midnight city...

1.3K 43 10
                                        

(AN/အရင်ဆုံးပြောချင်တာကတော့အောက်မှာဖော်ပြထားတဲ့အရာအားလုံးဟာစာရေးသူရဲ့စိတ်ကူးသက်သက်ပါဖြစ်ရပ်မှန်များမဟုတ်ပါ)

imm....ဇာတ်လမ်းအစကိုပြောရမယ်ဆိုရင်တော့ခင်များတို့ကိုတစ်ခုမေးမှရမယ်......
သဘာဝလွန်အဖြစ်အပျက်တွေကိုယုံလား??

အရင်က MD လိုခေါ်တဲ့မြို့တစ်မြို့မှာမကောင်းဆိုးဝါးအချို့ကျင်လည်ကျက်စားလေ့ရှိတယ် မကောင်းဆိုးဝါးဆိုအစုံဘဲဗျာ ခင်များတို့သိတဲ့သွေးစုပ်တာရော လူသားစားတာရော ပူဇော်ပြီးစွမ်းအားယူတာရော
စိတ်မပူပါနဲ့ ဒါက နှစ်ပေါင်းများစွာအကြာကအဖြစ်အပျက်အချိ​ု့ပါ

လူဉီးရေထူထပ်လာတာနဲ့အမျှ မကောင်းဆိုးဝါးတွေကငြိမ်လာကြရတယ် အရင်လို ပေါ်တင်ကြီးဆိုးသွမ်းနေလို့မရတော့ဘူး စည်းနဲ့ဘောင်နဲ့နေလာကြတယ်
ထိုမကောင်းဆိုးဝါးအမျိုးအစားတွေထဲမှာ အင်အားအကြီးဆုံးက vampires တွေဘဲ
ပြီးမှ werewolf တွေထိုသို့ဖြင့်အဆင့်ဆင့်လာတယ် သူတို့ကမျိုးနွယ်အချင်းချင်းလေးစားကြတယ်

ချစ်ပြီးတည့်နေကြတာမဟုတ်ဘူး အမြဲလိိုလိုရန်ဖက်ဘဲ ဒါမဲ့ werewolf 5 ကောင်နဲ့
vampire တစ်ကောင်တည်းဆိုရင်တောင်
မတိုက်ခိုက်ဘူး အ့လောက်ထိကို werewolf နဲ့ vampire နဲ့ကအားအင်ချင်းကွာခြားတယ်

ဒီလောက်ဆို story အကြောင်းသိလောက်ပြီထင်တယ် vampire တွေကအင်အားကြီးလာတာနဲ့အမျှလုံးဝလူလိုနေလာနိုင်ကြတယ်
ဒါကတော့ မျိုးနွယ်တိုင်းပါဘဲလူသားတွေနဲ့ရောထွေးနေထိုင်တာမျိုး

ယခုလက်ရှိအချိန်ကိုပြောရမယ်ဆိုရင်တော့.............

MDမြို့ကြီးမှာအရမ်းကိုအောင်မြင်နေတဲ့ Mn company ရဲ့ အပေါ်ဆုံးထပ် CEO ရဲ့ရုံးခန်းမှာ လူတစ်ယောက် တိုက်အောက်ရှိ ရှုပ်ထွေးနေတဲ့ကားလမ်းမကြီးကိုကြည့်ကာ တစ်ခုခုကိုအလိုမကျသလို အပြစ်ရှာမရအောင်ပြေပြစ်နေတဲ့မျက်နှာထက်က ဖြောင့်တန်းနေတဲ့မျက်ခုံးတွေဟာတွန့်ချိုးနေရင်း လက်ထဲက ဝိုင်ခွက်ကိုလှုပ်ခါနေတယ်....wait ခွက်ထဲကဝိုင်တွေလား ဒီလောက်ပြစ်ချွဲပြီးအရောင်ကရင့်နေတာကို imm...သေချာတယ်ဒါဟာလူသွေးဘဲ....

Has llegado al final de las partes publicadas.

⏰ Última actualización: May 05, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

midnight cityHistorias para obsesionarse. Descúbrelo ahora