Love နဲ့ Film က မိန်းကလေးပီပီ
လမ်းတစ်လျှောက်လုံး တောပန်းလေးတွေ
ခူးလိုက် ပန်လိုက် ပစ်ပေါက်လိုက်နဲ့
ဆော့နေကြသည်
မိန်းကလေး ဆိုပေမယ့် တကယ့်အကြမ်းပတမ်းတွေ အကြောက်အလန့်မရှိ သရဲဆိုတာ ဦးနှောက်ထဲမှာတောင်မရှိဘူး
8 ယောက်ထဲမှာ သရဲကြောက်တတ်တာဆိုလို့ Win နဲ့ Gun ပဲရှိတယ်
Gun က သရဲကြောက်တတ်ပေမယ့် ဘာသာမဲ့ဆိုတော့ ပရိတ်ကြိုးတို့ ပရိတ်ရေတို့ကို အယုံအကြည်မရှိဘူး
ကိုယ့်လူလက်ကို ကိုယ်စီတွဲ ပြီး တောလမ်းတစ်လျှောက် စလိုက် နောက်လိုက် နဲ့
ပျော်ရွှင်နေကြ၏ ရာသီဥတု သာယာရာ
ကနေ ရုတ်ချည်းဆိုသလို ကောင်းကင်ကြီးဟာ မှောင်မဲလာပြီး လျှပ်စီးလက် လေးပြင်းတိုက်ကာ မိုးခြိမ်းသံက တောကြီးတစ်ခုလုံးကို ပျံ့နှံ့ကာ ကောင်းကင်ပြိုမလို မိုးက
သည်းကြီးမည်းကြီး ရွှာချလိုက်သည်
ဂျိန်းးး ဂျိန်းးး
ဝေါ ဝေါ ဝုန်းးး ဝုန်းး ဒိုင်းးဒိုင်းးး
ဦးလေး - " မိုးရွှာပြီး ပြေးပြေး "
Gunsmile - " ဟာ ဒီမသာမိုးကလဲအချိန်အခါမဟုတ် မိုးရာသီလဲမဟုတ်ဘဲနဲ့ "
တောထဲကလူတွေလဲ ရုတ်ရုတ်သဲသဲ နဲ့ ဝရုန်းသုန်းကား ဖြစ်ကုန်ပြီး မိုးခိုဖို့နေရာရှာပြေးလေတော့သည် အရှေ့မလှမ်းမကမ်းနားမှာ ကျောက်ဂူလေးတွေတော့
Gun - " ဟာ ဟိုမှာ ကျောက်ဂူ ပဲ
အဲထဲဝင်ကြမယ် "
ဦးလေး - " နေဦးကလေးတို့ ရမ်းသမ်း
မဝင်ကြနဲ့ဦး "
Off - " ဟာ မဝင်ရင် ကျွန်တော်တို့ စိုကုန်မှာပေါ့ မိုးအစိုမခံနိုင်ဘူး အပြင်မှာ ဒီလောက်ကမ္ဘာပျက်နေတာကို "
ပြောပြီး ချက်ချင်း ဂူထဲ အလျှိုလျှို ပြေးဝင်သွားကြသော ကလေးတွေကို ကြည့်ပြီး လမ်းပြဦးလေးကြီးတစ်ယောက် ခေါင်းခါရုံပဲတတ်နိုင်တော့သည်
" အင်းး ခေတ်လူငယ်တွေ တယ်လဲ ခေါင်းမာကြသကိုး "
ပြောမရတော့လဲ သူပါလိုက်ဝင်သွားတယ်
ပိန်းပိတ်အောင်မှောင်မည်းနေတဲ့ဂူထဲကို
ဖုန်းမီးနဲ့ အလင်းခွင်းလိုက်သောသကာလ ကိုယ့်အနီးပတ်လည်လောက်ကိုတော့
မြင်တယ်ဆိုရုံလေး မြင်ကြတယ်
YOU ARE READING
မရဏတော
Fanfictionကမ္ဘောဒီးယားနိုင်ငံရဲ့ ကျိန်စာသင့်ပျောက်ဆုံးနေသောမြို့ဟောင်းထဲကို အလည်ပတ်ရောက်ရှိသွားတဲ့ ထိုင်းနိုင်ငံမှ လူငယ်တစ်စု တောထဲမှာ ဘာတွေကြုံတွေ့ပြီး ဘာဆက်ဖြစ်မလဲဆိုတာ
Part - 2
Start from the beginning
