ချက်ချက်းမျက်နှာငယ်သွားတဲ့ Bright ကြောင့် တခြားလူတွေလဲ မစရဲကြတော့ဘူး
အဲယုန်ဟာလေ ကပ်စေးကိုနည်းတယ်
တွေ့မယ် ငါနဲ့ လက်ထပ်ပြီးရင် 3ရက်လောက်ကို မထနိုင်အောင် ကြမ်းပစ်မယ် ကြည့်နေ
စိတ်ထဲမှာသာ အဲလိုပြောရဲတာပါ
အပြင်မှာ ပြောကြည့် ခေါင်းကို ဂွက်ခနဲ
ဂွက်ခနဲ မြည်အောင် အခေါက်ခံရမှာမြင်ယောင်သေး
အိပ်ပျော်နေရင် မ ပြေးသွားတာတောင်
မသိတဲ့ယုန်က သူ့နှုတ်ခမ်းကို Bright က
ခိုးခိုးနမ်းနေတာလဲ မသိဘူး
Bright တို့ဘဝက အဲလိုပဲ ခိုးစားရတဲ့ဘဝ
Film - " ကို အသဲ လဲ ဗိုက်ဆာတယ် "
Mike - " ဟုတ်လား စားကြတာပေါ့ "
Mike - " ကဲ အားလုံး မုန့်စားကြမယ် မားမား OK တွေလဲပါတယ် မီးခြစ်လဲပါတယ်
အိုးတွေလဲပါတယ် နောက်ကျရင် ပြုတ်စားမယ် အခုတော့ ဒီပေါင်မုန့်လေးပဲအရင်စား "
Gunsmile - " Love လေး ထ ထ မောင့်ပေါင်ပေါ်ကနေ ခဏထဦး မုန့်သွားယူ
လိုက်မယ် "
Love - " ဟုတ် မောင်
ရေပါယူလာပေးနော် မောင် "
သူတို့အတွဲတွေကိုယ်စီက နည်းနည်းလှမ်းလှမ်းမှာထိုင်နေကြသည်
Off - " အချစ် မချမ်းတော့ဘူးမလား
ဗိုက်ဆာပြီးလား မုန့်စားကြမယ်လေ "
Gun - " အွန်း ကိုကို အချစ်ဗိုက်ဆာနေတာ
နဲ့အတော်ပဲ "
Off - " OK ခဏစောင့် "
သူတို့ သူငယ်ချင်း ရှစ်ယောက်စလုံး
စားသောက်နေကြတုန်း Off ကနေမှ
" ဦးလေး သွားတာ ကြာပြီးနော် အခုထိလဲ ပြန်မလာသေးဘူး ဘာဖြစ်နေပြီးလဲမသိဘူး "
အေး ဟုတ်သား အခုမှ သတိရတယ်
ဘယ်လိုလုပ်ကြမလဲ
သွားရှာကြည့်မလား
" ဦးလေးက ဒီနေရာကနေ မခွာနဲ့လို့
ပြောထားတယ်မလား "
Gun - " ဒါပေမယ့် သူတစ်ခုခုဖြစ်နေရင် ဘယ်လိုလုပ်မလဲ "
Mike - " BrightWin နဲ့ Gunlove မင်းတို့ ဒီမှာ နေခဲ့ ငါတို့ လေးယောက် သွားရှာလိုက်မယ်
Bright - "OK ဂရုစိုက်သွားနော် ငါ့ကောင်တို့"
Gunsmile - " ငါသွားချင်တယ် Love လေးနေခဲ့နော် မောင် လိုက်သွားလိုက်မယ် "
YOU ARE READING
မရဏတော
Fanfictionကမ္ဘောဒီးယားနိုင်ငံရဲ့ ကျိန်စာသင့်ပျောက်ဆုံးနေသောမြို့ဟောင်းထဲကို အလည်ပတ်ရောက်ရှိသွားတဲ့ ထိုင်းနိုင်ငံမှ လူငယ်တစ်စု တောထဲမှာ ဘာတွေကြုံတွေ့ပြီး ဘာဆက်ဖြစ်မလဲဆိုတာ
Part - 2
Start from the beginning
