိတယ် "
All-"မိန့်တော်မူပါဘုရင်မကြီး"
Jen-"ယခု ငါအရှင်မရဲ့ဘေးမှာတွေ့မေရတဲ့သူဟာအရှင်ဘုရင်liပင် အသက်မသေကာပြန်တွေ့ခြင်းဖြစ်သည် သို့​ပေမယ်အတိတ်ကိုမေ့လျော့နေသည်  ထို့ကြောင့်အရှင်ပြန်သတိရလာတဲ့အချိန်မှာအရှင့်ကိုနန်းပြန်တင်မည် နောက်တစ်ခုအနေနဲ့ အရှင်ပြန်ရောက်တဲ့အကြောင်းအရာကိုတခြားနိုင်ငံများမသိပါစေနဲ့နန်းတော်တွင်းသာသိစေ အရှင့်လုံခြုံရေးအတွက်အရေး​ကြီးပါတယ် သတင်းပေါက်ကြားတယ်ဆိုပါက အသက်ကိုအရှင်မထားဘူးဆိုတာသိထားကြပါ ဆွေစဥ်မျိုးဆက်အကုန် သေဒဏ်ခံရပါမယ်"
All-"အမိန့်အတိုင်းပါ ဘုရင်မကြီး"
အမိန့်ဆန်တဲ့မိဖုရားကြောင့်liကြောက်နေမိတယ် သေမိန့်တဲ့လေ
ခနနေတော့စီစဥ်စရာရှိတာတွေစီစဥ်ပြီးအစည်းအဝေးကြီးပြီးသွားခဲ့တယ်
နန်းဆောင်ပြန်ရောက်တော့နေ့လည်အချိန်ပင်ရှိနေပြီ
Jen-"အထိန်းတော်တို့ အရှင့်ပွဲတော်တည်ဖို့အတွက်ပွဲတော်ယူခဲ့ကြစမ်း"
အထိန်းတော်-"အမိန့်အတိုင်းပါဘုရင်မကြီး"
အချိန်ခနကြာတော့ပွဲတော်လာချပေးတာနဲ့မိဖုရားကliကို အစားအသောက်တွေသေချာကျွေးမွေးနေသည် liကကလေးလားပင် ခွံ့ကျွေးရလောက်သည် ထိမလိုဘူးထင်မိသည် သို့ပေမယ့် မိဖုရားကပျော်​နေပုံပင်
Jen-"စားကောင်းရဲ့လားအရှင်
Li-"ကောင်းးးကောင်းပါတယ်မိဖုရား...အဟွတ်...အဟွတ်...အဟွတ်...ရေ....အဟွတ်"
Jenလည်းရေအမြန်ပေးလိုက်တောမှအရှင်ကရေကိုသေချာသောက်နေရတယ်
Jen-"အရှင်ရရဲ့လားဟင် သက်သာရဲ့လား"
ဘယ်လောက်တောင်သီးသွားလည်းမသိ မျက်ရည်​​တွေတောင်ဝဲနေသည်
Li-"ရ...ရပါပီမိဖုရား"
Jen-"အရှင်ရယ်....."
Jenအရှင်မျက်ရည်​လေးတွေဝဲနေတာကြောင့်အရှင့်မျက်နှာလေးကိုပွေ့သပ်ပေးနေမိတယ် အရှင်ကလက်လေးကိုရုတ်တရက်လာကိုင်ပြီး
Li-"အဆင်ပြေပါတယ်မိဖုရား အရမ်းဆိုးရိမ်မနေပါနဲ့နော်...."
Jen=ဟုတ်ပါပီအရှင် နားတော့မလားဟင် လာအိပ်ဆောင်မှာသေချာနားရအောင်"
အထိန်းတော်တော်ကိုပွဲတော်ပြန်သိမ်းခိုင်းလိုက်ပြီးအိပ်​ဆောင်ထဲဝင်လာခဲ့တယ်
အိပ်ဆောင်ထဲရောက်တော့ကုတင်မှာထိုင်နေတဲ့liဘေးမှာဘုရင်မကြီးကလာထိုင်ပြီးပုခုံးပေါ်မှီလာတယ်
Jen-"မနက်ဖြန်ကျရင် အရှင်ကိုပျော်ဖို့ကောင်းတဲ့နေရာခေါ်သွားပေးမယ်သိလားအရှင်"
Li-"တကယ်ပင်ပျော်ဖို့ကောင်းပါသလား"
Jen-"အမှန်ပါအရှင်ကိုယ်တိုင် jenကိုခေါ်သွားခဲ့တာ
Li-"အဲ့လိုလား....."
