တိုတိုရဲ့တိတိ

2.2K 253 25
                                    

တိတိလေးငယ်ငယ်တုန်းက ဘေးအိမ်ကအစ်မကြီး ကာပူချီနို ခဏဏလေပစ်နေလို့ ကြားဖူးနေကျ စကားတစ်ခွန်းရှိတယ်။

VPNကျော်ရင် ရက်၁၀၀banခံရမှာဖြစ်ပြီး friend zoneကျော်ရင် တသက်တာအbanခံရမယ်တဲ့။

ဒါဆို ညီအစ်ကိုဇုန်လိုလို ဆရာတပည့်ဇုန်လိုလို မသေချာမရေရာဖြစ်နေတဲ့zoneကို ကျော်လိုက်ရင်ရော။

တိတိလေး ဘာမှမသိဘူး။ တိတိသိတာ တိုတိုပဲရှိတယ်။ ပြီးတော့ ဝဝပြည့်ပြည့်လေးကိုချစ်ရင် ပြည့်ပြည့်ဝဝလေးအချစ်ခံရမယ့်အကြောင်း တိုတို့ကိုပြောပြချင်တယ်။

တိုတို့နာမည်က ရှောင်းကျန့်။ တိတိအသက်၇နှစ်မှာ ဘေးအိမ်ကို ပြောင်းလာတယ်။ မမကာပူချီနိုတို့မိသားစုပြောင်းသွားတဲ့အိမ်လေးပေါ့။ စတွေ့တုန်းကတော့ တိုတိုက ဘေးအိမ်က ကလေးလေးမို့ ညီလေးလိုချစ်လိုက်ရတာဆိုပြီး ပြောတယ်။ တိတိအသက်၁၀နှစ်ရောက်တော့ စာတော်တဲ့တိုတိုက တိတိကို အလကားစာလာသင်ပေးတယ်။

မာမားက တိတိကို ငယ်ငယ်လေးထဲက ဆုံးမထားတာရှိတယ်။ လောကမှာ အလကားရတာဆိုလို့ လေပဲရှိတယ်တဲ့။ ဘာမှအလကားမယူရဘူး။ ကိုယ့်ကိုကျေးဇူးပြုတဲ့သူကိုလဲ ကျေးဇူးပြန်ဆပ်ရမယ်တဲ့။

တိတိတွေးတယ်။ တိတိက ကလေးလေး။ လက်ထဲမှာ ပိုက်ပိုက်တပြားမှ မရှိဘူး။ တိတိမှာရှိတာဆိုလို့ ချိုချဉ်ပြားလေးတွေပဲရှိတယ်။

"အွင့် တိုတို ချိုချဉ်တစ်ထုယူ"

တိတိက ကပ်စီးနဲတယ်။ ဒါပေမယ့် တိုတို့အတွက်ဆို တိတိဝှက်ထားတဲ့ ရောင်စုံချိုချဉ်လေးတွေ ပေးလေ့ရှိတယ်။ တိုတိုက တိတိလက်ဖဝါးသေးသေးလေးထဲက ချိုချဉ်ရောင်စုံလေးတွေကို ကြည့်ရင်း အနီရောင်လေးကို ရွေးယူလိုက်တယ်။

နောက်နေ့တွေမှာလဲ တိုတိုက အနီရောင်ချိုချဉ်ပြားလေးကိုပဲ ယူတယ်။ တိုတိုကြိုက်တာ ချတော်ဘယ်ရီချိုချဉ် ချိုချဉ်ချတော်ဘယ်ရီလို့ တိတိစိတ်ထဲမှတ်ထားလိုက်တယ်။

အပြုံးချိုချိုလေးနဲ့ ယုန်တိုတိုရဲ့ ချတော်ဘယ်ရီလူသားလေး ဖြစ်ချင်မိတယ်။ ပြီးတော့ ချတော်ဘယ်ရီချိုချဉ်လေးတွေက နီရဲရဲလေး။ တိုတိုရော တိတိရဲ့နီတာရဲပါးဖောင်းဖောင်းအိအိလေးတွေကို မကြိုက်ဖူးလား။

You've reached the end of published parts.

⏰ Last updated: Jun 01, 2021 ⏰

Add this story to your Library to get notified about new parts!

တိုတိုရဲ့တိတိWhere stories live. Discover now