Mike - " အသဲ လဲနေခဲ့လေ ကို ပဲသွားလိုက်မယ် "
Film - " ဟင်အင့် အသဲ လိုက်ချင်တယ် "
Off - " ဒါဆို အချစ် က Love နဲ့ နေရစ်ခဲ့နော်"
Gun - " ဟုတ် ကိုကို "
Off - " ဒါဆို ငါတို့သွားပြီး A Bright ရေ
မင်းမိန်းမကိုပဲ ဂရုစိုက်မနေနဲ့ ငါတို့ဟာလေးကိုလဲ ဂရုစိုက်ပေးဦးကြားလား "
Bright - " စိတ်ချသွား
မင်းတို့မိန်းမလဲ ငါ့မိန်းမပါပဲ
ငါ့မိန်းမလဲ ငါ့မိန်းမပါပဲ "
Mike - " ချီးကောင် A Bright သေနာလေး "
Bright - " အ အ နာတယ် Win လေးရဲ့ သာသာလုပ်ပါဟ ကိုကို့ ဗိုက်လဲ ပေါက်ထွက်သွားဦးမယ် "
Win - " မင်းက ဘာလို့ ချီးစကားပြောလဲ "
Bright - " ကိုကိုက စတဲ့ဟာ "
Win - " မစနဲ့ မကြိုက်ဘူး "
Gun - " Bright မင်းဟာလေ တစ်ရက်လောက်မှ Win ကို မစရရင် စားမဝင်
အိပ်မပျော်ဘူးလား "
Love - " အေးလေ ပြီးရင် သူပဲခံရတာကို "
လူသွားရှာတဲ့ အဖွဲ့မှာလဲ Film တစ်ယောက် မိုးမိပြီးကတည်းက ဖျားချင်သလိုလို
တမှိုင်မှိုင်တတွေတွေ ဖြစ်လာပြီး လူက
အားမရှိသလို ခံစားရတယ်
Mike - " အသဲ ဘာဖြစ်လဲ အားမရှိဘူးလား အသားကလဲ ပူနေသလိုပဲ ဘယ်လိုလုပ်မလဲ လှည့်ပြန်မလား "
Film - " ရပါတယ် ကို ရဲ့ "
သွားရင်းနဲ့ ရုတ်တရက် အနောက်ကို လှည့်ကြည့်လိုက်တော့ မျက်လုံးပြူးပြူး လျှာရဲရဲ ဆံပင်စုတ်ဖွား နဲ့ မျက်နှာကြောင့်
Film - " အားးးး သရဲ သရဲ "
ဆိုပြီး ပြေးသွားတာ အရှေ့မှာရှိနေတဲ့ ကျောက်စက်ပန်းဆွဲကို မတွေ့ဘဲ ဝင်တိုက်မိသွားပြီး
ဒုန်း ဆိုတဲ့အသံနဲ့အတူ လဲကျသွား၏ နဖူးမှာ သွေးတွေစီးကျလျက် မေ့မြောသွားတဲ့
Film ကို
Mike ပြေးလာပြီး
Mike - " အသဲ အသဲ ထပါဦး ကို့ကို
ကြည့်ပါဦး "
ပါးကိုပုတ်ပြီး နှိုးပေမယ့် နိုးမလာဘူး
ခနနေ Gunsmile ရောက်လာပြီး " သူငယ်ချင်း ငါတောင်းပန်ပါတယ်ကွာ
ငါစလိုက်တာပါ အဲလို ဖြစ်ဖို့
မရည်ရွယ်ပါဘူး "
CITEȘTI
မရဏတော
Fanfictionကမ္ဘောဒီးယားနိုင်ငံရဲ့ ကျိန်စာသင့်ပျောက်ဆုံးနေသောမြို့ဟောင်းထဲကို အလည်ပတ်ရောက်ရှိသွားတဲ့ ထိုင်းနိုင်ငံမှ လူငယ်တစ်စု တောထဲမှာ ဘာတွေကြုံတွေ့ပြီး ဘာဆက်ဖြစ်မလဲဆိုတာ
Part - 2
Începe de la început