အရှင်ကအတော်ကြာတိတ်ဆိတ်နေပြီး
Li-"မိဖုရားနဲ့ liနဲ့ကအရမ်းချစ်ခဲ့ကြတဲ့ချစ်သူတွေဖြစ်ခဲ့တာလားဟင်"
Jenဘာပြန်ပြောရမလည်းတခနတာအတွေးတွေလွင့်ပြယ်သွားသည်
Li-"မိဖုရား..liမေးတာဖြေပါအုံး"
Jen-"ဟင်းးးမဖြစ်ခဲ့ပါဘူး"
Li=အမ်....ဒါဆိုဘယ်လိုကြောင့်လက်ဆက်​​ဖြစ်သွားတာလည်း"
Jen-"အရှင်နန်းတက်မယ့်အချိန်မှာ jenကိုမေတ္တာသက်ဝင်လို့မိဖုရားတော်ကောက်ခဲ့တာပါ"
Li-"မိဖုရားနဲ့အရှင်နဲ့ဘယ်အရွယ်မှာစတွေ့ခဲ့တာပါလည်း"
Jen="အရှင်က10နှစ်အရွယ် jen 15နှစ်အရွယ်မှာစတွေ့ခဲ့ကြတာပါ"
Li-"ငယ်ငယ်ကတည်းကပေါ့ ကောင်းတော့ကောင်းသားဘဲ ကြည့်ရတာအဆင်ပြေခဲ့ပုံပါဘဲ"
ရယ်ကာပြောနေသည့်အရှင့်ကို jenကအရင်တစ်ချိန်တုန်းကအရှင့်ကိုအမုန်း
ကြီးမုန်းခဲ့တဲ့အကြောင်းကိုဘယ်လိုပြောပြရက်မလည်း
Li="liတို့လက်ထပ်ထားတာဘယ်လောက်ကြာပြီလည်းဟင် မိဖုရား"
Jen-"နှစ်နှစ်နဲ့သုံးလရှိပါပီ...."
Li="ဟင်....liမှတ်မိသလောက် liသတ်ပြန်ရလာတော့Imနိုင်ငံမှာနေတာနှစ်နှစ်နဲ့တစ်လကျော်လောက်ပင်ရှိနေပြီ ဒါဆိုမိဖုရားနဲ့လက်ဆက်ပြီးတစ်လကျော်အကြာမှာဖြစ်သွားခဲ့တာပေါ့"
အဲ့တာကြောင့်မိဖုရားကliကိုအပျောက်မခံဖြစ်နေသည်ကို
မိဖုရားကliရင်ခွင်ထဲတိုးဝင်လာကာ
Jen-"ဟုတ်တာပေါ့အရှင်ရယ် မိဖုရားအရမ်းလွမ်းဆွတ်နေခဲ့ရတာ အရှင့်အငွေ့အသက်တွေ အရမ်းလိုချင်မိတာ"
ပြောပြီးတာနဲ့ li နှုတ်ခမ်းတွေကိုမိဖုရားကကြည့်လာသည်
Jen-"အရှင့်ကိုကြင်နာမှုတွေပေးမှာမို့အကြင်အနာတွေကိုခံယူပေးပါအရှင်"
ပြောပြီးတာနဲ့ liနှုတ်ခမ်းပြင်ကိုထိတွေ့လာတဲ့နူးညံ့အိစက်တဲ့အရာလေး အပေါ်အောက်ငုံထွေးကာ အသံမြည်အောင်ပင်စုပ်နေသည် ဘယ်ကနေဘယ်လိုပင်ပြန်တုံပြန့်ရမှန်းမသိတာမို့မျက်လုံးမှိတ်ပြီးသာငြိမ်နေလိုက်တယ်
    အချိန်အတန်ကြာသည်အထိငုံထွေးစုပ်ယူနေပေမယ့်မိဖုရားကမတော်နိုင်သေးပါ liနှုတ်ခမ်းသားတို့မှာ နာသည့်အပြင်ထုံပါထုံလာရသည် ခနနေတော့ရပ်သွားကာ အိပ်ယာပေါ်လှဲစေပြီ ရင်ခွင်ထဲဝင်ကာလည်တိုင်တွေကိုခပ်ဖွဖွအနမ်း​ပေးနေသည်
Jen="အရှင့် ကိုအရမ်းလွမ်းနေခဲ့ရတာ နှစ်နှစ်တာအလွမ်းတွေကိုအတိုးချ ကြင်နာခွင့်ပြုပါ"
