""""""""""""""""""""""""""""

ရှောင်းကျန့်အရှင့်ကို နဂါးဝတ်ရုံဝတ်ပေးနေရင်း အလုပ်ရှုပ်နေရသည်။

"ငြိမ်ငြိမ်နေလေ အရှင်ရယ်"

"ကိုယ်ဘာလုပ်လို့လဲ"

"ခေါင်းနည်းနည်းငုံ့ပေး"

"အနမ်းမခံနိုင်ဘူးနော်"

"ဘယ်သူကနမ်းမယ်လို့ပြောလို့လဲ ဆံထိုးတပ်ပေးမလို့ပါဆို အရှင်ကလည်း"

"မသိပါဘူး ညကလို အတင်းနမ်းမယ်ထင်လို့"

"အရှင်နော်"

"ဟားးးးး"

"ပြီးပါပြီ ညကျစောစောလာခဲ့နော်"

"ကိုယ် သိပြီ ပြွတ်စ်"

အရှင်ထွက်သွားပြီးနောက် ရှောင်းကျန့်ပြုံးနေမိသည်။

"ပျော်နေတဲ့ပုံပါပဲ ကြင်ယာတော်ရှောင်း"

ယွီအာ လာစမှ ရှောင်းကျန့် သူဘယ်လောက်ပြုံးနေမိမှန်း သဘောပေါက်တို့သည်။

"အဲ့လောက်တောင်သိသာလား"

"အရှင်က ကြင်ယာတော့်ကိုအရမ်းချစ်တာပဲ ဒီလောက်တော့ ပျော်နေသင့်ပါတယ်"
.
.
.
.
.
.
.
.
.

ညီလာခံဆောင်တော်တွင်...

တိုင်းပြည်ရေးရာအဖြာဖြာကိုဆွေးနွေးတိုင်ပင်နေကြသည်။

"ဒီနှစ်မှာ ကျင်းပရမယ့် မှော်ဆရာပြိုင်ပွဲကို ကြီးကြပ်ဖို့ မိဖုရားတစ်ပါးကို အရှင်ရွေးချယ်ပေးပါ အရှင်"

"ဒီနှစ်အတွက်တော့ မိဖုရားယွင်ချီကိုပဲ စေလွှတ်လိုက်တော့"

"ကျွန်တော်မျိုးအထင်တော့ ဒီနှစ်အတွက် အတွေ့ကြုံရအောင် ကြင်ယာတော်ရှောင်းကို စေလွှတ်သင့်တယ်လို့ထင်ပါတယ်"

"ဒီနှစ်က မြို့တော်အတွက်သာမကဘဲ ပြည်လုံးကျွတ်ကျင်းပတဲ့ မှော်ပြိုင်ပွဲကို မိဖုရားတစ်ပါးမဟုတ်ဘဲ ကြင်ယာတော်တစ်ပါးကို စေလွှတ်ရမယ့် အကြောင်းပြချက် ကိုယ်တော့်ကိုပြောပြစမ်း"

အရှင့်ရဲ့လေသံမာလာတာနဲ့ အမတ်ချုပ်ကြီးချွေးပျံလာသည်။

Empress XiaoWhere stories live. Discover now