အပိုင်း (၈)

Start from the beginning
                                    

" အင်း ပြောလေ "

" မင်းကိုကို့ Company မှာ အတွင်းရေးမှူး လုပ်ရမယ် "

" ဟမ် ၊ ဒါဆို Singto ကရော "

" သူလည်း အတွင်းရေးမှူး ပဲ ၊ ဒါပေမဲ့ သူက လုပ်ငန်းပတ်သတ် တဲ့ အတွင်းရေးမှူး ၊ မင်းက ကိုယ့်ရဲ့ တစ်ဦးတည်းသော အတွင်းရေးမှူး "

" ဘယ်လိုကြီးလဲ "

" ကလေးလေး နောက်ကျ ရင် နားလည် သွားလိမ့်မယ် ၊ ကိုကို ဘာကို ဆိုလိုလဲ ဆိုတာ ၊ ပြီးတော့ မနက်ဖြန်က စပြီး အလုပ်ဆင်းရမယ် "

" မြန်လိုက်တာ "

" မမြန်ပါဘူး ၊ နောက်ကျ နေတယ်တောင် ထင်တာ ၊ အမှန်တော့ ကိုယ် ကလေးကို စိတ်ဝင်စားတာ လွန်ခဲ့တယ် ၁၅ နှစ်ထဲက "

" ဗျာ ၊ အခု အသက်ဘယ်လောက်လဲ "

" ၃၀ ပေါ့ "

" ဒါဆို ကျွန်တော် ၁၃ နှစ်တည်းကပေါ့ "

" ဟုတ်တယ် ကလေး မမှတ်မိဘူးလား "

" ဟင့်အင်း "

" မင်းက ငယ်ငယ်လေးထဲ ကျောင်းမှာ စာကြမ်းပိုလေ ၊ တနေ့ မင်း ငါတို့ အတန်းကြီးတွေ ရှေ က ဖျက်သွားတော့ ခေါင်း မငုံ့ သွားဘူး "

" ကျွန်တော်က ဘာလို့ခေါင်းငုံ့ ရမှာလဲ "

" ငါတို့ ကျောင်း ရဲ့ အစဉ်အလာကို မသိတာလား "

" သိတယ်လေ ၊ ဒါပေမဲ့ .... "

" မင်းကိုငါ အဲ့ထဲက စိတ်ဝင်စားခဲ့တာ ၊ ဘယ်သူ့ကိုမှ လည်း ဂရုမစိုက်ဘူး ပြီးတော့ မသိတဲ့ သူ ပေးတဲ့ လက်ဆောင်ဆို မယူဘူး "

" ဒါဆို ကျွန်တော့် စားပွဲပေါ် အအေးတွေ လာလာထားတာ ... "

" ကိုယ် ပဲ "

" ဒါဆို စတွေ့တည်းက ကျွန်တော်မှန်းသိနေတာလား"

" မဟုတ်ဘူး ၊ မင်းအိမ်လာတဲ့ နေ့မှ "

" ဘယ်လို သိတာလဲ "

" မင်းကို မနက်က လာကြိုတော့ ကိုယ်တွေ့တာ ၊ မင်း ဆုယူထားတဲ့ ပုံလေး "

" ဟာ ဒါဆို မေမေ နဲ့ တွေ့ခဲ့တာပေါ့ "

" ဒါပေါ့ ၊ ယောက်ခမ အသေချစ် "

" ကျွန်တော့်ကို စုံစမ်းခဲ့သေးလား "

" အင်း ကိုယ် အထက်တန်းကျောင်း ပြီးပြီးချင်း မင်းကိုယ် စုံစမ်းသေးတယ် ၊ မင်း အိမ်ပြောင်းသွားသေးတယ်လေ "

ရင်ခုန်ခြင်းက မင်းနဲ့မှ (Completed)Where stories live. Discover now