ဆတိုးနမ်းလာတဲ့အနမ်းတွေဟာ နာကျင်မှုနဲ့ပူလောင်မှုကိုဖြစ်ပေါ်​စေတယ် အိပ်ယာဆောင်ထပ်မှာ မိဖုရားဟာ liရဲ့လည်တိုင်တွေမှာအချစ်အမှတ်အသားတွေဖော်ကြူးနေတယ် liကတော့ငြိမ်သာခံနေမိသည် ခနနေတော့ လှုပ်ရှားမှုတွေရပ်သွားပြီး မိဖုရားကliကိုကြည့်လာသည် 
Jen-"အရှင့်ကို jenအရမ်းချစ်ကပါတယ်အရှင်"
Liလည်းမိဖုရားနဖူးကချွေးစလေးတွေကိုအကျီဝတ်ရုံရဲ့လက်ကအစလေးနှ့င်ခပ်ဖွဖွသုတ်ပေးနေရင်း
Li="li သိပါတယ် မိဖုရားရယ်မောသွားပီလား"
Jen-"မမောရပါဘူးအရှင်ရယ် ဒီထက်ပိုပြီးတောင်ကြင်နာချင်ပါသေးတယ် ဒါ​ပေမယ့်အရှင်မှတ်မိတဲ့အချိန်ကိုစောင့်နေပါမယ်"
Li-"ဟုတ်ပါပီမိဖုရား လာနားပါတော့"
Liလည်းရင်ခွင်ထဲထည့်ဖက်ပေးတာကြောင့် ခနနေတော့မိဖုရားကအိပ်စက်သွားသည် အခုလိုကြည့်ပြန်တော့လည်းမိဖုရားဟာအမှန်ပင်လှသည် ခနနေတော့liလည်းတဖြည်းဖြည်းပင်အိပ်ပျော်သွားသည်
     နိုးလာတော့မိဖုရားကမရှိတော့ပေ
Li="ဘယ်များရောက်သွားတာပါလိမ့် "
Liလည်းအိမ်ဆောင်တံခါးကိုဖွင့်ပြီးနန်းဆောင်ထဲဝင်တော့အရံတော်တွေကရပ်နေကြတယ်
Li="မိဖုရားဘယ်ကိုသွားတာလည်းဆိုတာ ဘယ်သူများသိသလည်း"
အရံတော်-"မိဖုရားမှုးမတ်ကြီးနဲ့ညစာတွေဆုံပွဲအတွက်သွား​တော်မူပါတယ်ဘုရား အရှင်မနိုးသေးသောကြောင့်ထားခဲ့တာပါဘုရား"
Li="အဲ့သလိုလား ယခုဘယ်အချိန်ရှိပြီလည်း"
အရံတော်-"ညနေစောင်းအချိန်ငါးနာရီခွဲအချိန်ရောက်နေပါပြီဘုရား"
Li="ငါကိုယ်တော် နန်းတော်ဥယာဥ်ထဲခန​လျောက်ကြည့်အုံးမယ်"
All-"အမိန့်အတိုင်းပါအရှင်ဘုရား"
      Liစိတ်ညစ်ပါရဲ့နန်းတော်ဥယာဥ်ထဲသွားခွင့်ပြုလို့လွတ်လပ်ပြီထင်တာ ဘယ်ဟုတ်မလည်းအရံတော်​တွေရောအထိန်းတော်တွေရောတစီတတန်းကြီးဘဲ liစိတ်ကျဥ်းကျပ်တာ
Chae-"အရှင်liလမ်းလျောက်ထွက်ဘာတာပါလားဘုရား"
Li="ဟုတ်ပါတယ် chae အရံတော်တွေဟိုဘက်မှာခနသွားစောင့်ကြပါ"
Bam-"ပျင်းနေတာပါလားဘုရား"
Li="liလို့ဘဲခေါ်ပါ အမှန်တော့တကယ်ပျင်းနေတာ အဲ့တာဒီမှာပျော်ရွင်ဖို့ကောင်းတဲ့နေရာလေးဘာလေးမရှိဘူးလား"
Chae-"liဆိုလိုတာက"
Bam-" bamသိပြီ......ဆောင်ကြာမြိုင်လား..."
