သူမကသူမဘက်ကမြှားဦးကို ရှောင်းကျန့်ဘက်ပြန်လှည့်ချင်နေသေးသည်။
အရှင်ကမျက်မှောင်ကျုံ့လိုက်ပြီး

"အခုထိ အမှားကိုမမြင်နိုင်သေးဘူးပေါ့ မင်းဘက်ကအရင်ရိုင်းပြလို့ ကြင်ယာတော်ရှောင်းကိုစိတ်ဆိုးစေပြီး အခုထပ်ပြီးကြင်ယာတော်ရှောင်းကို အပြစ်ပုံချချင်သေးတယ်ပေါ့လေ"

"မဟုတ်ပါဘူး အရှင် တကယ်ကိုပဲ ကြင်ယာတော်ရှောင်းက"

"လာကြစမ်း ကြင်ယာတော်ရှန်းကိုအဆောင်ဆီပြန်ခေါ်သွားလိုက် အစေခံတွေကိုရုတ်သိမ်းလိုက်ပြီး တစ်ကိုယ်တော်နန်းဆောင်မှာ တစ်လတိတိအပြစ်ဒဏ်ခံစေ ဘယ်သူမှကူညီခွင့်မရှိဘူး"

"မ မ မလုပ်ပါနဲ့အရှင် ကျွန်မမှာအရှင့်ရဲ့ရင်သွေးလေးရှိသေးတယ်လေ "

"မင်းမှာကလေးရှိနေလို့ ဒီလောက်ထိလျှော့ပေးလိုက်တာ မဟုတ်ရင် ရေခဲနန်းဆောင်ရောက်သွားရပြီ"

အရှင်က ကြင်ယာတော်ရှန်းကိုအပြစ်ပေးပြီးတာနဲ့ ရှောင်းကျန့်ဘက်ကိုလှည့်လို့ပြုံးပြသည်။

"သားတော်လေးက နှုတ်သွက်လိုက်တာ ကြင်ယာတော်ရှန်းကို ပြန်မချေပနိုင်အောင်ပြောတတ်တယ်"

အရှင်ကရှောင်းကျန့်ရဲ့မေးစေ့လေးကိုတို့လို့စသည်။

"အရှင်နော် မစနဲ့"

ဒီလိုနဲ့ကိစ္စတစ်ခုကတော့ ခဏတာအေးဆေးသွားလေပြီ။ ရှောင်းကျန့်လည်းမွေးဖွားခါနီး စိတ်အေးရလို့တော်သေးသည်။ ရှောင်းကျန့်ရဲ့မွေးရက်ကနီးလာသလို ရှေ့ဖြစ်ဟောအကြီးအကဲက နဂါးခုနှစ်ကောင်ကွန့်မြူးမယ့်နေ့ကိုတွက်ချက်ပြီး ထိုနေ့မှာမင်းသားလေးကိုဖွားမြင်မယ်လို့ ဟောကိန်းထုတ်ထားတယ်။ ထိုနေ့ကနောက်သုံးရက်နေရင်ပဲဖြစ်သည်။
ဒါကြောင့် ရှောင်းကျန့်ရဲ့အဆောင်တော်မှာလူတွေစည်ကားနေသည်။ ထူထပ်လွန်းတဲ့အစောင့်အကြပ်တွေနဲ့ပေါများလွန်းတဲ့အခြွေရံတွေက ခြေချင်းလိမ်နေသည်။

အရှင်ကလည်း ညီလာခံတက်ချိန်မှလွဲ၍ကျန်တဲ့အချိန်များမှာ သူ့ဘေးတွင်သာရှိနေတတ်သည်။ ညီလာခံတက်ချိန်ကလည်း အရင်ကထက်လေးငါးဆလောက်နည်းနေသည်။
ရှောင်းကျန့်ဒီရက်ပိုင်းမှာ ဝဖောင်းဖောင်းလေးဖြစ်လာသည်။ မွေးဖွားခါနီးလို့လားမသိဘူး ခြေချောင်းလက်ချောင်းလေးတွေ ကစ်ကစ်လေးတွေဖြစ်လာသည်။ အရှင်ကတော့ ချစ်မဝစွာဘဲ ညတိုင်းတရှုံ့ရှုံ့နဲ့နမ်းတတ်သည်။

Empress XiaoWhere stories live. Discover now