My hockey player 🏒 Ep2

491 47 0
                                    

renjun, renjun, renjun" ခေါသံကြောင့်အိပ်ချင်မူးတူးနဲ့ထထိုင်လိုက်ရသည်

"ဘယ်သူလဲကွာငါအိပ်နေတာကွာအလိုက်ကန်းဆိုးကိုမသိဘူး"ဆိုပီးrenjunတစ်ယောက်အော်လိုက်တယ်

"ငါပါ renjun ရယ် Lee haechan "

"မင်းဘိုးအေမလို့အစောကြီးလာ‌နိူးနေတာလား"

"မစောတော့ဘူးဟေ့ကောင်နေဖင်ထိုးနေပီ"

"နေဖင်ထိုးယုံမကဖင်ထဲ၀င်၀င်မင်းအပူပါလား သွားကွာမင်းငါအိပ်ချင်သေးတယ်"လို့ပြောပီးစောင်ခေါင်းမူးခြုံလိုက်ပေမဲ့လက်က‌ေနပြန်ဆွဲခံလိုက်ရတာမလို့ပြန်ထိုင်လိုက်ရတယ်

"ငါနဲ့အပြင်သွားမယ်အခုထတော့"

"မင်းအပြင်သွားတာငါနဲ့ဘာဆိုင်လဲကိုယ့်ခြေထောက်နဲ့ကိုယ်သွားပါလား"

"မင်းအဖော်လိုက်ပေးလေကွာ ငယ်ချင်းကလဲ"

Lee haechan တို့ကလိုအပ်ရင်ရုံပတေသီးအသံနဲ့ချွဲတက်သည်👍

"ဘယ်သွားမာမင်းက"

"သင်တန်းသွားမလို့"

"ဘာသင်တန်း"

"Hockey သင်တန်း"

Hockey လို့ပြောလိုက်တော့renjunတစ်ယောက်မနေ့ကကောင်လေးကိုသတိရလာတယ်

"ဘယ်တော့သွားမာ"

"ဆယ်နာရီ"

"ပီးတာဘဲအောက်မာစောင့်နေငါရေချိုးပီးဆင်းလာခဲ့မယ်"

"အေးမြန်မြန်လုပ်နော်"

Renjunတစ်ယောက်‌‌ေရချိုးပီးရာသီဥတုပူတာနဲ့အဝါရောင် T-shirt နဲ့ ဒူးဖုံးတဲ့ဂျင်းဘောင်းဘီအပြာနုလေးနဲ့ဦးထုပ်အဖြူရောင်ဆောင်းပီးဆင်းလာတယ်

"ဟေ့ကောင်haechanသွားမယ်"

"အင်း go go "

ဟိုရောက်တော့သင်တန်းအပ်ပီးလေ့ကျင့်တဲ့နေရာကိုရောက်လာတယ်

Haechanကတော့မုန့်၀ယ်ပေးပီးဒီမာထိုင်စောင့်ခိုင်းတယ် မနက်စာမစားရသေးတာနဲ့အတော်ဘဲ

ခနကြာတော့လူတစ်ယောက်ကျွန်တော့်နားလာထိုင်တယ် ကျွန်တော်တစ်ချက်ကြည့်ပီးမုန့်ဆက်စားလိုက်တယ်

ငါးမိနစ်ကြာတော့အဲ့လူကကျွန်တော့ကိုစကားပြောလာတယ်

"တစ်ယောက်ထဲဘဲလား"

ကျွန်တော်လဲဘေးဘက်ကိုလိုက်ကြည့်လိုက်တယ်သူဘယ်သူ့ကိုပြောနေတာလဲဆိုပီး

အဲ့လူကပြန်ပြောလာတယ်

"မင်းကိုမေးတာကလေး"

"ဟမ် ကျွန်တော့ကိုလား"

"ဒီမာမင်းနဲ့ကိုယ်ဘဲရှိတာလေ ကလေးရဲ့"

"အာာာဟုတ်သားဘဲ👀"

"ဒါနဲ့ကျွန်တော့ကိုသိလို့လား"

အဲ့လူဘာမှမပြော ခနနေတော့ mask နဲ့ဦးထုပ်ကိုချွတ်ပီး ကျွန်တော့ဘက်လှည့်လာပြောတယ်

"ကိုယ့်ကိုမမှတ်မိဘူးလား jun?"

ဟင် သူကျွန်တော့နာမည်သိနေတယ်

ကျွန်တော်လဲသူ့မျက်နှာက်ုကြည့်လိုက်တော့အရမ်းအံ့ဩသွားတယ်

ပါးစပ်ကနေပီးတော့

"Na jaemin" လို့ဆိုပီးပြောမိလိုက်တယ်
......................................................................................................................

Thanks for reading 💖🙏
TBC,🌻

My Hockey Player( Complete)Where stories live. Discover now