Li-"အဲ့နေရာလည်းမဆိုးဘူးနော်သေရည်ကောင်းကောင်းသောင်လို့ရတယ် သွားကြမလား"
Bam-"ဘုရင်မကြီးသိရင် အမျက်တော်ရှပါလိမ့်မယ် li"
Chae="အဲ့တာတော့မှန်ကန်ကြောင်းပါli"
Li="li ရှင်းပါ့မယ် လာပါမိဖုရားအပစ်ပေးရင်တောင်liဘဲခံပါ့မယ်"
Bam&Chae-"ဒါဆိုလည်းသွားကြတာပေါ့li"
အရံ​တော်တွေကိုအဆောင်ပြန်ဖို့အမိန့်ပေးကာBamနဲ့Chaeနဲ့အတူဆောင်ကြာမြိုင်ကိုရောက်လာခဲ့တယ်
ဆောင်ကြာမြိုင်ရောက်တော့ အပျိုတော်တွေကဝိုင်းဆွဲခေါ်ကြပြီးသေရည်တွေအမြည်း​တွေနဲ့သေချာဧည့်ခံကြတယ်
Bam-"နတ်ပြည်ကိုရောက်နေသလိုပါဘဲလား"
Chae-"မှန်လိုက်လေခြင်း"
Li-"chae ရဲ့ဇနီးတွေ့လို့ကတော့ပြဿနာပင်"
Chae-"အဲ့တာတော့အမှန်ပင် ချစ်ဇနီးလေးကိုကြောက်ရတယ်ချစ်လွန်းလို့လေ စိတ်ကောက်တော်မူရင်မနည်းပင်ပြန်ချော့ရပါတယ် အမျက်တော်ရှရင်တော့အိပ်ဆောင်ကုတင်ပေါ်တောင်တက်ခွင့်မရှိပါဘူး"
Li="ဘာကြောင့်..."
Chae-"အပစ်ရှိတာမို့​​ကြမ်းပြင်မှာသာအိပ်ဆက်ရပါတယ် မဟုတ်ရင်ချစ်ဇနီးဒေါသကိုကြောက်လွန်းလို့ပါ ​ပြီးရင်တော့နောက်တစ်ခါထပ်မလုပ်ဖို့သတိထားရပါတော့တယ်"
Liနဲ့Bamနဲ့နှစ်ဦးသားအော်ရယ်မိတယ်သုံးယောက်သားအပျိုတော်တွေငှဲ့ပေးတဲ့သေရည်တွေသောက်ကာပျော်မြူးနေကြတာ ညနက်​သွားတာကိုပ​င်​သတိမထားမိခဲ့ကြပေ
At jen's side
Jenနန်းဆောင်ကိုပြန်လာတော့အရှင်မရှိဘူးအချိန်အားဖြင့်ည9နာရီကုရောက်ရှိနေပြီအမှန်ဆိုရှိနေသင့်သည်မဟုတ်ပါသလား
Jen-"အရှင်ဘယ်မှာလည်း"
ဘုရင်မကြီးရဲ့ဒေါသသံကြောင့်အထိန်းတော်တွေရောအရံတော်တွေရောကြောက်လန့်နေကြတယ်
Jen-"ငါအရှင်မ ဘယ်မှာလည်းလို့မေးနေတယ်မဟုတ်ပါသလား ပြန်ဖြေကြစမ်းအခုချက်ချင်းအရှင်ဘယ်မှာလည်း"
အထိန်းတော်ကြီး-"အကြံပေးအမတ် ကိုယ်ရံတော်တို့နဲ့အတူသွားပါတယ်ဘုရင်မကြီးခင်ဗျာ"
Jen-"ဘယ်နေရာကိုများသွား​နေတာမို့ အခုလိုအချိန်အထိပြန်မလာသေးတာပါသလဲ ဖြေစမ်းအရှင်ဘယ်နေရာကိုသွားတာလည်း"
