ရူ့လွီက သေဆုံးပြီး ခဏ ဝံပုလွေငယ်လေးအဖြစ်သို့ပြောင်းသွားလေသည်။ မိုးရာသီဖြစ်တာကြောင်​့ မိုးတဖွဲဖွဲ ရွာနေသည့်ကြားထဲ သေဆုံးနေတဲ့ ဝံပုလွေ ငယ်လေးဟာ မိုးစက်ကြားမှာ တကောင်ထဲ အထီးကျန် အေးစက်လို့ နေခဲ့ပါပြီ။ အမြုတေပျက်စီးသွားတဲ့အတွက် သူဟာ နောက်နှစိ​ပေါင်းရာချီတဲ့ထိ ပြန်ဝင်စားနိုင်မှာ မဟုပါဘူး။ ဒါပေမဲ့ သူက နောင်တရမှာ မဟုပါဘူး။ သူ့အတွက် တဦးထဲသော မိသားစုဖြစ်တဲ့ ရီပေါ့်ကို ကယ်တင်နိုင်လို့ပါ။

တဖက်တွင်

ရှောင်ကျန့်ဟာ ရီပေါ်ကို ရင်ခွင်ထဲ ထဲ့ပြီး ခရီးဆက်လာလိုက်ရာ သမားတော်ဂူတို့မမှီတဲ့ နေရာတနေရာအထိ ရောက်လာခဲ့တယ်။ ရှောင်ကျန့်က အနားယူဖို့ သစ်ပင်အကွယ်တွေ အများကြီး ရှိ တဲ့တနေမှာ ရပ်ပြီး မြင်းကို သစ်ပင်မှာ ကြိုးချည်ထားခဲ့တယ်။ ရီပေါ်ကတော့ စကားမပြောဘဲ သွေးပျက်ကာ ခိုင်လို့နေတယ်။ ရှောင်ကျန့်က သစ်ရွက်နု မြက်လေးတွေ ရှာကာ ရီပေါ် တယောက်စာ ကျောလှဲလို့ ​ရအောင်လုပ်ပေးလိုက်သည်။

"ရီလေး မင်းဒီမှာ ခဏစောင့်နေနော် ကိုယ် ရေသွားခပ်လိုက်အုံးမယ်"

"အင်းကိုကို"

လို့ပြောကာ ခေါင်းညှိမ်းပြသည်။ ရှောင်ကျန့်လဲ သက်ပြင်း တခါချကာ ထွက်သွားတော့သည်။

ရှောင်ကျန့်လဲ စားလို့ရမဲ့ အသီးလေးတွေ ခူးကာ ရေခက်ပြီး ထမယ်အလုပ် ခေါင်းက မိုက်ခနဲဖစ်သွားသည်။ ပြီးတော့ ချောင်းတွေ အဆက်မပြတ်ဆိုးတယ်။

"အဟွတ် အဟွတ် အဟွတ် အဟွတ်"

လက်ဖြင့် အုပ်ပြီး ဆိုးတော့လက်မှာ သွေးတွေ ကို တွေ့ရတယ်။ သူဒီလိုဖြစ်နေတာ တော်တော်ကြာပြီ။ တခါတလေ နှာခေါင်းသွေးပါ လျှံ တတ်သည်။

ရှောင်ကျန့်က သေရမှာကို မကြောက်ပါဘူး။ ကီပေါ့်ကို တယောက်ထဲ ထားခဲ့ရမှာကိုဘဲ ကြောက်တာပါ။ ဒါပေမဲ့ သူဒီလိုဖြစ်နေတာကို ရီပေါ့်ကို ဖုံးကွယ်ဖို့ ကြံနေတယ်။ ခဏကြာတော့ နေလို့နဲနဲကောင်းတာကြောင်​့ ခူးထားတဲ့သစ်သီးတွေနဲ့ ရေသယ်ကာ ရီပေါ့်စီ ပြန်သွားလေသည်။

Love poison S1 (Complete)Where stories live. Discover now