ရှောင်းကျန့်နီရဲရဲမဂ်လာဝတ်စုံကိုဝတ်ဆင်ထားပြီး ခေါင်းထက်မှာမဂ်လာပဝါစကိုအုပ်မိုးထားသည်။

'ဟားးး အဲ့ကောင်ကခေါင်းမှာပဝါနီဆောင်းရမယ့်ကောင်လေ'
'အဟွန့် ယောကျာ်းကြီးဖြစ်ပြီး ကလေးမွေးရမှာ'
'ငါသာ မဂ်လာပဝါဖွင့်လို့ ယောကျာ်းကြီးကိုမြင်ရရင် ဓားနဲ့ခုတ်ပစ်မှာ'

ရှောင်းကျန့်ရုတ်တရက် သူ့ခေါင်းထဲဝင်လာတဲ့ အတွေးတွေကြောင့် လက်သီးကိုတင်းတင်းဆုပ်လိုက်မိသည်။
မကြာခင်သူက ရှန်ဧက္ကရာဇ်ရဲ့ တရားဝင်ဇနီးဖြစ်တော့မှာ။ နောင်မှာသူဟာ ရှန်ဧက္ကရာဇ်ရဲ့အချစ်ဆုံး မင်းသားဖြစ်လာမှာ..အနာဂတ်ရှန်ဧက္ကရာဇ်လောင်းရဲ့ မိခင်ဖြစ်လာမှာ။
အဲ့ခါကျမှ သူ့ကိုလှောင်ပြောင်ခဲ့တဲ့သူတွေအတွက် ထိုက်တန်တဲ့ အပြစ်ကိုသူပြန်ပေးမယ်။
ယောကျာ်းတစ်ယောက်ရဲ့ဖြစ်တည်မှုအားလုံးကို လှောင်ပြောင်စော်ကားခဲ့တဲ့ သူတွေကိုသူလုံးဝခွင့်မလွှတ်နိုင်ဘူး။
မဖြစ်မနေဒီလမ်းကိုလျှောက်ရမယ်ဆိုရင်တောင် သူကအားလုံးရဲ့အထက်မှာရှိနေမှရမှာ။

"မိဖုရားအဆင်သင့်ဖြစ်ရင် ထွက်လာခဲ့လို့ရပါပြီ"

အခုမှ ရှောင်းကျန့်ရဲ့အတွေးက လက်ရှိကာလကိုပြန်ရောက်လာည်။
ရှောင်းကျန့်ကို ယွီအာနဲ့အထိန်းတော်တစ်ယောက်က ဘေးကနေကူတွဲပေးပြီး နတ်မြင်းလေးကောင်ဆွဲတဲ့ မဂ်လာလှည်းပေါ်တင်ပေးလိုက်သည်။
နတ်မြင်းလှည်းကတရွေ့ရွေ့နဲ့ မဂ်လာတောင်တော်ဆီကို ဦးတည်ပျံသန်းနေတော့သည်။

"မဂ်လာသတို့သား ကြွချီလာပါပြီ"

အရှငအရှင်ကတောင်ထိပ်ပေါ်မှာရှိ​နေပြီး ရှောင်းကျန့်ကအကူနှစ်ယောက်နှင့်အတူတူတက်လာခဲ့သည်။

"မိုးမြေကို အရိုသေပြုကြပါ"

"အစောင့်ရှောက်နတ်ဒေဝါတွေကို အရိုသေပြုကြပါ"

"အုပ်ထိန်းသူအကြီးကဲတွေကို အရိုသေပြုကြပါ"

"မဂ်လာမောင်နှံ တစ်ဦးနဲ့တစ်ဦး အရိုသေပြုကြပါ"

မဂ်လာပွဲကျင်းပတဲ့ အကြီးမှူးရဲ့စကားအဆုံး နှစ်ဦးနှစ်ဖက်အပြန်လှန်အရိုသေပြုလိုက်ကြသည်။

Empress XiaoWhere stories live. Discover now