အထိန်းတော်ကြီး-"ဆိုးရွံ့မိပါတယ် မယ်မယ်....အရှင်ဆောင်ကြာမြိုင်ကိုသွားပါတယ် မယ်မယ်"
Jenဒေါသတွေစောင့်တက်သွားရသည် ဆောင်ကြာမြိုင်တဲ့လေ အပျိုတော်တွေက အရှင့်အသားကိုထိကိုင်ရင်ဘယ်လိုလုပ်မလည်း မရဘူးအရှင့်ကိုjenကလွဲပြီးဘယ်မိန်းမသားမှထိခွင့်မရှိဘူး
Jenလည်းဆောင်ကြာမြိုင်ကိုအမြန်လိုက်သွားပြီး အထဲရောက်တော့မြင်ရတဲ့မြင်ကွင်းက တစ်ကိုယ်လုံးကိုဒေါသတွေလွှမ်းခြုံသွားစေတယ် အရှင့်ဘေးနားကမိန်းမပျိုကအရှင့်အသားတွေကိုထိပြီးသေရည်ငှဲ့ပေးနေတာ
Jen-"အခုချက်ချင်းရပ်ကြစမ်း"
Jenအသံကြောင့်အကုန်လုံးကြောက်လန့်ကုန်တယ်
Li-"မိဖုရား"
Chae&Bam-"ဘုရင်မကြီး"
Jen-"အခုချက်ချင်းအရှင့်အသားကိုထိနေတဲ့လက်ကိုရုတ်သိမ်းလိုက်စမ်း မျက်စိရှေ့ကအခုချက်ချင်းထွက်သွားကြ"
အပျိုတော်တွေလည်းကြောက်ပြီးအခန်းအပြင်ပြေးထွက်သွားကြတယ်
Jen-"နန်းတော်ကိုအခုချက်ချင်းပြန်မယ် အရှင့်ကိုခေါ်ခဲ့ကြ နောက်ပြီးအမတ်chaeနဲ့ကိုယ်ရံတော်ပြန်နားလို့ရပြီ နောက်တစ်ခါအရှင့်ကိုဒီနေရာတွေခေါ်မလာပါနဲ့ခေါ်လာရင်အပစ်ပေးခံရပါမယ်"
Chae&Bam-"nae မယ်မယ်"
Li="သူတိူ့အမှားမဟုတ်ပါဘူးမိဖုရား liအမှားပါ liသွားချင်တယ်ဆို​​သော​ကြောင့်အမတ်နဲ့ကိုယ်ရံတော်ကလိုက်ကြရတာပါ အပစ်ပေးမယ်ဆိုရင်တောင်liဘဲအပစ်ခံသင့်တာပါ"
Jenဒေါသတွေကိုလုံးဝထိန်းမနိုင်တော့ဘူး အရှင့်ကို jenအရမ်းချစ်ရတာ အရှင်ကဒီလိုနေရာကိုဘာကြောင့်လာရတာလည်း ဒေါသကို​ရှေ့တန်းတင်လိုက်မိတယ်
Jen-"ကောင်းပီလေ ဒါဆိူနန်းဆောင်ပြန်ရောက်မှအဲ့ကိစ္စဆက်ပြောကြတာပေါ့"
ပြောပြီးတာနဲ့အရှင့်ကိုနန်းဆောင်ထဲပြန်ခေါ်လာခဲ့တယ် နန်းဆောင်ကိုရောက်တော့
Jem="အကုန်ထွက်သွားကြအရှင်နဲ့နှစ်ယောက်တည်းစကားပြောချင်တယ်"+
အထိန်းတော်-"nae မယ်မယ်"
အကုန်ထွက်သွားတော့
Li-"မိဖုရား..."
