part-22(🔞🔞🔞)

Comenzar desde el principio
                                    

ဒါပေမဲ့ ကိုယ်ငယ့်ဆီကို သေချာပေါက်ပြန်လာခဲ့မှာပါ  ငယ်စောင့်နေမယ်မလား ဟင် ကိုယ့်ကို အချိန်သုံးလပေးပါ ငယ် ကိုယ်အမြန်ဆုံးပြန်လာခဲ့မယ်

ကိုယ်နဲ့ငယ် လက်ထပ်မဲ့အိမ်လေးမှာ ပဲ ကိုကို့ကို စောင့်နေနော်....

                   ငယ့်ရဲ့ ကိုကို 💬............

စာကြောင်းဆုံးအောင်ဖတ်ဖို့ ငယ်မနည်းအားတင်းထားရတာ ကိုကိုသိလား ငယ့်ကို မခွဲနိုင်ပါဘူးဆို  ဘာဖစ်လို့ ငယ့်ကိုတစ်ယောက်ထဲထားခဲ့ရတာလဲ ငယ်မရှိရင် မနေနိုင်ပါဘူးဆို
ငယ်မရှိတဲ့ အရပ်မှာကိုကိုဘယ်လိုများ နေမှာလဲ
ကိုကိုငယ့်အပေါ်မကောင်းဘူး  နှုတ်ဆက်အနမ်းလေးတောင်မပေးသွားဘူးနော်  ဒါပေမဲ့ ကိုကိုငယ့်ဆီ ပြန်လာမယ်မလား ငယ်စောင့်နေမှာသိလား
တိုက်ဆိုင်လိုက်တာ ကိုကိုရယ် ဒီနေ့က ဇွန်လ 1 ရက်နေ့လေ
ကိုကိုငယ့်ကို ထားခဲ့တာ ဇွန်လ 1 ရက်နေ့ဆို စက်တင်ဘာ 1ရက်နေ့ဆို ငယ့်ဆီ ပြန်လာရမယ်နော်
ငယ်စောင့်နေမှာ သိလား

အဲ့ဒီနေ့ကဆေးရုံအခန်းငယ်လေးရဲ့ထောင့်မှာ ကျူံ့ကျူံ့လေးထိုင်ကာ ငိုကြွေးနေတဲ့ ကောင်ကလေးတစ်ယောက်ရယ်

လေဆိပ်မှာ ထိုင်ရင်းမျက်ရည်ကျနေတဲ့ ကောင်လေးတစ်ယောက် လည်းရှိနေသည်

...........

ဇွန် 3

ကျွန်တော်ဆေးရုံက ဆင်းလာခဲ့ပြီး ကိုကိုစာထဲမှာရေးထားတဲ့ အတိုင်း  ကိုကိုရဲ့ အဖိုးပိုင်တဲ့အိမ်ကိုကျွန်တော်ပြောင်းရွှေ့လာခဲ့ သည်

* ကိုကို ငယ်ဒီအိမ်ကြီးထဲမှာ ကိုကိုကို့သေချာပေါက်စောင့်နေမယ်နော် *

အိမ်ကြီးကမနေတာကြာတော့ ကျွန်တော်သန့်ရှင်းရေး အရင်လုပ်ရသည် မြို့နဲ့အနည်းငယ်အလှမ်းဝေးတော့ လိုအပ်တဲ့ပစ္စည်းတွေ ကျွန်တော်အစုံယူလာခဲ့လိုက်သည်

ပစ္စည်းတွေကို နေရာချပြီး ကျွန်တော့်အဖို့ အခန်းတစ်ခန်းကိုရွေးလိုက်တော့ လှေကားရင်းထောင့်က အခန်းလေးမှာနေဖို့ကျွန်တော်ဆုံးဖြတ်လိုက်သည်  

အားလုံးပြင်ဆင်ပြီးချိန်မှာ ကျွန်တော်လဲ ပင်ပန်းသွားတာနဲ့ တစ်ရေးတစ်မောအိပ်ချလိုက်လေသည်

My Author (complete)Donde viven las historias. Descúbrelo ahora