*အတွေ့အကြုံရှိတဲ့ လုပ်ငန်းရှင်တွေလက်အောက်မှာ ပိုက်ဆံဆုံးရှုံးသွားရတဲ့ လက်လီရင်းနှီးမြှုပ်နှံတဲ့သူတွေကို ဆိုလိုတာပါ။ သူတို့တွေဟာ ကြက်သွန်မြိတ်တွေလို ‘အရိတ်သိမ်းခံ’လိုက်ရတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

သို့သော်….ယခုလေးတင်မှ မှတ်ဉာဏ်များပြန်ရလာနေသည့် လူတစ်ယောက်၏ဦးနှောက်သည်ကား အခုချိန်၌ ကော်ထုပ်တစ်ထုပ်လိုဖြစ်နေလိမ့်မည်။
သူ ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချလို့ရရင်ရနိုင်တယ်မဟုတ်လား?

“ဟို….ပိရှ”

ရွှမ်းကျီး၏အစာအိမ်ထဲတွင်ရှိသော ကလိမ်ကကျစ်စက်ကိရိယာများက စတင်လည်ပတ်လာသည်။ သူ ဤအခွင့်အရေးကို နည်းနည်းလေးတောင်လက်လွတ်မခံနိုင်ပေ။

“အဲဒီအချိန်တုန်းက ခင်ဗျားတို့တတွေ မြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီး လူတွေကိုတစ်ယောက်မကျန်သုတ်သင်ပစ်တုန်းက တကယ်ပဲ သေတဲ့လူတွေကို အတိအကျရေတွက်ထားတာလား? သင်္ချာမတော်တဲ့လူသာဆိုရင် ခင်ဗျားတို့အုပ်စုထဲကိုဝင်လို့မရဘူးနဲ့တူတယ်နော်….နတ်ဆရာမျိုးနွယ်စုက ခင်ဗျားတို့ရဲ့ရန်သူတွေလား?”

“မဟုတ်ဘူး”

ရှန့်လင်ယွမ်းက ခေတ္တခဏမျှ အတွေးရေယဉ်ကြောထဲနစ်မြောလို့နေပြီး ထင်ထားသည့်အတိုင်းပင် အနှီမိစ္ဆာလေး၏ မသိမသာအစ်အောက်မေးလာသောမေးခွန်းများကို သတိမထားမိပါချေ။ သူ့အား “ပိရှ” ဟု ခေါ်ဝေါ်သုံးစွဲလိုက်သည်ကိုပင် ပြန်ပြင်မပေးတော့။

“နတ်ဆရာမျိုးနွယ်စုက ငါတို့ရဲ့ မဟာမိတ်တွေပဲ။ သူတို့တွေက သူတို့ကိုယ်သူတို့ လူသားတွေလို့ပဲသတ်မှတ်လက်ခံထားကြတယ်…မင်းကြည့်လိုက်…အဲဒီအရိုးတွေရဲ့ပုံစံက လူအရိုးတွေနဲ့ဆင်တူတယ်မလား”

အဆိုပါစကားများထဲတွင် အလွန်များပြားသောသတင်းအချက်အလက်များပါဝင်လို့နေသည်။ ရွှမ်းကျီး၏မျက်ဆံများက ကြုံ့ဝင်လို့သွားပြီး လျှပ်တပြတ်အတွင်းမှာပင် ထွက်ပေါ်လာသော မရေမတွက်နိုင်အောင်များပြားလှသည့်အတွေးများကြောင့် သူ့ခေါင်းတစ်ခုလုံးပေါက်ထွက်မတတ်ခံစားလိုက်ရလေ၏။

သောကမီးလျှံWhere stories live. Discover now