Jen-"အရှင်ဘာကြောင့်အဲ့နေရာကိုသွားရပါသလည်း...ဘာကြောင့်လည်း...ဘာကြောင့်လည်း...အရှင့်ကို မိဖုရား ဘယ်လောက်ချစ်ရလည်းဆိုတာမသိဘူးလား ဘာကြောင့်သွားရတာလည်း"
မိဖုရားliကိုအော်နေတာliကြောက်တယ်....liတကယ်ကြောက်တယ်... မိဖုရားအကြည့်တွေကကြောက်ဖို့ကောင်းတယ်အဲ့အကြည့်တွေliကြောက်တယ်....အဲ့အကြည့်တွေရင်နှီးနေတယ် မျက်ရည်တွေကျကာဒေါသထွက်နေတဲ့ အကြည့်liကြောက်တယ်...
Jen-" အရှင်သိရဲ့လား အရှင့်အသားကိုဘယ်မိန်းမသားမှထိတာမိဖုရားမကြိုက်ဘူး အရှင်သိပါရဲ့လား jenရဲ့နှလုံးသားကိုသိပါရဲ့လား"
ခံစားချက်တွေကိုအော်ပြောကာငိုနေသည်မိဖုရားကိုသနားသလို ကြောက်လည်းကြောက်မိသည်
Li-"li.....liမှားသွားပါတယ် နောက်တစ်ခါမသွားတော့ပါဘူး...တောင်းပန်ပါတယ်မိဖုရား....."
အရှင့်အသံဟာဖျော့နေသည် ဒေါသထွက်နေတာတွေဘယ်ရောက်ကုန်မှန်းမသိအရှင့်ကို​သေချာပြန်ကြည့်တော့ခေါင်းကိုငုံထားသည် အရှင်မျက်နှာလေးကိုလက်လေးနဲ့ထိကိုင်ပြီး ကြည့်တော့
Li="တောင်းပန်ပါတယ်....."
Liခေါင်းကိုက်တယ်အရမ်းဘဲပုံရိပ်တွေဟာနှစ်ထပ်ဖြစ်နေတယ်....နောက်ဆုံးတော့အားယူပြီးတောင်းပန်စကားဆိုကာ အမှောင်ကျသွားခဲ့သည်
  Jenကိုတောင်းပန်စကားပြောလာပြီးအရှင်ကလဲကျသွားသည် ရင်ခွင်ထဲ​ရောက်လာအောင်ပြေးပွေ့လိုက်ပြီးဆိုးရိမ်စိတ်ကမြင့်တက်လာသည် ဖြူဖျော့နေတဲ့မျက်နှာနဲ့နှုတ်ခမ်းပါးတွေဟာ jenကိုကြေကွဲစေတယ်
Jen-"အပြင်မှာဘယ်သူရှိလည်း အရှင်မေ့လဲသွားပြီ...သမားတော်အမြန်ပင့်ကြစမ်း...အမြန်...."
နန်းဆောင်ကလူတွေအလုပ်ရှုပ်ကုန်တယ် jenလည်းအရှင့်ကိုအိပ်​ဆောင်ထဲရွှေ့လာပြီးကုတင်ပေါ်သေချာနေရာချပေးပြီးစိုးရိမ်မှုတွေမြင့်တက်နေခဲ့​တယ် ဒေါသထွက်နေတဲ့အချိန်မို့သတိလက်လွတ်အော်ခဲ့မိတာ  အရှင့်ကိုမေ့လဲသွားစေဖို့မရည်ရွယ်ခဲ့ပါဘူး
     သမားတော်ရောက်လာတော့ သမားတော်ကသေချာစမ်းသပ်ပြီး အရှင့်သွေးကြောထဲကိုအပ်စိုက်ကာဆေးသွင်းပေးနေတယ်
Jen-"အခြေအနေကိုပြောပါ အရှင်ဘာဖြစ်တာလည်း"
