Mike - " မင်းကွာ မှောင်နဲ့မည်းမည်းဂူထဲမှာ မိန်းကလေးတစ်ယောက်ကို
အဲလိုစ စရာလား "

Gunsmile - " သူက မိန်းကလေးမှ မဟုတ်တာ သရဲလဲ မကြောက်တတ်ဘူးပြောလို့
ငါစမ်းကြည့်လိုက်တာ "

Off က Gunsmile ခေါင်းကို ဆတ်ကနဲ
တစ်ချက်ရိုက်လိုက်ပြီး

" မင်းဂျီးတော် မိန်းကလေး မဟုတ်ရမှာလား
ငါ့လခွီးထဲမှာပဲ "

Gunsmile - " ငါတောင်းပန်ပါတယ်ဟာ "

Mike က သူတို့နဲ့စကားမပြောနိုင် Film ကို ပွေ့ထားပြီး နှိုးနေတယ် ခနနေတော့ Film တစ်ယောက် ဘာမှ မဖြစ်သလို နိုးလာပြီး

" အင်းးအင်းး ကို အသဲ ဘာဖြစ်သွားတာလဲ"

" ဘာမှမဖြစ်ဘူး အသဲ ကိုယ်တို့ Love တို့ဆီ ပြန်ကြမယ် သူတို့ နှစ်ယောက်ပဲ ဆက်ရှာ
ပါစေတော့ ဖြစ်တယ်မလား သားကြီးတို့ "

Off - " ဖြစ်ပါတယ် ပြန်ပါ ငါတို့နှစ်ယောက်ပဲ ဆက်ရှာကြမယ် "

Mike က Film ကို ပွေ့ချီပြီး ပြန်သွားတယ်

Gun တို့ဆီ ပြန်ရောက်တော့

Gun - "ဟာ သားကြီး Film က ဘာဖြစ်တာလဲ နဖူးမှာလဲ သွေးတွေနဲ့ "

Mike လဲ အကြောင်းစုံပြောပြလိုက်တော့

Love က အားနာစွာနဲ့
"Film နဲ့ Mike ရယ် သူ့အစား ငါတောင်းပန်ပါတယ်ဟာ "

Mike - " ရပါတယ် "

" လာ Film ကို ငါဆေးထည့်ပေးမယ်"
Love က ဆေးကျောင်းသူဖြစ်သည့်
အလျှောက်သွားလေရာ emergency case အတွက် ဆေးတွေ သယ်နေကျ

Win - " Gunsmile ကောင် ငါတို့အဖွဲ့ထဲမှာ မျက်နှာအပြောင်ဆုံးကောင် စစရာရှားလို့ "

တအောင့်နေတော့ Off နဲ့ Gunsmile အမောတကောနဲ့ ပြန်လာပြီး

Off - " ဟေ့ကောင်တွေ ငါတို့ရှာတာနှံ့နေပြီး ဦးလေးကို ဘယ်မှာမှ ရှာမတွေ့ဘူး
ထူးဆန်းတယ် "

Love - " ငါတို့ ဒီဂူထဲကနေ ထွက်သွားသင့်ပြီးထင်တယ် အပြင်မှာလဲ မိုးတိတ်သွားပြီး"

Gun - " ဟုတ်တယ် ငါလဲ မနေရဲတော့ဘူး ထွက်ကြမယ် "

Win - " ငါရောပဲ Bright မနေချင်တော့ဘူး ငါမကောင်းတဲ့ အငွေ့အသက်တွေရနေတယ်"

မရဏတောWhere stories live. Discover now