Bright - " အေး ထွက်မယ် ဒီမှာသာ
မှောင်တာ အပြင်မှာ လင်းတယ် အခုမှ
3 နာရီပဲရှိသေးတယ် "
Mike - " ဦးလေးမရှိရင် ငါတို့ မြို့ဟောင်းကို ဘယ်လိုသွားကြမလဲ "
Win က မြေပုံတစ်ခုထုတ်ပြပြီး
ရော့ ဒီမှာ ဦးလေးငါ့ကို မြေပုံ ပေးသွားတယ် သူပြောသေးတယ် တကယ်လို့ သူနဲ့ လူချင်းကွဲသွားရင် မြို့ဟောင်း ကို သွားနိုင်အောင်လို့
တဲ့
Bright - " ဒါဆို ခရီးပြန်ဆက်ကြမယ် "
သူတို့အဖွဲ့လဲ ဂူထဲကနေ အပြင်ကို ထွက်လာကြပြီး မြေပုံကိုင်လျက် မြို့ဟောင်းဆီသို့ ဦးတည်လိုက်တော့သည်
သွားတဲ့လမ်းတစ်လျှောက်မှာ Mike
တစ်ယောက် တဖြည်းဖြည်း အားအင်တွေ ဆုတ်ယုတ်လာတာကို Bright က သတိထားမိပြီး
" သားကြီး ဘာဖြစ်တာလဲ မင်းကြည့်ရတာဖြူရော်လာသလိုပဲ ပြီးတော့ဘာလို့
Film ကို ချီထားတာလဲ သူ့ဒဏ်ရာက နဖူးမှာလေ ခြေထောက်မှာမှ မဟုတ်တာ "
" သူက ချီထားစေချင်လို့ ငါက သူ
နေမကောင်းတော့ ဂရုစိုက်ပေးတာပါ "
Bright ပြောမှ ကျန်တဲ့ လူတွေ Mike ကို ကြည့်လာကြတယ်
Off - " ဟုတ်တယ် သားကြီး မင်းခဏ
နားမလား "
Mike - " ရပါတယ် ငါဘာမှ မဖြစ်ဘူး မိုးမိထားလို့ ဖြစ်မယ် စိတ်မပူနဲ့ ငါ့ကောင်တို့ "
သူငယ်ချင်းတွေအကုန် Mike ကို စိတ်ပူနေကြတဲ့အချိန် Film တစ်ယောက် ပြုံးလိုက်တာကို ဘယ်သူမှ သတိမထားမိကြဘူး
တကယ်တော့ Film က ကျောက်စက်ပန်းဆွဲနဲ့တိုက်မိပြီး မေ့မြောနေကတည်းက မိုးမိလို့ အားနည်းနေတဲ့ Film ရဲ့ကိုယ်ထဲကို မကောင်းဆိုးဝါးက ဝင်ရောက်အစားထိုးပြီး Film အသွင်နဲ့ ဟန်ဆောင်လိုက်တယ်
တနည်းအားဖြင့် ဖုတ်ဝင်သလို ဖြစ်သွားတယ်
နိုးလာကတည်းက Mike နားကမခွာပဲ တချိန်လုံးပူးကပ်နေတာက Mike ဆီကနေ အသွေးအသား အားအင်တွေကို တရစ်ချင်းတစ်ရစ်ချင်းစားသုံးနေလို့ Mike အခုလို ဖြူရော်လာတာပါ
Film ကတော့ ဝိဉာည်အသွင်နဲ့ Mike အနားမှာ ရှိနေပေမယ့် ဘာမှလုပ်လို့မရဘူး
သူကိုယ်၌ကိုက အားနည်းနေတော့
မျက်ရည်တွေပဲစီးကျနေတဲ့ သနားစရာ
ဝိဉာည်ငယ်ကို ချစ်သူအပါအဝင် ကျန်တဲ့သူငယ်ချင်း 7 ယောက်က မမြင်နိုင်
မကောင်းဆိုးဝါးမကို ကိုယ့်ထင်ပြီး ဂရုစိုက်ပေးနေကြတာကို မြင်ရတာ ရင်နာတယ်
အော်ခေါ်ကြည့်တယ် မရဘူး
ထိတွေ့ကြည့်တယ် မရဘူး
အားးးးးးကို
Mike တစ်ယောက် ကို ဆိုတဲ့ အသံကြားလို့ လှည့်ကြည့်ပေမယ့် ဘာမှ မတွေ့လို့ သက်ပြင်းချပြီး ပြန်လှည့်သွား၏
YOU ARE READING
မရဏတော
Fanfictionကမ္ဘောဒီးယားနိုင်ငံရဲ့ ကျိန်စာသင့်ပျောက်ဆုံးနေသောမြို့ဟောင်းထဲကို အလည်ပတ်ရောက်ရှိသွားတဲ့ ထိုင်းနိုင်ငံမှ လူငယ်တစ်စု တောထဲမှာ ဘာတွေကြုံတွေ့ပြီး ဘာဆက်ဖြစ်မလဲဆိုတာ
Part - 2
Start from the beginning