သမားတော်-"အတိတ်ကအကြောင်းတွေဝိုးတဝါးပေါ်လာရာကနေအတင်းအကြပ်တွေးတော်လွန်းတာကြောင့်ရော သွေးအားနည်းနေတာကြောင့်ပါမေ့လဲသွားတာပါ မပူပါနဲ့ မယ်မယ် အရှင်ညလယ်ခေါင်လောက်ကျရင်သတိရလာမှာပါ အတိတ်ကဖြစ်ရပ်တွေကိုပြန်မှတ်မိဖို့ကအနုနည်းနဲ့ဖြည်းဖြည်းချင်းသွားရပါလိမ့်မယ် အော်တာငေါက်တာတွေရှောင်ပေးပါမယ်မယ် မဟုတ်ရင် သူ့အတွက်ပိုဆိုးနိုင်ပါတယ် သေချာဂရုစိုက်ပေးပါမယ်မယ် အခုလို ခနခနမေ့လဲနေတာကောင်းတဲ့လက္ခဏာရပ်မဟုတ်ပါဘူး မယ်မယ်"
Jen-"ကောင်း​ပါ​ပြီသမားတော်ကြီးပြောတဲ့အတိုင်းလုပ်ပါ့မယ်"
သမားတော်-"nae မယ်မယ် အရှင်နိုးလာရင် အပ်စိုက်ထားတဲ့ဆေးရှိန်ကြောင့် ဗိုက်ဆာလောင်နေပါလိမ့်မယ် သူစားချင်သည်များကို​သေချာကျွေးမွေးပြီးဒီဆေးတိုက်ပေးပါ ဆေးကအရမ်းပြင်းလွန်းတော့အစာရှိပြီးအားရှိဖို့ လိုပါတယ် သူ့စိတ်ကိုအလိုလိုက်ပေးပါမယ်မယ် သူ့ကိုကြည့်ရသလောက်တော့ အရင်ကမကောင်းတဲ့ဖြစ်ရပ်တွေကို စိတ်ထဲစွဲပြီးမြင်ယောက်နေပုံပါဘဲ နှုတ်ခမ်းတွေမျက်နှာတွေဖြူဖျော့နေတာကြောက်လန့်​နေတာပါ မယ်မယ် သူ့ကိုအကြောက်တရားသိပ်မရှိအောင်ဂရုစိုက်ပေးပါ အနားမှာရှိနေပြီးအချိန်ပေးပေးပါ တဖြည်းဖြည်း အတိတ်ကိုသတိရအောင် ဖြည်းဖြည်းချင်းဘဲလုပ်ပေးပါ မယ်မယ် နှစ်ရက်သုံးရင်လောက်အနားယူပြီးရင်တော့ကောင်းသွားမှာပါ နေစဥ်​နေ့တိုင်းကျွန်တော်မျိုးလာပြီး အပ်စိုက်ပေးပါ့မယ် နေကောင်းလာအောင်"
Jen-"ကောင်းပါပီ"
သမားတော်-"အရှင့်ကိုဂရုစိုက်ပေးပါအုံးမယ်မယ် ဒါဆိုကျွန်တော်မျိုးကိုခွင့်ပြုပါအုံး"
Jen-" သေချာပြန်ပါ"
သမားတော်-"nae မယ်မယ််"
သမားတော်ပြန်သွားတဲ့အခါကျမှကုတင်ပေါ်တက်ကာအရှင့်ဘေးမှာလှဲနေပြီးအရှင့်ကိုကြည့်နေမိတယ် နာကျင်စရာအတိတ်တွေပေးမိတဲ့ကိုယ့်ကိုကိုယ်သာအပစ်တင်မိပါတယ် အရှင့်ခန္ဓာကိုယ်လေးကိုရင်ခွင်ထဲဖြည်းဖြည်းချင်းထည့်ကာနဖူးပြင်လေးကိုအသာအယာနမ်းရှိုက်နေမိတယ်
အရှင့်ကြောင်လေးကလည်းအရှင်နေမကောင်းနေတာကိုသိနေသည့်အလား အရှင့်ခန္ဓာကိုယ်လေးကိုပွတ်သပ်ကာjenကိုမျက်နှာငယ်လေးနဲ့ကြည့်နေကာအရှင့်ဘေးနားမှာခွေခွေလေးကွေးနေရှာသည်
Jenလည်းအရှင့်ကိုရင်ခွင်ထဲထည့်ထားပြီးဝမ်းနည်းနေသယောင်ရှိသည့်ကြောင်လေးကိုပွတ်ပေးနေလိုက်သည်
#level-15(end)
#နှစ်ရက်စာပေါင်းရေးပေးထားတာအလုံး4000နားကပ်နေပြီနော် ကျေနပ်လိုက်တော့ 😉

သိပ်ချစ်ရပါသော_____မိဖုရားWhere stories live. Discover now